နေအိမ်ခြံဝန်းထဲက မြေကြီးအောက်ထဲကနေ မထင်မှတ်ဘဲနဲ့ ရှာဖွေတွေ့ရှိခဲ့တဲ့ အရာဝတ္ထုတွေအကြောင်း

ဒီတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို ထူးထူးခြားခြားအကြောင်းအရာလေးတွေ အကြောင်းတင်ဆက်ပေးချင်ပါတယ်။ ဒီအကြောင်းအရာလေးတွေကတော့ မိမိတို့ရဲ့နေအိမ်ခြံဝန်းထဲက မြေကြီးအောက်ထဲကနေ မထင်မှတ်ဘဲနဲ့ ရှာဖွေတွေ့ရှိခဲ့တဲ့ အရာဝတ္ထုတွေအကြောင်းပဲဖြစ်ပါတယ်။ ဘယ်လိုမျိုးအရာဝတ္ထုတွေဖြစ်မလဲဆိုတာကို ဆက်လက်ဖတ်ရှုပေးကြပါဦးနော် ….. shwekhitonlinetv.com

၁။ ဒေါ်လာ (၁၇၅၀၀၀) တန်ဖိုးရှိဆေးခြောက်များ

၂၀၁၂ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ သူ့ရဲ့အိမ်ကိုဆိုလာပြားတွေတပ်ဆင်ဖို့လုပ်ရင်း အံ့သြစရာအဖြစ်အပျက်တစ်ခုကိုကြုံတွေ့ခဲ့ပါတယ်။ အဲ့ဒါကတော့ သူ့အနေနဲ့လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကိုယူဖို့အတွက်မသုံးတာကြာပြီဖြစ်တဲ့ မြေအောက်စတိုခန်းကိုဖွင့်ခဲ့ရာမှာ များပြားလှတဲ့ဆေးခြောက်အထုပ်တွေကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၁၇၅၀၀၀) ဖိုးလောက်ရှိတဲ့အဲ့ဒီဆေးခြောက်ထုပ်ကြီးကိုတော့ သူ့အနေနဲ့ အာဏာပိုင်တွေထံကိုအပ်နှံခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၂။ ဒုတိယကမ္ဘာစစ်ကဗုံးများ

ဖလော်ရီဒါပြည်နယ် အော်လန်ဒိုစီးတီးမှာရှိတဲ့ အိမ်တစ်အိမ်ရဲ့အနောက်ဘက်ဥယျာဉ်ထဲမှာတော့ ဒုတိယကမ္ဘာစစ်အတွင်းက ဝှက်ထားခဲ့တဲ့ဗုံးတွေကိုတွေ့ရှိခဲ့ရပါတယ်။ ဒီဗုံးတွေဟာအသက်ရှိနေသေးပြီး အန္တရာယ်များလွန်းတာကြောင့် အမေရိကန်စစ်တပ်အနေနဲ့ ပေါင် (၈) သန်းလောက်ကုန်ကျခံပြီး စစ်ဆင်ရေးတစ်ရပ်ပြုလုပ်ကာ ဖယ်ရှားရှင်းလင်းခဲ့ရပါတယ်။ shwekhitonlinetv.com

၃။ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၆) သန်းကဝေလငါးရုပ်ကြွင်း

လွန်ခဲ့တဲ့ ၁၉၇၈ နှစ်တုန်းကကျောင်းသူလေးတစ်ဦးဟာ သူမတို့ရဲ့နေအိမ်ခြံအနောက်ဘက် မြေပြင်မှာထူးခြားတဲ့အမှတ်အသားတစ်ချို့ကိုတွေ့ရှိခဲ့ပြီး မည်သည့်အရာတွေဖြစ်မလဲဆိုတာကို သိချင်စိတ်ပြင်းပြခဲ့ပါတယ်။ ဒါကြောင့် သူမဟာသူငယ်ချင်းတစ်ချို့ရဲ့အကူအညီနဲ့ သစ်တုံးတွေမောင်းတံတွေအသုံးပြုပြီး မြေကြီးကိုတူးဆွကြည့်ခဲ့တဲ့အခါမှာတော့ အလွန်ကြီးမားတဲ့ရုပ်ကြွင်းတစ်ခုကို တွေ့ရှိခဲ့ရပါတယ်။ ကျွမ်းကျင်သူတွေရဲ့အဆိုအရတော့ ဒီအရာဟာလွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄ သန်း (သို့မဟုတ်) ၁၆ သန်းလောက်ကရှင်သန်ခဲ့တဲ့ ဝေလငါးတစ်ကောင်ရဲ့ ရုပ်ကြွင်းဖြစ်တယ်လို့ သိခဲ့ရပါတယ်။ shwekhitonlinetv.com

၄။ နိုင်လွန်အိတ်နဲ့မြေမြုပ်ထားတဲ့ ဒေါ်လာ (၁) သိန်းခွဲ

အီလီနွိုက်ပြည်နယ်မှာနေထိုင်တဲ့အမျိုသားတစ်ဦးဟာ တစ်ရက်မှာတော့သူ့ရဲ့ခြံထဲက ဟင်းသီးဟင်းရွက်တွေကိုခူးဆွတ်ရင်း မြေကြီးထဲကနေ နိုင်လွန်အိတ်အစွန်းတစ်ခု ထိုးထွက်နေတာကိုသတိပြုမိခဲ့ပါတယ်။ သူလည်းဒီအရာဟာဘာများဖြစ်မလဲလို့သိချင်တာကြောင့် တူးဆွကြည့်လိုက်တဲ့အခါမှာတော့ နိုင်လွန်အိတ်နဲ့ထုပ်ပြီးမြေမြူပ်ထားတဲ့ ငွေစက္ကူတွေဖြစ်နေပါတယ်။ စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၅၀၀၀၀) တောင်ရှိတာကြောင့် သူ့အနေနဲ့ဒါဟာ ဓားပြအဖွဲ့တစ်ဖွဲ့ကဝှက်ထားခဲ့တဲ့ ငွေတွေဖြစ်မယ်လို့ယူဆပြီး အာဏာပိုင်တွေကိုအပ်နှံလိုက်ပါသတဲ့။ သူ့နေရာမှာသင်ဆိုရင်ရောဘာလုပ်မလဲ ? shwekhitonlinetv.com

၅။ ၁၈၁၂ ခုနှစ်က အမြောက်ကျည်ဆံများ

နယူးအော်လင်းမှာနေထိုင်တဲ့အမျိုးသားတစ်ဦးကတော့ သူ့ရဲ့နေအိမ်ခြံဝန်းအတွင်းမှာ ငါးမွေးဖို့အတွက် ငါးကန်တူးရင်း ရှေးခေတ်ကအမြောက်ဆံတွေကိုတွေ့ရှိခဲ့ပါတယ်။ ဒါဟာ ၁၈၁၂ ခုနှစ်ဝန်းကျင်က နယူးအော်လင်းတိုက်ပွဲ ခံစစ်မျဉ်းအတွက်အသုံးပြုခဲ့တဲ့အမြောက်တွေရဲ့ကျည်ဆံတွေဖြစ်တယ်လို့ သုတေသီတွေကဆိုကြပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။