ကိုရိုနာဗိုင်းရပ်ကြောင့် ရှေ့ဆင့်နောက်ဆင့် သေဆုံးခဲ့ရတဲ့ သူနာပြု အမွှာညီအစ်မ (၂) ဦး

အခုရက်ပိုင်းအတွင်း Coronavirus နဲ့ပတ်သက်ပြီး လူပြောများနေတဲ့ သတင်းတစ်ခုရှိပါတယ်။ ဒီသတင်းကတော့ Coronavirus ရောဂါပိုး ရှိမရှိ စစ်ဆေးပြီးနောက် (၃) ရက်အတွင်းရှေ့ဆင့်နောက်ဆင့် သေဆုံးခဲ့တဲ့ အင်္ဂလန်နိုင်ငံက အမွှာညီအစ်မ (၂) ရဲ့သတင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ပြီးခဲ့တဲ့ အင်္ဂါနေ့က ကလေးသူငယ်သူနာပြုတစ်ဦးဖြစ်တဲ့ အသက် (၃၇) နှစ်အရွယ်ရှိ ကေတီဒေးဗစ် (Katy Davis) လို့အမည်ရတဲ့ အမျိုးသမီးတစ်ဦးဟာ Coronavirus ရောဂါကူးစက်ခံရပြီး အင်္ဂလန်နိုင်ငံ ဆောက်သမ်တန်မြို့မှာရှိတဲ့ အထွေထွေရောဂါကုဆေးရုံ၌ သေဆုံးခဲ့ပါတယ်။ သူမသေဆုံးပြီးနောက် (၂) ရက်အကြာ သောကြာနေ့မှာတော့ သူမနဲ့ ရုပ်ချင်းချွတ်စွပ်တူတဲ့ အမွှာဖြစ်သူ အမ်မာဒေးဗစ် (Emma Davis) ဟာလည်း အဆိုပါဆေးရုံမှာပဲသေဆုံးခဲ့ပါသတဲ့။ shwekhitonlinetv.com

သူတို့ရဲ့ ညီမဖြစ်သူ ဇိုး (Zoe) က ကေတီနဲ့အမ်မာ (Katy & Emma) သေဆုံးမှုနဲ့ ပတ်သက်ပြီးအခုလိုပြောကြားခဲ့ပါတယ်။

ဇိုး (Zoe) က “သူတို့နှစ်ယောက်ဟာ ကမ္ဘာကြီးကိုအတူတကွလာပြီး အတူတူထွက်သွားကြမယ်လို့အမြဲပြောခဲ့ကြပါတယ်။ သူတို့ဘယ်လောက်ထူးခြားတယ်ဆိုတာကိုဖော်ပြဖို့စကားလုံးမရှိပါဘူး။ သူတို့လုပ်ချင်တာကတခြားသူတွေကိုကူညီဖို့ပါ။ သူတို့ငယ်ငယ်ကတည်း ဆော့ကစားရင်တောင် သူတို့အရုပ်တွေကို ဂရုစိုက်တဲ့ ဆရာဝန်တွေနဲ့သူနာပြု အဖြစ်ကစားခဲ့ကြသူတွေပါလို့” ကြေကွဲဝမ်းနည်းစွာပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com

ဆက်လက်ပြီး ဇိုး (Zoe) က “သူတို့ (၂) ဦးစလုံးဟာ သူတို့ကြည့်ရှုစောင့်ရှောက်ထားတဲ့ လူနာအားလုံးကို သူတို့်မှာရှိတဲ့အရာအားလုံးကို ပေးချင်ကြသူတွေပါ။ အခုထိသူတို့ (၂) ဦးသေဆုံးခဲ့ရတာကို တကယ့်အစစ်အမှန်လို့မခံစားရပါဘူး” လို့လည်း ဆိုပါတယ်။ shwekhitonlinetv.com

Southampton ကလေးဆေးရုံ၌ အလုပ်လုပ်နေတဲ့ ကေတီ (Katy) ဟာသူမဆီမှာ Covid-19 ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ဆေးရုံကို ဝန်ခံခဲ့ပြီးနောက် အင်္ဂါနေ့ညနေမှာကွယ်လွန် သွားခဲ့တာဖြစ်ပါတယ်။

ကေတီ (Katy) ရဲ့သေဆုံးမှုနဲ့ပတ်သက်လို့ ဆောက်သမ်တန်တက္ကသိုလ်ဆေးရုံ ရဲ့ အမှုဆောင်အရာရှိချုပ် ပေါ်လာဟတ်ဒ် (Paula Head) က
“ကေတီ (Katy) က သူရဲ့လုပ်ဖော်ကိုင်ဖက်တွေကိုသူနာပြုဆရာမတစ်ယောက်လုပ်တာဟာ အလုပ်တစ်ခုဆိုတာထက် များစွာပိုပြီး အဓိပ္ပါယ်ရှိကြောင်းပြသခဲ့တဲ့ စံပြသူနာပြုကောင်းတစ်ဦးဖြစ်ပါတယ်။ သူရဲ့သေဆုံးမှုအပေါ် သူ့ရဲ့မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရတယ်ဆိုတာ ဒီမှာရှိတယ်ဆိုတာကို စိတ်ရင်းအမှန်နဲ့ပြောကြားချင်ပါတယ်။” လို့ ကေတီ(Katy) ရဲ့သေဆုံးမှုနဲ့ ပတ်သက်ပြီး ဝမ်းနည်းစကားဆိုခဲ့ပါတယ်။ shwekhitonlinetv.com

ယခုကဲ့သို့ကေတီ (Katy) သေဆုံးပြီး (၂) ရက်အကြာမှာတော့ သူနဲ့ရုပ်ချင်းခွဲလို့မရအောင်တူတဲ့ အမွှာအစ်မဖြစ်တဲ့ အမ်မာဒေးဗစ် (Emma Davis) ဟာလည်း Coronavirus ရောဂါနဲ့ပဲ သောကြာနေ့မှာ သေဆုံးသွားခဲ့ပါတယ်။ အမ်မာဒေးဗစ် (Emma Davis) ဟာ ဆောက်သမ်တန်ကလေးဆေးရုံက အူမကြီးလမ်းကြောင်းခွဲစိတ်မှုဌာနမှာ သူမရဲ့ညီမနှင့် အတူတူ (၂၀၁၃) ခုနှစ်အထိကိုးနှစ်ကြာအလုပ်လုပ်ခဲ့တဲ့ သူနာပြုဟောင်းတစ်ဦးလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

Coronavirus ရောဂါပိုးဟာ လူတစ်ဦးနဲ့တစ်ဦး ကိုယ်ခံစွမ်းအားပေါ်မူတည်ပြီး ရောဂါအခြေအနေပြင်းထန်မှု ကွာခြားမှုရှိတဲ့ရောဂါလို့ အားလုံးသိထားကြပါတယ်။ ဆိုလိုချင်တာက ဒီရောဂါကူးစက်ခံရတာနဲ့ ချက်ချင်းသေဆုံးဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းပါးလှပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးကို အတူတူလာပြီး အတူတူထွက်ခွာသွားချင်တယ်ဆိုတဲ့ ဒီအမွှာညီအစ်မ (၂) ရောက်ကတော့ ထူးဆန်းစွာနဲ့ပဲ ရောဂါဝေဒနာကို ဆိုးရွားစွာမခံစားရဘဲ ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားခဲ့ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

ကျန်းမာရေးသတင်း Website တစ်ခုဖြစ်တဲ့ Nursing Times မှပြုစုထားတဲ့စာရင်းတွေအရဆိုရင် လက်ရှိချိန်ထိ ဗြိတိန်တစ်ဝှမ်းမှာ Coronavirus ကူစက်ခံရနှုကြောင့်သေဆုံးခဲ့တဲ့ သူနာပြု ဝန်ထမ်းစုစုပေါင်း (၅၀) အထိရှိသွားပြီပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။