အင်္ဂလန်ဘုရင်မကြီးတစ်ယောက်တည်းသာ ချိုးဖောက်ခွင့်ရှိတဲ့ ထူးထူးဆန်းဆန်း ဥပဒေများ

အခုတစ်ခေါက်မှာပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ အင်္ဂလန်နိုင်ငံက ဘုရင်မကြီး သာ ချိုးဖောက်ခွင့်ရှိတဲ့ ထူးဆန်းသော ဥပဒေတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဘယ်လို ဥပဒေတွေက ဘုရင်မကြီးအတွက် လိုက်နာဖို့ မလိုတာလဲဆိုတာ အောက်က ပုံလေးတွေ တစ်ပုံချင်းစီကို အတူတူ လေ့လာကြည့်လိုက်ရအောင်နော်… shwekhitonlinetv.com

၁။ ဘုရင်မကြီး ကိုယ်တိုင် ကားမောင်းတဲ့အခါ ကြိုက်သလို အမြန်နှုန်း တင်ပြီး မောင်းနိုင်ပါတယ်။

အားလုံးသိကြတဲ့ အတိုင်း ဘုရင်မကြီးဟာ တစ်ခါတစ်လေ ဒရိုင်ဘာ မပါပဲ ကိုယ်တိုင်ကိုယ်ကျ ကားမောင်းလေ့ရှိပါတယ်။ ဒါ့ကြောင့် အင်္ဂလန်နိုင်ငံ နိုင်ငံတွင်းမှာဆိုရင် ဘုရင်မကြီးဟာ နိုင်ငံက သတ်မှတ်ထားတဲ့ ကားအမြန်နှုန်းတွေကို လိုက်နာစရာမလိုပဲ စိတ်ကြိုက်အမြန်နှုန်းတင်ပြီး မောင်းလို့ရပါတယ်။ ဒါပေမယ့် သူမဟာ ဒီဥပဒေကို တစ်ကြိမ်တစ်ခါမှ အလွဲသုံးစား လုပ်ခဲ့ခြင်း မရှိပါဘူး ။ shwekhitonlinetv.com

၂။ ဘုရင်မကြီးအတွက် ပတ်စ်ပို့ မလိုအပ်ပါဘူး ။

ဘုရင်မကြီးဟာ တစ်ခြား နိုင်ငံတွေကို သွားလည်တဲ့အခါ သူမအတွက် ပတ်စ်ပို့ လုံးဝမလိုပါဘူး ။ သူမဟာ ကမ္ဘာကြီးပေါ်မှာ ပတ်စ်ပို့စ်ရှိဖို့ လုံး၀ မလိုတဲ့ လူအနည်းစုတွေထဲက တစ်ယောက်ဖြစ်ပြီး ဒီလိုစာရင်းထဲ ဝင်နိုင်တဲ့လူဖြစ်ဖို့ကလည်း တစ်ကယ့်ကို သြဇာအာဏာ ကြီးမားတဲ့သူ ဖြစ်မှသာရနိုင်တာပါ။ shwekhitonlinetv.com

၃။ ဘုရင်မကြီးဟာ အခွန်ပေးဆောင်စရာ မလိုပါဘူး ။

အင်္ဂလန်နိုင်ငံမှာ ရှိတဲ့ နိုင်ငံသားတိုင်းဟာ သူတို့ရတဲ့ ဝင်ငွေအချိုးအစားပေါ်မူတည်ပြီး အခွန်ပေးဆောင်ရလေ့ရှိပါတယ်။ အဲလိဇဘတ် ဘုရင်မကြီးကတော့ အခွန်လွတ်ငြိမ်းခွင့် ရထားပေမယ့်လည်း ၁၉၉၂ ခုနှစ်တည်းက သူမဟာ နိုင်ငံတော်အတွက် နှစ်စဉ် အခွန်ပေးဆောင်ခဲ့ပါတယ်။ shwekhitonlinetv.com

၄။ ဘုရင်မကြီးဟာ စစ်ပွဲတစ်ပွဲကို စတင်ဖို့ အမိန့်ပေးနိုင်ပါတယ် ။

အချက်အလက်တွေအရ ဘုရင်မကြီး အဲလိဇဘတ်ဟာ ဘယ်နိုင်ငံမဆို တရားဝင်စစ်ကြေငြာနိုင်ခွင့်ရှိပါတယ်တဲ့ ။ လုပ်ရိုးလုပ်စဉ်တွေအရ ဒီလိုဆုံးဖြတ်ချက်တွေဟာ အင်္ဂလန်နိုင်ငံရဲ့ ပါလီမန်ကနေ အတည်ပြုပေးရတာ ဖြစ်ပေမယ့်လည်း ဘုရင်မကြီးရဲ့ တရားဝင်ခွင့်ပြုချက်လည်း လိုအပ်သေးတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ဘုရင်မကြီးကို တရားစွဲဆိုခွင့် လုံး၀ မရှိရပါဘူး ။

အင်္ဂလန်နိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေအရ ဘုရင်မကြီးကို တရားစွဲဆိုခွင့် လုံး၀ မရှိရပါဘူး ။ ဒါ့အပြင် သူမဟာ တရားရုံးအတွင်းမှာ သက်သေမပြခွင့်လည်း ရှိပါသေးတယ်တဲ့ ။ ဒါ့ကြောင့် အင်္ဂလန်ဘုရင်မကြီးကို တရားစွဲဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စလို့ပဲ ပြောရမှာပါ ။ shwekhitonlinetv.com

၆။ ယူကေ က ကလေးအားလုံးကို ဘုရင်မကြီးက ကာကွယ်ပေးထားပါတယ်။

ဘုရင်မကြီး အဲလိဇဘတ်ကို အင်္ဂလန်နိုင်ငံက ကလေးအားလုံးရဲ့ တရားဝင် အုပ်ထိန်းသူ ( Official guardian ) အဖြစ်သတ်မှတ်ထားပါတယ်။ ဒါ့ကြောင့် ဘုရင်မကြီးသာ ဆန္ဒရှိမယ်ဆိုရင် ဘယ်ကလေးငယ်မဆို ခေါ်ယူ မွေးစားလို့ ရပါတယ်တဲ့ ။ ဒါပေမယ့်လည်း ဘုရင်မကြီးဟာ ဒီလိုမျိုးတစ်ခါမှ လုပ်တဲ့သူ မဟုတ်တဲ့အတွက်ကြောင့် မိဘတွေအနေနဲ့ စိတ်ပူဖို့မလိုပါဘူး ။ shwekhitonlinetv.com

၇။ ဘုရင်မကြီးဟာ ဘယ်ဥပဒေမဆို ချိုးဖောက်ခွင့်ရှိပါတယ် ။

အစောနက အချက်တွေအားလုံးကို ခြုံငုံပြီးပြောရမယ်ဆိုရင် ဘုရင်မကြီးဟာ ဘယ်ဥပဒေမဆို ချိုးဖောက်ခွင့်ရှိပါတယ်တဲ့ ။ အကြောင်းကတော့ အဲလိဇဘတ်ဘုရင်မကြီးဟာ အဂ်လန်နိုင်ငံက ပြဋ္ဌာန်းထားသော ဥပဒေအားလုံးရဲ့ အထက်မှာ ရှိနေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလို လုပ်ပိုင်ခွင့်အာဏာ အပြည့်အ၀ ရထားပေမယ့်လည်း ဘုရင်မကြီးဟာ ယနေ့အချိန် ပလွှားဝင့်ဝါခြင်းမရှိပဲ အေးဆေးတည်ငြိမ်စွာပင် နေထိုင်လျက်ရှိနေပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ အင်္ဂလန်နိုင်ငံက အဲလိဇဘတ် ဘုရင်မကြီးတစ်ဦးတည်းသာ ချိုးဖောက်ခွင့်ရှိတဲ့ ထူးထူးဆန်းဆန်း ဥပဒေတွေကို ဗဟုသုတရစေရန်အတွက် ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကိုစောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။