ကျိကျိတက်အောင် ချမ်းသာပေမယ့်လည်း ရိုးရှင်းတဲ့ အိမ်လေးတွေမှာသာ နေထိုင်ကြတဲ့ Celebrity များ

အခုတစ်ခေါက်မှာတော့ ပရိသတ်ကြီးကို ပြောပြပေးချင်တဲ့ အကြောင်းအရာလေးက ပိုက်ဆံချမ်းသာပေမယ့်လည်း ရိုးရိုးရှင်းရှင်း နေထိုင်တဲ့ Celebrity တွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ် Celebrity တွေက သာမန် အိမ်လေးတွေမှာ နေထိုင်ကြလဲဆိုတာ အောက်က ပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ ရောဘတ် ပတ်တင်ဆန်

နာမည်ကြီး ဟောလိဝုဒ် သရုပ်ဆောင်ဖြစ်တဲ့ ရောဘတ် ပတ်တင်ဆန်ကတော့ သူ့ရဲ့ ရည်းစားဟောင်း ခရစ်စတင်း စတီးဝပ်နဲ့ လမ်းခွဲပြီး နောက်ပိုင်းမှာ အတော်လေး ပြောင်းလဲသွားခဲ့ပါတယ် ။ လမ်းခွဲပြီးတဲ့ နောက်ပိုင်း လော့စ်အိန်ဂျလိစ်မြို့က သူတို့နှစ်ယောက် အတူနေထိုင်ခဲ့တဲ့ ( ၄၀၂၆ စတုရန်းပေ ) ကျယ်တဲ့ အိမ်ကြီးကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ shwekhitonlinetv.com

ဒီ့နောက်မှာတော့ ရောဘတ် ပတ်တင်ဆန် ဟာ လော့အိန်ဂျလိစ် မြို့ထဲကပဲ နောက်ထပ် အိမ်တစ်အိမ်ကို ဝယ်ယူပြီး ရွှေ့ပြောင်းနေထိုင်ခဲ့ပါတယ် ။

သူ့ရဲ့ ချမ်းသာကြွယ်ဝမှုဟာ ဒေါ်လာ (၁၀၀) မီလျံ ကျော်ရှိပြီး အသစ်ဝယ်ယူလိုက်တဲ့ အိမ်ရဲ့ တန်ဖိုးကတော့ ဒေါ်လာ သိန်း ( ၂၀ ) ကျော်လောက်သာ ရှိကာ စတုန်းရန်းပေ ၂၀၀၀ အကျယ်အဝန်း ရှိပါတယ်တဲ့ ။ shwekhitonlinetv.com

၂။ ဂျနီဖာလောရန့်စ်

ဂျနီဖာ လောရန့်စ်ကတော့ ၂၀၁၅ ခုနှစ်တုန်းက ကမ္ဘာပေါ်မှာ ရုပ်ရှင်သရုပ်ဆောင်ကြေး အများဆုံးရတဲ့ မင်းသမီး အဖြစ် Forbes မဂ္ဂဇင်းမှာ ဖော်ပြခြင်း ခံခဲ့ရသူတစ်ဦးပဲ ဖြစ်ပါတယ် ။ ဒီလိုအောင်မြင်နေတဲ့ ကာလတွေတည်းက ဂျနီဖာ ဟာ ဆန်တာမိုနီကာမှာ တည်ရှိတဲ့ ( စတုရန်းပေ ၁၀၀၀ ကျော်တဲ့ ) ကွန်ဒိုမှာပဲ နေထိုင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၂၀၁၂ ခုနှစ်တုန်းက အင်တာဗျူးတစ်ခုမှာ ဂျနီဖာ ပြောခဲ့တာကတော့ “ သူမဟာ ခမ်းခမ်းနား မဟုတ်တဲ့ နေရာမျိုးမှာသာ နေချင်ပြီး ကြီးကျယ်လှတဲ့ စံအိမ်ကြီးထဲ တစ်ယောက်တည်းနေရတာက သူမကိုယ် သူမ ပိုပြီးအထီးကျန်သလိုမျိုး ခံစားရစေတယ်လို့ “ ပြောခဲ့ပါတယ်။

အခုလက်ရှိမှာတော့ ဂျနီဖာ လောရန့်စ် ရဲ့ ချမ်းသာကြွယ်ဝမှူဟာ ဒေါ်လာ ၁၃၄ မီလျံကျော် ပိုင်ဆိုင်ထားပြီး သူမနေချင်တဲ့ သာမန် ပုံစံမျိုးနဲ့ပဲ ရိုးရှင်းစွာ နေထိုင်လျက်ရှိပါတယ် ။ shwekhitonlinetv.com

၃။ မက်သရူး မက်ကောနေ

ဘဝကို ရိုးရှင်းစွာ နေထိုင်လိုတဲ့ နောက်ထပ် Celebrity တစ်ဦးကတော့ နာမည်ကြီး အနုပညာရှင်တစ်ဦးဖြစ်တဲ့ မက်သရူး မက်ကောနေ ပဲ ဖြစ်ပါတယ် ။

မက်သရူးဟာ သမာရိုးကျ မဟုတ်တဲ့ နေထိုင်မှုပုံစံ ( Bohemian Lifestyle ) ကို ကျင့်သုံးနေထိုင်သူ တစ်ဦး ဖြစ်ပြီး လွန်ခဲ့တဲ့နှစ်တွေတည်းက (၂၈ ) စတုရန်းပေသာကျယ်တဲ့ ကားအိမ်လေး ထဲမှာပဲ နေထိုင်ခဲ့တာပါ ။ shwekhitonlinetv.com

သူ့မိန်းမ ကိုယ်ဝန်ရနေတဲ့ အချိန်မှာတော့ ဇနီးမောင်နှံ နှစ်ယောက်ဟာ အိမ်တစ်လုံကို ငှားရမ်းကာ နေထိုင်ခဲ့ပေမယ့်လည်း မက်သရူုးကတော့ သူ့ရဲ့ ကားအိမ်လေးကို အလုပ်ခန်း အဖြစ် အသုံးပြုနေတုန်းပါပဲ ။ မက်သရူးရဲ့ ချမ်းသာကြွယ်ဝမှုဟာ ဒေါ်လာ ( ၁၄၀ မီလျံကျော် ) ရှိပေမယ့်လည်း ပကာသနတွေ မပါပဲနဲ့ အေးချမ်းစွာ နေထိုင်နေတဲ့သူပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄။ အယ်လ်လစ်ဂျာ ဝုဒ်

နောက်ထပ် နာမည်ကြီး အနုပညာရှင်တစ်ဦး ဖြစ်တဲ့ အယ်လ်လစ်ဂျာ ဝုဒ်ကလည်း ခမ်းနားတဲ့ ဇိမ်ခံပစ္စည်းတွေက သူ့ကို ပျော်ရွှင်မှုမပေးနိုင်ဘူးလို့ ပြောပြထားပါတယ် ။ သူဟာ Lord of the rings ဇာတ်ကားထဲက အဓိက ဇာတ်ဆောင်ဖြစ်တဲ့ ဖရိုဒို နေရာကနေ သရုပ်ဆောင်ခဲ့ တာလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂၀၁၃ ခုနှစ်တုန်းက အယ်လ်လစ်ဂျာ ဝုဒ် ဟာ အော်စတင်မြို့က ဒေါ်လာ ၁ မီလျံ တန်ကြေးရှိတဲ့ အိမ်တစ်လုံးကို ဝယ်ယူခဲ့ပါတယ်။ အိမ်ရဲ့ ပုံစံကတော့ Victorian Style ပုံစံမျိုးဖြစ်ပြီး ဒေါ်လာ ၁ မီလျံသာ တန်ကြေးရှိပေမယ့် စတုရန်းပေ ၃၂၀၀ ကျယ်ဝန်း တယ်လို့ သိရပါတယ် ။ shwekhitonlinetv.com

၅။ ဝါရန် ဘတ်ဖတ်

အမေရိကန်နိုင်ငံသား တစ်ဦးဖြစ်တဲ့ ဝါရန် ဘတ်ဖတ်ကို ကမ္ဘာ့အအောင်မြင်ဆုံး ရင်းနှီးမြုပ်နှံသူ တစ်ဦးလို့တောင် တင်စား ခေါ်ဝေါ်ကြပါတယ် ။

ဝါရန် ဘတ်ဖတ်ဟာ ဒေါ်လာ ၇၀.၅ ဘီလျံ အထိ ချမ်းသာ ကြွယ်ဝသူတစ်ဦး ဖြစ်သော်လည်း သူ့ရဲ့ အိမ်လေးကတော့ အတော်ကို ရိုးရှင်း လှပါတယ် ။ ကမ္ဘာ့ အချမ်းသာဆုံး သူဌေး စာရင်းဝင်ထားသူတစ်ဦး ဆိုပေမယ့် ၁၉၅၇ ခုနှစ်တုန်းက ဒေါ်လာ ၃၀၀၀၀ ကျော် ( ယခုကာလ ပေါက်ဈေး ဒေါ်လာ ခြောက်သိန်း ) နဲ့ ဝယ်ထားတဲ့ အိမ်လေးမှာပဲ ယနေ့အချိန်အထိ နေထိုင် နေတာ ဖြစ်ပါတယ် ။ shwekhitonlinetv.com

သူ့ရဲ့ စံအိမ်အသေးစားလေးဟာ အိုမာဟာ မြို့မှာတည်ရှိပြီး စတုန်းပေ ၆၅၀,၀၀ ကျော် ကျယ်ဝန်းကာ အိပ်ခန်း ( ၅ ) ခန်း နဲ့ ရေချိုးခန်း ( ၂ ) ခန်း ပါဝင်ပါတယ် ။ အသက် ( ၈၉ ) နှစ် အရွယ် ရှိပြီဖြစ်တဲ့ ဝါရန် ဘတ်ဖတ်ဟာ သူ့ရဲ့ ချမ်းသာ ကြွယ်ဝမှုနဲ့ဆိုရင် ကမ္ဘာပေါ်က ကြိုက်တဲ့နေရာမှာ နေထိုင်နိုင်ပေမယ့်လည်း သူမွေးဖွားခဲ့တဲ့ မြို့လေးမှာပဲ နေထိုင်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတာ့ ပိုက်ဆံ ချမ်းသာပေမယ့်လည်း သာမန် အိမ်ပုံစံ လေးတွေမှာသာ နေထိုင်ချင်တဲ့ Celebrity အချို့ကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း ထူးဆန်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေ တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။