သိပ္ပံပညာရှင်တွေ အချက်ကျကျရှင်းပြဖို့ရာ မဖြစ်နိုင်တဲ့အကြောင်းအရာ (၅) ခု

အခုတစ်ခေါက်မှာတော့ ဆန်းကြယ်မှုတွေနဲ့ပြည့်နှက်နေတဲ့ ကမ္ဘာကြီးရဲ့အကြောင်းတွေထဲက သိပ္ပံပညာရှင်တွေအပါအဝင် ဘယ်သူမှအချက်ကျကျရှင်းပြဖို့ရာ မဖြစ်နိုင်တဲ့အကြောင်းအရာ (၅) ခုကိုဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com

၁။ စက်ကိရိယာမပါဘဲတည်ဆောက်ခဲ့တဲ့ ကျောက်တံတိုင်းကြီး

ပီရူူးနိုင်ငံ Cusco ဒေသမှာရှိတဲ့ အင်ကာလူမျိုးတွေရဲ့ ရဲတိုက်ကြီးကို အလျား (၃၆၀) မီတာ၊ အမြင့် (၉) မီတာရှိတဲ့ ကျောက်တုံးစည်းရိုးကြီးကာရံထားပါတယ်။ ဒီကျောက်တုံးတွေရဲ့အလေးချိန်ဟာ တန်ချိန်ပေါင်း (၃၀၀) ကျော်ရှိပေမယ့် စက်ကိရိယာတစ်စုံတစ်ခုမပါဝင်ဘဲ တည်ဆောက်ခဲ့တာလို့သိရပါတယ်။ အင်ကာလူ့ယဉ်ကျေးမှုဟာ ကမ္ဘာပေါ်မှာရှေးအကျဆုံးလူ့အဖွဲ့အစည်းတွေထဲကတစ်ခုဖြစ်ပြီး ဘီစီ (၁၂၀၀) လောက်မှာက အကြီးကျယ်ဆုံးအင်ပါယာတစ်ခုကိုလည်းထူထောင်ခဲ့ကြသူတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ကမ္ဘာ့ရှေးအကျဆုံး ဘက္ကထရီ

၁၉၃၈ ခုနှစ်မှာတော့ သိပ္ပံလောကကိုအံ့အားသင့်စေမယ့်တွေ့ရှိမှုတစ်ခုကို ယနေ့ ဘဂ္ဂဒက်မြို့ရဲ့တစ်နေရာမှာ ရှာဖွေတွေ့ရှိခဲ့ဲကြပါတယ်။ အဲ့ဒီအရာကတော့ နှစ်ပေါင်း (၂၀၀၀) လောက်သက်တမ်းရှိပြီဖြစ်တဲ့ ဘက္ကထရီတစ်ခုပဲဖြစ်ပါတယ်။ ဒီဘက္ကထရီကတော့ မြေအိုးတစ်လုံးထဲမှာ (၁၃) စင်တီမီတာလောက်ရှိတဲ့ ကြေးနီချောင်းတစ်ချောင်း၊ သံတုံးတစ်ခု၊ ကတ္တရာ စတာတွေနဲ့ပေါင်းစပ်ပြီးပြုလုပ်ထားတာဖြစ်ပါတယ်။ ကမ္ဘာ့ရှေးအကျဆုံးဘက္ကထရီလို့ယူဆရတဲ့ ဒီဘက္ကထရီကတော့ စွမ်းအင် 2 Volts ကိုထုတ်လုပ်ပေးနိုင်စွမ်းရှိကြောင်း စမ်းသပ်မှုတွေအရသိရပါတယ်။ shwekhitonlinetv.com

၃။ UFO များအတွက် ပြေးလမ်းများ

ပီရူးနိုင်ငံရဲ့ Pampa ကမ်းရိုးတန်းဒေသတစ်လျောက်မှာတော့ ရှေးဟောင်းအပင်တွေနဲ့တိရိစ္ဆာန်တွေကိုပုံဖော်ထားတဲ့ ရုပ်ပုံတွေအများအပြားကိုတွေ့မြင်နိုင်ပါတယ်။ အချို့ကလည်း ဒါတွေဟာ Nazca လူ့ယဉ်ကျေးမှုထွန်းကားစဉ်က ဂြိုဟ်သားတွေရဲ့ယာဉ်တွေ ကမ္ဘာမြေပေါ်ကိုဆင်းသက်နိုင်အောင် ပြုလုပ်ပေးထားတဲ့ ပြေးလမ်းတွေလို့ဆိုကြပါတယ်။ shwekhitonlinetv.com

၄။ နှစ်ပေါင်း (၁၀၀၀) အချိန်ယူပြီးတည်ဆောက်ခဲ့ရတဲ့မြို့

Nan Madol ဆိုတာကတော့ ပစိဖိတ်သမုဒ္ဒရာထဲကကျွန်းပေါ်မှာရှိတဲ့ ရှေးဟောင်းမြို့တစ်မြို့ဖြစ်ပါတယ်။ ဒီမြို့ကို တန်ချိန်ပေါင်းသန်း (၂၅၀) လောက်အလေးချိန်ရှိတဲ့ ကျောက်တုံးကြီးတွေနဲ့ ဘီစီ (၂၀၀) ဝန်းကျင်ကစတင်တည်ဆောက်ခဲ့တာဖြစ်ပြီး မြို့ကြီးတစ်မြို့အသွင်ပြီးပြည့်စုံဖို့အတွက် နှစ်ပေါင်း (၁၀၀၀) လောက် ကြာမြင့်အောင်တည်ဆောက်ခဲ့ရတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၅။ နှစ်သန်း (၅၀၀) က တူတစ်ချောင်း

တက္ကဆက်ပြည်နယ်မှာ ၁၉၃၆ ခုနှစ်ကရှာဖွေတွေ့ရှိခဲ့တဲ့ ဒီတူရဲ့ သက်တမ်းကို ခန့်မှန်းတွက်ချက်ကြည့်ရာမှာတော့ အံ့သြစရာကောင်းလောက်အောင်ကိုရှေးကျနေခဲ့တာတွေ့ရပါတယ်။ သစ်သားလက်ကိုင်ပါရှိတဲ့ဒီတူဟာရှေးဟောင်းပစ္စည်းတစ်ခုနဲ့ မတူပေမယ့်သူ့ရဲ့သက်တမ်းက နှစ်သန်းပေါင်း (၅၀၀) လောက်ရှိနေတာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။