တိရိစ္ဆာန်လေးတွေရဲ့ပုံသဏ္ဍာန်ဖြစ်ပေါ်နေတဲ့ ထူးထူးခြားခြား ကျောက်တုံးများ

အခုတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို ထူးထူးခြားခြားကျောက်တုံးကျောက်ဆောင်တွေအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီကျောက်တုံးကျောက်ဆောင်လေးတွေက သဘာဝအတိုင်း တိရိစ္ဆာန်လေးတွေရဲ့ပုံသဏ္ဍာန်ဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ ဆာဒီးနီးယား – အီတလီ

အီတလီနိုင်ငံဟာ ပိုလာဝက်ဝံတွေကိုတွေ့မြင်ရနိုင်တဲ့ နေရာကောင်းတစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့် အီတလီနိုင်ငံရဲ့ ဆာဒီးနီးယား (Sardinia) ဒေသမှာတော့ကျောက်တုံးနဲ့ပြုလုပ်ထားတဲ့ ပိုလာဝက်ဝံတွေကိုသင့်အနေနဲ့ တွေ့မြင်ရပါလိမ့်မယ်။ shwekhitonlinetv.com

၂။ ဟေးမာယေး – အိုက်စလန်

ရုတ်တရက်ကြည့်မယ်ဆိုရင်တော့ ဒီကျောက်ဆောင်ကြီးရဲ့ပုံသဏ္ဍာန်က ဝမ်းနည်းနေတဲ့ဆင်လေးတစ်ကောင် ငြိမ်သက်စွာနေနေတဲ့ပုံစံနဲ့တူပါတယ်။ ဒီကျောက်ဆောင်ကြီးရှိနေတာကတော့ အိုက်စလန်နိုင်ငံ ဟေးမာယေး (Heimaey) ဒေသမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ကွန်းဝဲလ် – ယူကေ

ယူကေရဲ့ ကွန်းဝဲလ် (Cornwell) ဒေသမှာတော့အတော်လေးကို ထူးခြားဆန်းကြယ်တဲ့ပုံသဏ္ဍာန်ဖြစ်ပေါ်နေတဲ့ ကျောက်ဆောင်ကြီးရှိပါတယ်။ အဲ့ဒီကျောက်ဆောင်ကြီးရဲ့ပုံစံက မြင်းတစ်ကောင်လဲလျောင်းနေသလိုမျိုးဖြစ်နေတာပါ။ shwekhitonlinetv.com

၄။ တာဆလီနာဂျာ – အယ်လ်ဂျီးရီးယား

ဝန်ချီစလွယ်တွေကိုထမ်းပိုးထားတဲ့ ကုလားအုတ်တစ်ကောင်နဲ့တူတဲ့ ကျောက်တုံးကတော့ အယ်လ်ဂျီးရီးယားနိုင်ငံ တာဆလီနာဂျာ (Tassili N’ajjer) အရပ်ဒေသမှာတည်ရှိပါတယ်။ ဒဏ္ဍာရီအချို့မှာတော့ တစ်ကယ့်ကုလားအုတ်တစ်ကောင်က သဲမုန်တိုင်းကြားမှာအခုလိုမျိုး ကျောက်ဖြစ်သွားတယ်လို့ ဆိုကြတာမျိုးတွေရှိပါတယ်။ shwekhitonlinetv.com

၅။ တာဆလီနာဂျာ – အယ်လ်ဂျီးရီးယား

အယ်လ်ဂျီးရီးယားနိုင်ငံ တာဆလီနာဂျာအရပ်ဒေသဟာ ပုံမှန်မဟုတ်တဲ့ကျောက်တုံးတွေအများအပြားရှိနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ယူနက်စကိုရဲ့ကမ္ဘာ့အမွေအနှစ်ဒေသတစ်ခုလည်းဖြစ်ပါတယ်။ အခုမြင်တွေ့ရတာကတော့ ဖြူတစ်ကောင်နဲ့ပုံစံတူနေတဲ့ ကျောက်ဆောင်တစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ အာ့ချ်စ်အမျိုးသားဥယျာဉ် – အမေရိကန်

အမေရိကန်နိုင်ငံ ယူတားပြည်နယ်ရဲ့ အာ့ချ်စ်အမျိုးသားဥယျာဉ် (Arches National Park) ထဲမှာတော့ ကြောက်မက်ဖွယ်အသွင်နဲ့ ကျောက်ဆောင်တစ်ခုရှိနေပါတယ်။ ဒီကျောက်ဆောင်ရဲ့ပုံစံက ခြင်္သေ့တစ်ကောင်အသွင်ဖြစ်ပေါ်နေတာဖြစ်ပြီး တစ်ချိန်ကအလွန်မြင့်မြတ်တဲ့နေရာတစ်ခုလို့သိရပါတယ်။ shwekhitonlinetv.com

၇။ ယာ့လျူ – ထိုင်ဝမ်

ဒါကတော့ ထိုင်ဝမ်နိုင်ငံ ယာ့လျူ (Yehliu) အမျိုးသားဘူမိဗေဒဥယျာဉ်ထဲမှာမြင်တွေ့ရတဲ့ကျောက်ဆောင်တစ်ခုဖြစ်ပါတယ်။ ဒီကျောက်ဆောင်ရဲ့ပုံသဏ္ဍာန်ကတော့ ချစ်စဖွယ်ကောင်းတဲ့ ဖျံကလေးတစ်ကောင်နဲ့တူနေတာဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ ဘရက်ဂ်ကျွန်း – နယူးဖောင်းလန်း

ကနေဒါနိုင်ငံရဲ့ နယူးဖောင်းလန်းပြည်နယ် (Newfoundland) ဘရက်ဂ်ကျွန်း (Bragg’s island) မှာတော့ ဖားနဲ့တူတဲ့ကျောက်တုံးတွေအများအပြားရှိနေပါတယ်။ ဒါတွေဟာတစ်ချိန်က ကျိန်စာတစ်ခုကြောင့် ကျွန်းပေါ်မှာရှိတဲ့ဖားတွေကကျောက်ဖြစ်သွားတာလို့ဆိုကြတဲ့ ဒဏ္ဍာရီတွေရှိပါတယ်။ shwekhitonlinetv.com

၉။ အယ်လ်ဘာနီ – သြစတြေးလျ

Dog Rock လို့ခေါ်တဲ့ ပုံထဲကနေရာကတော့ သြစတြးလျနိုင်ငံ အယ်လ်ဘာနီ (Albany) ဒေသမှာရှိနေတာဖြစ်ပါတယ်။ တစ်ချိန်တုန်းက ခွေးကလေးတစ်ကောင်နဲ့ပိုမိုတူအောင် ဆေးခြယ်ထားပေမယ့်နောက်ပိုင်းမှာသဘာဝအတိုင်းရှိနေအောင် ပြန်ဖျက်ထားခဲ့ကြပါတယ်။ shwekhitonlinetv.com

၁၀။ ဂရင်းကန်နွန် – အရီဇိုးနား

အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် ဂရင်းကန်နွန် ဒေသမှာတော့ လင်းယုန်ငှက်တစ်ကောင်အတောင်ပံ ဖြန့်ကျက်ထားပုံနဲ့အတော်လေးကိုတူတဲ့ကျောက်ဆောင်တန်းကြီးရှိနေပါတယ်။ ဒီနေရာဟာလူသိများပြီး ကမ္ဘာလှည့်ခရီးသွားတွေကိုဆွဲဆောင်နိုင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply