ငယ်ငယ်ရွယ်ရွယ်နဲ့ ကမ္ဘာ့စျေးအကြီးဆုံး ပြိုင်ကားတွေကို ပိုင်ဆိုင်ထားကြတဲ့ သူများ

ပရိသတ်ကြီးကို အခုတစ်ခါပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကမ္ဘာ့စျေးအကြီးဆုံး ပြိုင်ကားတွေကို ပိုင်ဆိုင်ကြသူတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီအထဲမှာ ဘယ်သူတွေ ပါမလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com

၁ ။ Lucas and Marcus  Dobre (Ferrari 488 GTB ,  Porsche 911 GT3 RS )

Lucas နဲ့ Marcus Dorbe လို့ ခေါ်တဲ့ အမွှာညီ အစ်ကို နှစ်ယောက်ကတော့‌ သူ့တို့ရဲ့ အိမ်မက်ထဲက နာမည်ကြီးကားတွေကို လက်တွေ့မှာ ဝယ်ယူပြီး ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် သူတို့ရဲ့ မိဘတွေဟာ ချမ်းသာ ကြွယ်၀ကြပြီး မိသားစုဝင်တစ်ဦးချင်းစီတိုင်းမှာ နာမည်ကြီး ကားတစ်စီး စီ ပိုင်ဆိုင်ထားကြတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် သူတို့ ညီအစ်ကို နှစ်ယောက်ရဲ့ Youtube Channel ဟာဆိုရင်လည်း ကြည့်ရှုသူများတဲ့ အထဲမှာ ပါဝင်ပါတယ် ။ shwekhitonlinetv.com

( ၁၉၉၉ ) ခုနှစ် မှာ မွေးဖွားခဲ့ကြတဲ့ Lucas တို့ ညီအကိုတွေဟာဆိုရင် သူတို့ပိုင်ဆိုင်တဲ့ နာမည်ကြီး ပြိုင်ကားတွေကို Social Media ပေါ်မှာ မျှဝေလေ့ရှိတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် သူတို့ရဲ့ Youtube Channel မှာဆိုရင် ညီအစ်ကို နှစ်ယောက် ပေါင်းပြီး ဖန်တီးထားတဲ့ Prank Video တွေကြောင့်လည်း အားပေးသူ များတာကြောင့် ဝင်ငွေ အတော်တော်များများ ရရှိနေတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂ ။ Tanner Fox (Custom Wrapped Nissan GTR )

နောက်ထပ် အသက် ငယ်ငယ်လေးနဲ့ ပြိုင်ကား ပိုင်ဆိုင်ထားသူကတော့ အသက် ( ၂၂ ) နှစ် အရွယ်သာ ရှိသေးတဲ့ Tanner Fox ဆိုသူပဲ ဖြစ်ပါတယ် ။ Tanner ဟာ နာမည်ကြီး Youtuber တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ Youtube Channel မှာဆိုရင် Subscribe လုပ်ထားသူပေါင်း ( ၁၀.၅ ) သန်းကျော် ရှိပါတယ် ။ Tanner ဟာ သူ့ရဲ့ အသက် ( ၁၆ ) နှစ် ပြည့်မွေးနေ့မှာ  သူစိတ်ကူး ယဉ်ခဲ့တဲ့ Nissan GTR ကား အဖြူရောင် ကို ဝယ်ယူခဲ့ပါတယ် ။ ဒါမယ့် ဝယ် ယူပြီး သိပ်မကြာခင်မှာပဲ သူ့စိတ်တိုင်းကျ ထိုကားကို ပြုပြင်ခဲ့ပြီး အသေးစိတ် ဖန်တီးခဲ့ပါသေးတယ် ။ shwekhitonlinetv.com

Tanner ဟာ ငယ်ငယ် ရွယ်ရွယ်နဲ့ ချမ်းသာရတဲ့ အကြောင်းရင်းကတော့ သူ့ရဲ့ Youtube Channel ကနေ ဝင်ငွေ တွေ ရရှိခဲ့သလို Instagram မှာ Followers အများအပြားရှိတာကြောင့် Sponsorship အပြင် ကြော်ငြာတွေကနေပါ ဝင်ငွေ အများကြီး ရရှိနေပါသေးတယ် ။ လက်ရှိမှာတော့ Tanner ဟာ သူ့ရဲ့ Youtube Channel အတွက် Videos တွေကို ဖန်တီးနေတဲ့ အပြင် တစ်ခြား Youtubers တွေရဲ့ အစီအစဉ်တွေမှာလည်း ပါဝင် တင်ဆက်ပေးနေပါသေးတယ် ။ shwekhitonlinetv.com

၃ ။ Steven Aghakhani (McLaren 650S )

Steven Aghakhani ကတော့ အသက် ( ၁၆ ) နှစ်သာ ရှိသေးပေမယ့်လည်း လက်ရှိမှာတော့ IMSA မှ ခွင့်ပြုထားတဲ့ Lamborghini Super Trofeo အတန်းမှာ ဝင်ရောက် ယှဉ်ပြိုင်နေတာပဲ ဖြစ်ပါတယ် ။ ( ၂၀၁၉ ) ခုနှစ် မှာ ကျင်းပခဲ့တဲ့ ကားပြိုင်ပွဲ တစ်ခုမှာလည်း  Steven ဟာ အနိုင်ရပြီး ဗိုလ်စွဲခဲ့ပါသေးတယ် ။ ဒါ့အပြင် Steven ဟာ Blancpain GT3 America series ပြိုင်ပွဲမှာ Mercedes AMG GT3 ကို မောင်းနှင်ကာ ပြိုင်ပွဲ ဝင်ခဲ့ပါသေးတယ် ။ အသက်ငယ်သေးပေမယ့်လည်း Steven အတွက်ကတော့ ပြိုင်ကားတွေနဲ့ သိပ် မစိမ်းတော့ပဲ အကျွမ်းတဝင်ရှိနေတာပါ ။ shwekhitonlinetv.com

သူ့ရဲ့ အဖေဖြစ်သူ Armik Aghakhani ဆိုရင်လည်း ပြိုင်ကား မောင်းသူ တစ်ယောက်ဖြစ်တဲ့ အပြင် နာမည်ကြီး ကားတွေ ဖြစ်တဲ့ Ford GT , Bugatti Veyron, Lamborghinis နဲ့ McLarens လို ကားမျိုးတွေကို ဝယ်ယူပြီး စုဆောင်းထားပါသေးတယ် ။ ဆယ်ကျော်သက် အရွယ်သာ ရှိသေးတဲ့ Steven ကတော့ သူပိုင်ဆိုင်တဲ့ McLaren 650S နဲ့ အတူ ကားပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေကို ရယူထားနိုင်ပြီပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄ ။ တက္ကဆက်ပြည်နယ်က မိန်းကလေး (Lamborghini Gallardo LP570-4 STS )

အခု ပုံမှာ မြင်တွေ့ရတာကတော့ တက္ကဆက်ပြည်နယ်ထဲက အသက် ( ၁၆ ) နှစ် အရွယ်လောက်သာရှိသေးတဲ့ ကောင်မလေး တစ်ယောက်ဟာ နာမည်ကြီး Lamborghini Gallardo LP570-4 STS ကားကို မောင်းပြီး ကျောင်းသွားဖို့ လုပ်နေတာပဲ ဖြစ်ပါတယ် ။ ဒီပုံကိုတော့ Reddit  အသုံးပြုသူ တစ်ယောက်က ရိုက်ကူးခဲ့တာဖြစ်ပြီး Carrollton မှာ ရှိတဲ့ အထက်တန်းကျောင်းတစ်ခုမှာ ကား ပါကင် ထိုးနေတုန်း ရိုက်ခဲ့တာလို့ သူ့ Acc မှာ ပြောပြထားပါတယ် ။ shwekhitonlinetv.com

ကား ပိုင်ရှင် ကောင်မလေးရဲ့ နာမည်ကို မသိရပေမယ့်လည်း အသက်ငယ်ငယ်လေးနဲ့ ဒီလို ပြိုင်ကား အကြီးစားကို မောင်းနိုင်တာ လက်ဖျားခါလောက်စရာပါပဲလို့ ဓာတ်ပုံရိုက်ခဲ့တဲ့ အမျိုးသားက ပြောခဲ့ပါသေးတယ် ။ တက္ကဆက်ပြည်နယ် အပါအဝင် အမေရိကန်နိုင်ငံရဲ့ ပြည်နယ် အားလုံး နီးပါးမှာ အသက် ( ၁၆ ) နှစ် ပြည့်တာနဲ့ ယာဉ်မောင်းလိုင်စင်လုပ်ပြီး ကားမောင်းခွင့်ရှိတာပဲ ဖြစ်ပါတယ် ။ နောက်ထပ်တစ်ခုကတော့ အခုမြင်ရတဲ့ Lamborghini Gallardo LP570-4 STS ကားဟာဆိုရင် Limited Edition အနေနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး ကမ္ဘာပေါ်မှာ ဒီလိုကားမျိုး အစီး ( ၁၄၀ ) ပဲ ရှိတယ်လို့ သိရပါတယ် ။ shwekhitonlinetv.com

၅ ။ Robert Mfune (Bentley Continental GT )

Robert Mfune ကတော့ ကိုယ်တိုင် စီးပွားရေး လုပ်ငန်း လုပ်ကိုင်ခဲ့ပြီး ချမ်းသာခဲ့တဲ့ ဆယ်ကျော်သက်အရွယ် မီလျံနာ သူဌေး တစ်ယောက်ပဲ ဖြစ်ပါတယ် ။ အသက် ( ၁၆ ) နှစ်တုန်းကဆိုရင် Robert ဟာ အချိန်ပိုင်း အလုပ် ( ၂ ) ခုကို လုပ်ခဲ့ရပြီး McDonald နဲ့ ငွေကြေးကုမ္ပဏီက traders တွေကို လဘ္ဘက်ရည် ပို့ပေးရတဲ့ အလုပ်တွေ လုပ်ခဲ့ရတာပါ ။ ငွေကြေး ကုမ္ပဏီမှာ လဘ္ဘက်ရည် ပို့ရင်းနဲ့ Robert ဟာ traders တွေဆီကနေ ပညာတစ်ချို့ သင်ယူခဲ့ပြီး သူကိုယ်တိုင် ငွေကြေးအရောင်းအဝယ် တစ်ချို့ကို စမ်းပြီး လုပ်ခဲ့ပါတယ် ။ shwekhitonlinetv.com

နောက်ပိုင်းမှာတော့ Robert ဟာ လုပ်ငန်းအတွင်းမှာ အောင်မြင်မှုတွေ ရရှိလာပြီး လက်ရှိမှာတော့ နာမည်ကြီး Bentley ကားကို ဝယ်ယူနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ် ။ လေးစားစရာ ကောင်းတဲ့ အချက်ကတော့ Robert တို့မိသားစုဟာ တောင်အာဖရိက ကနေ အင်္ဂလန်ကို ပြောင်းရွှေ့လာတဲ့ အချိန်တုန်းက ငွေကြေး မပြည့်စုံသေးတာကြောင့် Robert ရော သူ့အမေ ပါ အလုပ်သွားတိုင်း ဘက်စ်ကား စီးပြီး သွားခဲ့ရတာပါ ။ ဒါ့ကြောင့် Robert ဟာ သူအောင်မြင်လာတဲ့ အချိန်မှာတော့ အမေဖြစ်သူကို ဘက်စ်ကားမစီး စေချင်တော့ တာကြောင့်‌ သူမ အတွက်ပါ ကားတစ်စီး သီးသန့် ဝယ်ပေးခဲ့ပါသေးတယ်တဲ့ ။ shwekhitonlinetv.com

အခုဖော်ပြပေးခဲ့တာကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကမ္ဘာ့စျေးအကြီးဆုံး ပြိုင်ကားတွေကို ပိုင်ဆိုင်ထားကြတဲ့ သူတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိူး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာ မို့လို့ Shwe Khit ကို စောင့်မျှော် ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com

Be the first to comment

Leave a Reply