ဝတ်ဆင်သူ တော်ဝင်မျိုးနွယ်မှန်သမျှကို အသက်ဆုံးရှုံးစေခဲ့တဲ့ ကျိန်စာသင့်သရဖူ

တော်ဝင်မျိုးနွယ်တွေမှာ မရေမတွက်နိုင်တဲ့ မြောက်များလှစွာသော ကျောက်မျက်ရတနာတွေ ရှိတယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒီလို ကျောက်မျက်ရတနာပေါင်း များစွာရှိတဲ့အထဲကမှ ဝတ်ဆင်သူမှန်သမျှကို ဒုက္ခပေးခဲ့တဲ့ ကျိန်စာသင့်နေတဲ့ သရဖူတခု ရှိခဲ့ပါတယ်။ ဒါဟာ ကျောက်မျက်ရတနာတွေနဲ့ ပက်သက်တဲ့ ကျိန်စာလားဆိုတာကိုတော့ ဒီနေ့အထိ ဘယ်သူမှအဖြေမရှာနိုင်သေးပါဘူး။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် တော်ဝင်မိဖုရားနဲ့ မင်းသမီးတွေအတွက် ကျိန်စာသင့်စေခဲ့တဲ့ သရဖူတခုအကြောင်းကို အခုပဲ ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

စတော်ဘယ်ရီသစ်ရွက်သရဖူလို့ တင်စားခေါ်ဝေါ်ကြတဲ့ ကျိန်စာသင့်သရဖူတခုရဲ့ သမိုင်းကြောင်းဟာ ပုံပြင်ဆန်သလို ကြောက်စရာလည်းကောင်းလှပါတယ်။ သရဖူရဲ့ အစကတော့ မင်းသား အဲလ်ဘက်ဟာ သူ့ရဲ့ သမီးတော်လေး မင်းသမီးအဲလစ်ရဲ့ မင်္ဂလာဦးလက်ဆောင်အဖြစ် ကိုယ်တိုင်ဒီဇိုင်းဆွဲပြီး ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ကံဆိုးစွာပဲ မင်းသားကြီးဟာ သမီးတော်လေးမင်္ဂလာဆောင်မတိုင်ခင်မှာပဲ သေဆုံးခဲ့တာကြောင့် မိန်းမဖြစ်တဲ့ ဗစ်တိုးရီးယားဘုရင်မကြီးကပဲ သရဖူကို ချီးမြှင့်ခဲ့ရပါတယ်။ shwekhitonlinetv.com

မင်းသမီး အဲလစ်ဟာ ကျိန်စာသင့်သရဖူကို ဝတ်ဆင်ကာ မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့ပြီးနောက် သူမနေထိုင်ရာ နေရာသစ်ကို ယူဆောင်သွားခဲ့ပါတယ်။ ကံဆိုးမှုတွေ စတင်လာတဲ့ အချိန်မှာတော့ မင်းသမီးလေးဟာ သူမအဖေ မင်းသားကြီး အဲလ်ဘက် သေဆုံးပြီး ၁၇ နှစ်အကြာ တူညီတဲ့ တရက်တည်းမှာပဲ သေဆုံးခဲ့ပါတယ်။ ဆုံဆို့နာဆိုတဲ့ ရောဂါကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ မင်းသမီးဟာ အသက် ၃၅ နှစ်ရှိပြီဖြစ်ပါတယ်။​ ဝမ်းနည်းစရာကောင်းတာကတော့ မင်းသမီးအဲလစ်အပြင် သူမရဲ့ သမီးတော်တွေထဲက တယောက်ဖြစ်တဲ့ မင်းသမီးမာရီလေးလည်း သေဆုံးခဲ့ပါတယ်။ shwekhitonlinetv.com

မင်းသမီးသေဆုံးပြီးနောက် သူမရဲ့သားတော် အာ့ဆဒ် က ထိုကျိန်စာသင့်သရဖူကို ဆက်လက်ထိန်းသိမ်းပေးခဲ့ပြီး Hessian မြို့စားအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ထို့နောက် ၁၈၉၄ ခုနှစ်မှာ အာ့ဆဒ်က သူ့ရဲ့တဝမ်းကွဲမောင်နှမဖြစ်တဲ့ မင်းသမီး ဗစ်တိုးရီးယားမယ်လီတာ ကို လက်ထပ်ခဲ့ပါတယ်။ မင်းသမီး ဗစ်တိုးရီးယားမယ်လီတာ ဟာ သူမတို့ရဲ့ လမ်းခွဲပြတ်ဆဲခြင်းမဖြစ်ခင် ၁၉၀၁ ခုနှစ်အထိ ကျိန်စာသင့်သရဖူကို မကြာခဏဝတ်ဆင်လေ့ရှိပါတယ်။ shwekhitonlinetv.com

ပထမအိမ်ထောင်နဲ့ လမ်းခွဲပြတ်ဆဲပြီးနောက် အာ့ဆဒ်ဟာ ဒုတိယအိမ်ထောင်ဖြစ်တဲ့ မင်းသမီး အဲလစ်ရဲလ်နော နဲ့လက်ထပ်ခဲ့ပါတယ်။ အဲလစ်ရဲလ်နောဟာ ကျိန်စာသင့်သရဖူကို လက်ခံခဲ့တဲ့ နောက်ထပ်မင်းသမီးတပါး ဖြစ်လာခဲ့ပြန်ပါတယ်။ အဲလစ်ရဲလ်နောနဲ့ သူမရဲ့ချွေးမ မင်းသမီး စီစီလီတို့ဟာ ကျိန်စာသင့်သရဖူကို ဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။ ဒါဟာ သူမတို့အတွက်တော့ ဆိုးဝါးလှတဲ့ ကံကြမ္မာကို ဖိတ်ခေါ်သလို ဖြစ်ခဲ့တယ်ဆိုတာ မသိခဲ့ကြပါဘူး။ shwekhitonlinetv.com

၁၉၃၇ ခုနှစ်မှာတော့ အဲလစ်ရဲလ်နောနဲ့ စီစီလီတို့ လိုက်ပါစီးနင်းခဲ့တဲ့ လေယာဥ်ပျက်ကျခဲ့ပြီး သူမတို့နှစ်ဦးလုံးအပါအဝင် Hesse မိသားစုဝင်တော်တော်များများ အသက်ဆုံးရှုံးခဲ့ရပါတယ်။ လေယာဥ်အပျက်အစီးများကြားမှာ မွေးကင်းစကလေးငယ်တဦးရဲ့ အလောင်းကိုလည်း တွေ့ရှိခဲ့တာကြောင့် ဒီကလေးဟာ စီစီလီရဲ့ ကလေးဖြစ်မယ်လို့ သမိုင်းသုတေသီများက ဆိုကြပါတယ်။ ကြောက်စရာကောင်းတာကတော့ အဆိုပါ ပျက်ဆီးမှုတွေကြားမှာ ကျိန်စာသင့်သရဖူဟာ အကောင်းပကတိအတိုင်း ကျန်ရှိနေခဲ့တာ ဖြစ်ပါတယ်။ shwekhitonlinetv.com

လေယာဥ်ပျက်ကျမှုအပြီးမှာ Hesse ရဲ့ မိသားစုဝင်အဖြစ် ဂျိုဟန်နာဆိုတဲ့ ကလေးငယ်တဦးကျန်ရစ်ခဲ့ပါတယ်။ သူမရဲ့ မိဘနှစ်ပါးလုံးကို ဆုံးရှုံးလိုက်ရတာကြောင့် ဦးလေးဖြစ်သူ မင်းသား လူးဝစ်နဲ့ ကြင်ယာတော် မင်းသမီး မာဂရက်တို့က မွေးစားခဲ့ကြပါတယ်။ ကံဆိုးမှုတွေဟာ ဒီလောက်နဲ့ ရပ်တန့်မသွားခဲ့ပဲ ဂျိုဟန်နာလေးဟာ သူမရဲ့ ၃ နှစ်ပြည့်မွေးနေ့မရောက်ခင် တလအလိုမှာ ဦးနှောက်အမြှေးရောင်ရောဂါနဲ့ ကွယ်လွန်ခဲ့ရပါတယ်။ ဂျိုဟန်နာကွယ်လွန်ပြီးနောက်မှာတော့ မွေးစားအမေ မင်းသမီး မာဂရက်က ထိုကျိန်စာသင့်သရဖူကို ဆက်ခံခဲ့လိမ့်မယ်လို့ ဆိုကြပါတယ် ။ ဒါပေမယ့် ကျိန်စာသင့်သရဖူနဲ့ ဓာတ်ပုံရိုက်ကူးခြင်းတော့ မရှိခဲ့ပါဘူး။ shwekhitonlinetv.com

အဆိုပါ ကျိန်စာသင့်သရဖူကို လူအများလေ့လာနိုင်ဖို့အတွက် ပြသခြင်းရှိပေမယ့် ဘယ်လိုတော်ဝင်မျိုးနွယ်ကမှ ဒီသရဖူကို ဝတ်ဆင်ခြင်း မရှိတော့ပါဘူး။ လက်ရှိအချိန်မှာတော့ ကျိန်စာသင့်သရဖူကို Hessian House Foundation က ဆက်လက်ထိန်းသိမ်းထားပါတယ်။ ဝတ်ဆင်သူနဲ့ မိသားစုမှန်သမျှကို ကံမကောင်းခြင်းတွေဆက်တိုက် ခေါ်ဆောင်လာတဲ့ ဒီကျိန်စာသင့်သရဖူကို ဘယ်သူမှ မဝတ်ဆင်တော့ဘူးဆိုတာ အံ့သြစရာမရှိပါဘူးနော်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။