ချိုင်းမွှေးမရိတ်တဲ့ မိန်းကလေးတွေသာ ရရှိနိုင်တဲ့ ကောင်းကျိုး (၆) ချက်

အမေရိကန်မှာရှိတဲ့ အမျိုးသမီးတွေရဲ့ (၈၅) ရာခိုင်နှုန်းလောက်က ၎င်းတို့ရဲ့ခန္ဓာကိုယ်ပေါ်က အမွှေးအမျင်တွေကို ပုံမှန်လိုလိုရှင်းလင်းရေးလုပ်လေ့ရှိကြပါတယ်။ ဒီလို ပြုလုပ်ခြင်းက ခုမှစတင်ပြုလုပ်ကြတဲ့ အိုင်ဒီယာတစ်ခုတော့ မဟုတ်ပါဘူး။  shwekhitonlinetv.com

ရှေးခေတ် အီဂျစ်နဲ့ ရောမအမျိုးသမီးတွေဟာလည်း အမွှေးအမျင်တွေ ရှင်းလင်းခြင်းဟာ ယဉ်ကျေးတဲ့လူ့အသိုက်အဝန်းရဲ့ အပြုအမူတစ်ရပ်အဖြစ် ခန္ဓာကိုယ်ပေါ်က ချိုင်းမွှေး၊ ခြေသလုံးမွှေး စတာတွေကိုရှင်းလင်းဖယ်ရှားကြတယ်လို့သိရပါတယ်။  shwekhitonlinetv.com

ဒါပေမယ့် ဒီနေ့လိုမော်ဒန်ခေတ်ကာလ အခြေအနေမှာတော့ ဒီအယူအဆတွေက မိန်းကလေးတိုင်းအတွက် မှန်ကန်ခြင်းမရှိတော့ဘူးလို့ဆိုနိုင်ပါတယ်။ အချို့မိန်းကလေးတွေဟာ ဒီလို ချိုင်းမွှေးခြေသလုံးမွှေးရိတ်တဲ့ အပြုအမူမျိုးကို ရပ်တန့် စွန့်လွှတ်လိုက်ကြပါပြီ။ ဘာလို့လဲဆိုတော့ ဒီလိုချိုင်းမွှေးခြေသလုံးမွှေးတွေ မရိတ်ဘဲထားတာက ကောင်းကျိုးတွေရှိနေလို့ပဲဖြစ်ပါတယ်။  shwekhitonlinetv.com

၁။ အနံ့အသက်ဆိုးများ လျော့ကျစေခြင်း

ချိုင်းမွှေးမရှိတဲ့မိန်းကလေးတွေဟာ နွေရာသီလို ချွေးထွက်များတဲ့ အချိန်ကာလမျိုးမှာ ချိုင်းမွှေးရှိတဲ့ မိန်းကလေးတွေထက် ပိုမိုးပြီးချိုင်းကနေအနံဆိုးတွေထွက်လေ့ရှိကြောင်း သုတေသနပြုလုပ်ချက် စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ဒီအချက်က အခုနောက်ပိုင်းမိန်းကလေးတွေ ချိုင်းမွှေးမရိတ်တဲ့အကြောင်းအရင်းတစ်ရပ်ဖြစ်နိုင်ပါတယ်။ shwekhitonlinetv.com

၂။ ပိုမိုကျန်းမာလာစေခြင်း

အမျိုးသမီးငယ်တစ်ချို့ကို ကောက်ယူခဲ့တဲ့စစ်တမ်းတစ်ရပ်မှာတော့ မကြာခဏ ဖျားနာပြီးချူချာတဲ့ မိန်းကလေးအတော်များများဟာ မကြာခဏချိုင်းမွှေးရိတ်လေ့ရှိသူတွေဖြစ်ကြောင်းတွေ့ရှိရပါသတဲ့။ ချိုင်းမွှေးမရိတ်ပဲ သဘာဝအတိုင်းထားတဲ့ မိန်းကလေးတွေကတော့ ဒီလိုမကြာခဏဖျားနာတာမျိုးမရှိသလောက် ရှားပါးတယ်လို့ စစ်တမ်းတွေက ဖော်ပြလျက်ရှိပါတယ်။  shwekhitonlinetv.com

၃။ အခြားလုပ်ငန်းဆောင်တာများအတွက် အချိန်ပိုရလာခြင်း

လူမှုကွန်ယက် Twitter မှာဖော်ပြခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးရဲ့ ပြောကြားချက်အရတော့ ခန္ဓာကိုယ်ပေါ်က အးမွှေးအမျင်တွေကို ရှင်းလင်းဖို့အတွက် အရင်ကသူ့အနေနဲ့ တစ်လကို စုစုပေါင်း (၈) နာရီကျော်လောက်အချိန်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ အခုတော့ ဒီလိုလုပ်ခြင်းကို ရပ်တန့်လိုက်တာကြောင့် သူ့အတွက် အခြားလုပ်ငန်းဆောင်တာတွေ လုပ်ဖို့အချိန်တွေပိုမိုရရှိလာတယ်လို့ဆိုပါတယ်။  shwekhitonlinetv.com

၄။ ငွေကိုချွေတာနိုင်ခြင်း

ချိုင်းမွှေး၊ လက်မွှေး၊ ခြေသလုံးမွှေး တွေဟာရိတ်ပြီး မကြာခင် အသစ်တစ်ဖန်ပြန်လည် ပေါက်လေ့ရှိတာကြောင့် အလှအပကြိုက်တဲ့မိန်းကလေးတွေဟာ အသားအရေထိန်းသိမ်းဖို့အတွက် နောက်ဆက်တွဲအနေနဲ့ အလှကုန်ပစ္စည်းတွေ ဝယ်ယူရတက်ပါတယ်။ ဒီလိုမဟုတ်ပဲ သဘာဝအတိုင်းထားလိုက်မယ်ဆိုရင်တော့ ဒီအမွှေးအမျင်တွေက အသားအရေပျက်စီးမှုအတွက် အကာအကွယ်အထိုက်အလျောက်ပေးနိုင်သလို အပိုကုန်မယ့်ငွေတွေကို လည်းချွေတာနိုင်မှာဖြစ်ပါတယ်။  shwekhitonlinetv.com

၅။ မိမိရဲ့ခန္ဓာကိုယ်ကို အရှိအတိုင်းလက်ခံလာကြခြင်း

မိန်းကလေးအတော်များများကတော့ ၎င်းတို့ရဲ့ ခန္ဓာကိုယ်မှာ ယောကျ်ားလေးတွေလို နှုတ်ခမ်းမွှေး၊ လက်မွှေး၊ ခြေသလုံးမွှေးတွေကိုယ်ခန္ဓာမှာအထင်းသားရှိနေတာကိုယ် မနှစ်သက်ကြပါဘူး။ အထူးသဖြင့်တော့ စကပ်တို ဘောင်းဘီတို ဝတ်ဆင်လေ့ရှိတဲ့မိန်းကလေးတွေပေါ့။ ဒါပေမယ့် ဒီဘက်ခေတ် မိန်းကလေးတစ်ချို့ကတော့ ပွင့်လင်းမြင်သာမှု ပိုမိုရှိလာကြတာနဲ့အညီ မိမိရဲ့ မွေးရာပါခန္ဓာကိုယ် အစိတ်အပိုင်းတွေကို မပြုပြင်ပဲ အရှိအတိုင်း လက်ခံလာကြပါတယ်။ ဒါကြောင့် သူတို့တွေဟာ မိမိရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အမွှေးအမျင်တွေကို ရှင်းလင်းဖို့ အာသီသမရှိကြတာပါ။  shwekhitonlinetv.com

၆။ ကွဲပြားတဲ့ ဖက်ရှင်အဖြစ် ဆန်းသစ်ကြခြင်း

Miley Cyrus လို ကမ္ဘာကျော် အဆိုတော်၊ မော်ဒယ်၊ သရုပ်ဆောင်တစ်ဦးက သူမရဲ့ ချိုင်းမွှေးတွေကို မရိတ်ဘဲ အရှည်ထားကာ အရောင်အမျိုးမျိုးဆိုးပြီး ဖက်ရှင်ကျကျ ပရိသတ်ရှေ့ကိုထွက်ပေါ်လာခဲ့ဖူးပါတယ်။ အတော်များများပရိသတ်တွေရဲ့ အမြင်မှာ သူမရဲ့ ပုံစံဟာ အတော်လေးကို ကို့ယို့ကားယားနိုင်တယ်လို့ ဆိုနိုင်ပေမယ့် တဖြည်းဖြည်းသူ့ကို အတုယူပြီးလိုက်လံတုပတဲ့ သူတွေအများအပြားထွက်ပေါ်လာတာကြောင့် ချိုင်းမွှေးအရှည်ထားတာဟာ ဖက်ရှင်တစ်ခုလို့တောင်ဆိုရမလိုပါပဲ။  shwekhitonlinetv.com

ဒါကတော့ ဒီဘက်ခေတ်မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်ပေါ်က အမွှေးအမျင်တွေကို ရှင်းလင်းဖို့ ဆန့်ကြင်လာ ကြခြင်းရဲ့ အကြောင်းပြချက်အချို့ပဲဖြစ်ပါတယ်။ နောက်ထပ်လည်း ဒီလို စိတ်ဝင်စားစရာအကြောင်းအရာ သစ်တွေကို ရွှေခေတ် ပရိသတ်တွေအတွက် ရှာဖွေပြီး ပြန်လည်ဝေမျှနိုင်ဖို့ ကြိုးစားပေးသွားပါ့မယ်နော် …။  shwekhitonlinetv.com

ပရိသတ်ကြီးရော မိန်းကလေးတွေ ချိုင်းမွှေးအရှည်ထားတဲ့အပေါ် ဘယ်လိုမြင်လဲဆိုတာ ပြောပေးသွားပါဦးနော် …

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။