ကမ္ဘာကြီးပေါ်မှာ အကြင်နာတရားတွေ မခမ်းခြောက်သေးဘူးဆိုတာ သက်သေပြနေတဲ့ ပုံများ

ပရိသတ်ကြီးရေ တစ်ယောက်နဲ့ တစ်ယောက် အမုန်းမပွားစေဖို့အတွက် အကြင်နာတရားတွေ ရှိကြဖို့လိုပါတယ်နော် ။ တစ်ဦးနဲ့ တစ်ဦး ခံယူချက်ချင်း မတူရင်တောင် အကြင်နာတရားကို လက်ကိုင်ထားရင် အမြဲအေးချမ်းနေစေမှာ အသေအချာပါပဲ ။ ဒါ့ကြောင့် အခုတစ်ခေါက်မှာတော့  ကမ္ဘာတစ်ဝှမ်းက ကြည့်လိုက်တာနဲ့ ပီတိဖြစ်သွားစေမယ့် ပုံလေးတွေကို ဖော်ပြပေးမှာမို့ တစ်ပုံချင်းစီကို ဖတ်ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ တိရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့ စစ်သား

ပုံထဲက အမေရိကန် စစ်သားတစ်ယောက် ကတော့ တိရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့သူ ဖြစ်မယ်ထင်ပါတယ် ။ သူဟာ စစ်သားတစ်ယောက်ဖြစ်တဲ့အတွက် အပြင်ပန်းမှာ မာကျောခက်ထန်ပေမယ့်လည်း အတွင်းစိတ်ထားကတော့ နူးညံ့တယ်ဆိုတာ ဒီပုံလေးကို ကြည့်တာနဲ့ သိသာနိုင်ပါတယ် ။ shwekhitonlinetv.com

၂။ လေးစားစရာ ကောင်းလှတဲ့ မီးသတ်သမား

အခုမြင်နေရတာကတော့ အီရန်နိုင်ငံက မီးသတ်သမား တစ်ယောက်ဟာ မီးလောင်နေတဲ့ အိမ်ထဲက ကလေးတစ်ယောက်ကို သူ့ရဲ့ အောက်စီဂျင် mask တပ်ပေးပြီး ကယ်လာခဲ့တာပဲ ဖြစ်ပါတယ် ။ သူဟာ ဒီမီးလောင်မှု အတွင်းမှာ လူ ( ၄ ) ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပေမယ့်လည်း အချိန်အကြာကြီး ကယ်တင်ခဲ့ရတာကြောင့် သူ့ရဲ့ ဦးနှောက်သေတဲ့ ရောဂါကို ခံစားသွားခဲ့ရပါတယ် ။ shwekhitonlinetv.com

၃။  ရေနစ်နေတဲ့ သိုးလေးကို ကယ်တင်နေတဲ့ အမျိုးသား ( ၂) ယောက်

ဒါကတော့ နော်ဝေးနိုင်ငံက ရေစီးကြောင်းတစ်ခုထဲ မျောပါနေတဲ့ သိုးလေးကို ကယ်ဆယ်ဖို့ ကြိုးစားနေတဲ့ အမျိုးသားတွေရဲ့ ပုံပဲ ဖြစ်ပါတယ် ။ နောက်ဆုံးမှာတော့ သူတို့ဟာ သိုးလေကို ခဲရာခဲဆစ်နဲ့ အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ပါတယ် ။ shwekhitonlinetv.com

၄။ အားကျရတဲ့ ဘောလုံးသမားနာမည်ကို ကျောပြင်မှာ ရေးဆွဲခဲ့တဲ့ ကလေး

ဒီပုံလေးကတော့ မီဒီယာ စာမျက်နှာတွေပေါ်မှာ နာမည်ကြီးသွားခဲ့တဲ ပုံလေးတစ်ပုံ ဖြစ်ပါတယ် ။ ဆင်းရဲသားရပ်ကွက်ထဲက ကလေးတစ်ယောက်ဟာ ဘောလုံးအကျီ မဝယ်နိုင်လို့ သူ အားပေးတဲ့ ဘောလုံးသမားရဲ့ နာမည်နဲ့ ဂျာစီနံပါတ်ကို ကျောပြင်မှာ ဘောပင်နဲ့ ရေးဆွဲထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅။ ကြင်နာတတ်တဲ့ ကလေးလေး

အခု ပုံလေးကတော့ အိန္ဒိနိုင်ငံက ကျောင်းသူလေး တစ်ဦးဟာ သူမ မှာ ပါလာတဲ့ မုန်နဲ့ ရေတွေကို အိမ်ခြေယာမဲ့ဖြစ်နေတဲ့ အဘိုးအို လင်မယားကို ပေးနေတာပဲ ဖြစ်ပါတယ် ။ ကလေးအရွယ်သာ ရှိပေမယ့်လည်း သူမရဲ့ ကြင်နာတတ်တဲ့ စိတ်ကလေးကတော့ တစ်ကယ့်ကို ချီးကျူးချင်စရာပါ ။ shwekhitonlinetv.com

၆။ မျက်ရည်ယိုဗုံးထိသွားတဲ့ ခွေးလေးကို ကုပေးနေသူများ

ဒါကတော့ တူရကီနိုင်ငံ က ဆန္ဒပြပွဲတစ်ခုမှာ မျက်ရည်ယိုဗုံး ထိသွားတဲ့ ခွေးလေးကို သက်သာအောင် ကုပေးနေကြတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၇။ သူငယ်ချင်း အချင်းချင်း ဖေးမနေတဲ့ ပုံလေး

ဒီပုံထဲက ကလေးလေးတစ်ယောက်ဟာ ဦးနှောက်အမြှေးရောင် ရောဂါကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေ မသန်စွမ်း ဖြစ်သွားခဲ့ရတာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း သူ့ရဲ့ သူငယ်ချင်းဖြစ်သူတွေက ကျောင်းမှာ စိတ်ဓာတ်မကျပဲ ပျော်နေဖို့အတွက် ဘေးကနေ အားပေး ပေးနေတာလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကမ္ဘာကြီးပေါ်မှာ အကြင်နာတရားတွေ မခမ်းခြောက်သေးဘူးဆိုတာ သက်သေပြနေတဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး အကြောင်းအရာလေးတွေကို ရှာဖွေ တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply