သမိုင်းတလျှောက် ကြံကြံဖန်ဖန် တီထွင်ခဲ့တဲ့ စစ်လက်နက် (၁၀) မျိုး

ရွှေခေတ်အွန်လိုင်းတီဗီကနေ သမိုင်းတလျှောက် ကြံကြံဖန်ဖန် တီထွင်ခဲ့တဲ့ စစ်လက်နက်တွေအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဘယ်လို စစ်လက်နက်တွေလဲဆိုတာ ကြည့်ရှုလိုက်ကြရအောင်နော် … shwekhitonlinetv.com

၁။ Vespa 150 TAP

ဒါက ကလေးကစားစရာဆိုင်ကယ်မဟုတ်ပါဘူး။ ဆိုင်ကယ်ကိုအမြောက်ပစ်လို့ရအောင်ပါ ဒီဇီုင်းထွင်ထားတာဖြစ်ပါတယ်။ အသုံးပြုရလွယ်ကူပြီး လိုရာပစ်မှတ်ကို ထိနိုင်တယ်လို့ဆိုပါတယ်။ ဒီစစ်လက်နက် ဒီဇိုင်းကို ၁၉၅၀ ခုနှစ်တုန်းက ပြင်သစ်တွေ တီထွင်ခဲ့တာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ German Gustav and Dora Rail Cannons

ပြီးခဲ့တဲ့ ကမ္ဘာစစ်တွေတုန်းက ယနေ့ခေတ်လိုမျိုး တိုးတတ်နေတဲ့စစ်လက်နက်တွေ မတီထွင်နိုင်ကြသေးပါဘူး။ ဒါပေမဲ့ ဂျာမဏီကတော့ အဲ့ခေတ်အဲ့ခါတုန်းက စစ်လက်နက်တီထွင်ရာမှာ အခြားနိုင်ငံတွေထက် ခေတ်ရှေ့ပြေးတယ်လို့လိုဆိုရမှာပါ။ shwekhitonlinetv.com

နာဇီတွေကြီးစိုးခဲ့ချိန်တုန်းက အဆိုပါ အမြောက်ကို ဂျာမနီနဲ့အီတလီနယ်စပ်မှာ ထားရှိဖို့အတွက် တီထွင်ခဲ့တာဖြစ်ပါတယ်။ ဒီ အမြောက်ပာာကမ္ဘာပေါ်မှာ အကြီးမားဆုံးအမြောက်ဖြစ်ခဲ့ပြီး အလေးချိန် ၁၃၄၄ တန် လေးလံတယ်လို့သိရပါတယ်။ ဒီအမြောက်ကို ပစ်ဖို့အတွက် ရထားသံလမ်းလို လမ်းတစ်ခုမှာ ချိတ်ရမှာ ဖြစ်တဲ့တာကြောင့် ရွှေ့ပြောင်းဖို့မလွယ်ကူပါဘူး။ shwekhitonlinetv.com

ဒါ့အပြင် တဖက်ရန်သူကိုထိထိရောက်ရောက် ပစ်ခတ်နိုင်စွမ်းမရှိတဲ့အားနည်းချက် လည်းရှိတာ ကြောင့် ၎င်းအမြောက်စီမံကိန်းကို ဖျက်သိမ်းလိုက်ရတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၃။ လက်ပစ်သေနတ် အမြောက် (Hand Mortar)

ဒီသေနတ်အမြောက်ကို (၁၅၀၀) ပြည့်နှစ်တုန်းက ဒီဇိုင်းထုတ်အသုံးပြုခဲ့တာပါ။ ၎င်းရဲ့ပုံစံပာာ ထိပ်ပိုင်းကရှေးခေတ် သင်္ဘောတွေမှာသုံးတဲ့ အမြောက်ခေါင်းပုံစံဖစ်ပြီး နောက်ပိုင်းက ပစ်လိုရတဲ့သေနတ်ပုံစံပြုလုပ်ထားတာဖြစ်ပါတယ်။ အဆိုပါလက်နက်ကို ၁၅ ရာစု ၁၆ ရာစုနှစ်တွေမှာ ဥရောပနိုင်ငံကစစ်သားတွေအသုံးပြုခဲ့ကြပါတယ်။ shwekhitonlinetv.com

၄။ Maduvu

ရှေးခေတ်အိန္ဒိယလူမျိုးတွေသုံးခဲ့ကြတဲ့ ရိုးရာ လက်နက်တစ်မျိုးဖြစ်ပါတယ်။ သူတို့ကတော့ ဒီလက်နက်ကို ငရဲလက်နက်လို့ လည်းခေါ်ပါတယ်။ ၎င်းရဲ့ ပုံကသဏ္ဏန်ဟာ အလယ်မှာ ကိုင်လို့ရတဲ့ ဒိုင်းပုံစံ အဝိုင်းလေးပါရှိပြီး ဘေးနှစ်ဖက်မှာတော့မိုးကြိုးသွားပုံးစံသံချွန်တွေပါရှိပါတယ်။ shwekhitonlinetv.com

၅။ GreeK Fire

ယနေ့ခေတ်မှာတော့ မီးရှုးတွေကို ပွဲတော်တွေမှာအလှပြဖို့လှေတွေမှာ အချက်ပြဖို့အတွက်သုံးကြပါတယ်။ ဒါပေမဲ့ အရင်တုန်းကဂရိလူမျိုးတွေပာာ မီးရှုးကို လက်နက်အဖြစ် အသုံးပြုခဲ့ကြပါတယ်။ အထူးသဖြင့်။ သင်္ဘောတွေမှာပါ။ တဖက်နဲ့ တဖက်တိုက်ခိုက်တဲ့ အခါ သင်္ဘောပေါ်က ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေအပေါ် အဆိုပါမီးရှုးနဲ့ပစ်လွှတ် တိုက်ခိုက်ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ပစ်စတို နှုတ်ခမ်းနီ (Lipstick pistol)

ထူးထူးဆန်းဆန်း လက်နက်ဖြစ်ပါတယ်။ ဂျိမ်းစဘွန်းရုပ်ရှင်ထဲမှာပဲ ရှိတာမဟုတ်ပါဘူး။ အပြင်မှာတကယ်ရှိတဲ့လက်နက်ဖြစ်ပါတယ်။ အဆိုပါနှုတ်ခမ်းနီပစ်စတိုသေနတ်ကို သွေးအေး စစ်ပွဲတုန်းကဆိုဗီယက်အေးဂျင့်မလေးတွေ သုံးခဲ့တာဖြစ်ပါတယ်။ လူတွေက အဆိုပါလက်နက်ကို “ သေစေနိုင်တဲ့အနမ်း” လို့နာမည်ပေးခဲ့ပါတယ်။ shwekhitonlinetv.com

၇။ ဘာဂျာသေနတ် ( Harmonica Guns )

အဆိုပါ လက်နက်ပာာ ဘာဂျာနဲ့တူပါတယ်။ ဒါပေမဲ့ သင်မှုတ်ချင်မှာတော့ မဟုတ်ပါဘူး။ တကယ်လည်း ဘာဂျာသေနတ်က မှုတ်လို့မရပါဘူ။ ကျည်ဆန်တွေများများဆန့်အောင် ကျည်အိမ်ကိုဘာဂျာပုံစံ ပြုလုပ်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ လင်းနို့ဗုံး (Bat Bomb)

ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန်တွေ ဒီဇိုင်းထုတ်တီထွင်ခဲ့တဲ့ ဗုံးအမျိူးအစားဖြစ်ပါတယ်။ ဒါကိုလင်းနို့လူသားရုပ်ရှင်ထဲမှာ ဘာလို့ထည့်မသုံးခဲ့လည်းတော့ မသိပါဘူး။ အသုံးပြုပုံကတော့ ဗုံးသေးသေးလေးတွေကို လင်းနိ့ရဲ့ ခါးမှာချိတ်ဆွဲပြီး ပျံသန်းစေပါတယ်။ shwekhitonlinetv.com

ပစ်မှတ်ရောက်တဲ့အခါ မှာတော့ဗုံးတွေကိုဖြုတ်ချပြီး ဖောက်ခွဲတာပဲဖြစ်ပါတယ်။ ပြုတ်ကျသွားတဲ့နေရာပာာ မီးလောင်တိုက်သွင်းခံရသလိုပါပဲ။ ဒါပေမဲ့နောက်ပိုင်းတွေမှာတော့ ပိုမိုတိုးတတ်တဲ့ အော်တိုဗုံးတွေကို တီထွင်လာနိုင်ခဲ့တာကြောင့် လင်းနို့ဗုံးပာာ အသုံးမဝင်တော့ပါဘူး။ shwekhitonlinetv.com

၉။ Hypersonic Missiles

အဆိုပါဒုံးကျည်ပာာ မြန်နှုန်းမြင့် လက်နက်တစ်မျိုးဖြစ်ပါတယ်။ ဒီဒုံးကျည်ပာာတစ်နာရီကို ၁၂၀၀၀ မိုင်နှုန်းရောက်ရှိနိုင်ပါတယ်။ ဒါတင်မကပဲ အလိုအလျောက်ကာကွယ်ရေးစနစ်လည်း တပ်ဆင်ထားပါတယ်။ ဒီနေ့ခေတ်မှာလည်း အမေရိကန်၊ ရုရှား နဲ့ တရုတ် တို့ဟာ ဒီဒုံးကျည်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါတယ်။ shwekhitonlinetv.com

၁၀။ Soviet Kamikaze Dogs

ခွေးချစ်တတ်တဲသူတွေတော့ ဒီအပိုင်းကိုကျော်သွားသင့်ပါတယ်။ ဒုတိယကမ္ဘာစစ်မှာတုန်းက ဆိုဗီယက်စစ်သား တွေဟာ တစ်ယောက်ကိုခွေးတစ်ကောင် ပိုင်ဆိုင်ထားကြပါတယ်။ မြေမြုပ်ဗုံးတွေဘာတွေရှိနိုင်တဲ့နေရာ ရန်သူတွေရှိနိုင်တဲ့နေရာတွေကို အဆိုပါခွေးလေးတွေကိုအရင်လွှတ်ပြီး အသေခံခိုင်းကြပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးခဲ့တဲ့ အကြောင်းအရာလေးကတော့ ကြံကြံဖန်ဖန် တီထွင်ခဲ့တဲ့ စစ်လက်နက်များအကြောင်းပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးခဲ့ကြသူတိုင်းကို ကျေးဇူးအထူးတင်ပါတယ်နော်။

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။