တစ်ချိန်လုံး ဖုန်းသုံးနေသူတွေ ခံစားရနိုင်တဲ့ ရောဂါဆန်းတစ်ခု

နည်းပညာတွေ နေ့စဉ်နှင့်အမျှတိုးတက်လာတဲ့ ဒီနေ့လိုခေတ်ကြီးထဲမှာတော့ စမတ်ဖုန်းဆိုတာ လူတိုင်းနီးပါး သုံးစွဲနေကြတဲ့ အသုံးအဆောင် ပစ္စည်းတစ်ခုဖြစ်လာပါတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံမှာဆိုလည်း ဆက်သွယ်ရေး၊ ဖျော်ဖြေရေး အစရှိတဲ့ ကိစ္စရပ်များအတွက် ကျားမအရွယ်မရွေးဟာ စမတ်ဖုန်းများတွေကို အသုံးပြလျှက်ရှိကြပါတယ်။ shwekhitonlinetv.com

ဒါပေမယ့်လည်း အရာရာမှာ အကောင်းအဆိုး ဒွန်တွဲတည်ရှိနေတက်တဲ့ လောက နိယာမတရားအတိုင်း နေ့စဉ်လူမှုဘဝအတွက် မရှိမဖြစ်အသုံးပြုနေကြတဲ့ စမတ်ဖုန်းတွေကနေ ရောဂါဘယ အသစ်အဆန်းတွေဟာလည်း နောက်ဆက်တွဲပါလာခဲ့ပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်မယ့် Video လေးကတော့ စမတ်ဖုန်းတွေကြောင့်ဖြစ်ပေါ်ခံစားရနိုင်တဲ့ ရောဂါဝေဒနာ များထဲမှ လတ်တလော နိုင်ငံတကာဆေးပညာအသိုင်းအဝိုင်းမှာ နာမည်တွင်ကျယ်လာတဲ့ Text Neck လို့ခေါ်တဲ့ ရောဂါအသစ်အဆန်းတစ်ခုအကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဖုန်းအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဇက်ကြောနာကျင်ကိုက်ခဲတဲ့ ရောဂါတစ်ခုလို့ အလွယ်သတ်မှတ်လို့ ရပါတယ်။ ဒီနေရာမှာ ဖုန်းအသုံးပြုခြင်းနဲ့ ဇက်ကြောတက်ခြင်း/နာကျင်ခြင်း ဆက်စပ်မှုရှိသလား မေးစရာရှိနိုင်ပါတယ်။ ဟုတ်ကဲ့ ရာနှုန်းပြည့် ဆက်စပ်မှုရှိပါတယ်။ shwekhitonlinetv.com

ဖုန်းတွေသုံးတဲ့အခါမှာ လူအများစုဟာ ခေါင်းကို အောက်သို့ တစ်ချိန်လုံး ငိုက်ထားရခြင်းကြောင့် လည်ပင်းအရိုးအဆစ်ကို ပုံမှန်မဟုတ်တဲ့ အနေအထားမှာ အကြာကြီး ထားရသလို ဖြစ်စေပါတယ်။ ဒီဟာ အချိန်ကြာတာနဲ့အမျှ လည်ပင်းတစ်ဝိုက်မှာရှိ တဲ့ ကြွက်သားတွေကို တောင့်တင်းနာကျင်စေပါတယ်။ shwekhitonlinetv.com

လည်ပင်းကြွက်သားတွေဟာ ပုံမှန်အနေအထားမှာဆိုရင်တော့ (၁ဝ) ပေါင်ကနေ (၁၂) ပေါင်ထိလေးသော ဦးခေါင်းကို ထမ်းထားရတာဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဖုန်းသုံးနေတဲ့အချိန်မှာ ခေါင်းကို အောက်သို့ ငိုက်စိုက်ထား ရတာကြောင့် လည်ပင်းနဲ့ ပုခုံးမှာရှိတဲ့ ကြွက်သားတွေဟာ များပြားတဲ့ဝန်ပိုတွေကို ထမ်းထားရသလိုဖြစ်စေပါတယ်။ shwekhitonlinetv.com

ပျမ်းမျှအားဖြင့်ပြောရရင် ဒီလိုအနေအထား မျိုးမှာ လည်ပင်းကြွက်သားတွေဟာ ပေါင် (၆ဝ) စာလောက်အလေးချိန်ရှိတဲ့အရာကို ထမ်းထားရတာတယ်လို့ တွေ့ရှိရပါတယ်။ ဒါကြောင့် ဇက်ကြောနဲ့စပ်ဆက်တဲ့ ရောဂါများကိုဖြစ်ပေါ်စေတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီထက်ပိုကြောက်စရာကောင်းတာကတော့ ဖုန်းအသုံးပြုနေတဲ့အချိန်မှာ ကိုယ်နေဟန်ထား မမှန်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်တွင်းက အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အဆုတ်ကို ကောင်းစွာ မကျယ်ပြန့်စေပဲ အဆုတ်ရဲ့စွမ်းဆောင်ရည်တွေကို ကျဆင်းစေတယ်လို့ သိရပါတယ်။ အဆုတ်က အောက်ဆီဂျင် ကောင်းကောင်းမရှူနိုင်ဘူးဆိုရင်တော့ နှလုံးနဲ့ သက်ဆိုင်တဲ့ ဝေဒနာတွေပါ ခံစားရဖို့ရှိပါတယ်။ shwekhitonlinetv.com

ဒီလို ဘေးထွက်ဆိုးကျိုးတွေရှိတာကြောင့် နေစဉ်စမတ်ဖုန်းတွေကို အသုံးပြုနေရတဲ့ သူတွေအတွက် ဇက်ကြောတက် ဇက်ကြောနာ များမှတစ်ဆင့် ရေ့ရှည်မှာ ဖြစ်ပေါ်လာနိုင်တဲ့ရောဂါ များကို ရှောင်ရှားနိုင်ဖို့ အတွက် ဂရုပြုရမယ့်အချက်လေးတွေကို ဖော်ပြရမယ်ဆိုရင်တော့ … shwekhitonlinetv.com

နံပတ် (၁) အချက်ကတော့ ဖုန်းကိုအသုံးပြုနေတဲ့အခါမှာ မိမိရဲ့ ဦးခေါင်းကို မတ်မတ်ထားပါ။

နံပါတ် (၂) အချိန်ကြာကြာ ဖုန်းကိုအသုံးပြီးတိုင်း ပခုံးအပေါ်ဘက်ကြွက်သားနဲ့ လည်ပင်းကြွက်သားများကို အကြောဆန့်ခြင်းမျိုးပြုလုပ်ပါ။

နံပါတ် (၃) အနေနဲ့ကတော့ ဖုန်းအသုံးပြုတဲ့အခါ ဖြစ်နိုင်ရင် ဖုန်းမျက်နှာပြင်ကို မိမိရဲ့ မျက်လုံးနဲ့ တစ်တန်းတည်း ထားကြည့်ဖို့ပဲဖြစ်ပါတယ်။

အကောင်းဆုံး ကတော့ မိမိရဲ့တစ်နေ့တာ ဖုန်းအသုံးပြုချိန်ကို အကန့်အသတ်နဲ့ထားဖို့ ပါပဲ။ မဖြစ်မနေ ဖုန်းများကို အချိန်အတော်ကြာ ထိတွေ့နေရသူတွေအတွက်တော့ ဒီနည်းလမ်းတွေအပြင် လည်ပင်းလေ့ကျင့်ခန်းများကို နေ့စဉ်ပြုလုပ်ခြင်း၊ ဇက်နဲ့ပခုံးလိုနေရာတွေကို ရေနွေးအိတ်ကပ်ခြင်း တွေကို ပြလုပ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ shwekhitonlinetv.com

ဒါ့ကြောင့် အသက်ကို ညဏ်စောင့်ဆိုတဲ့ စကားအတိုင်း ဒီ ဆောင်းပါးလေးကို ဖတ်ရှုပြီးရင်တော့ Shwe Khit ပရိသတ်ကြီးအနေနဲ့ မိမိတို့ရဲ့ကျန်းမာရေး အတွက်ဆိုကျိုးတွေရှိနိုင်တဲ့ စမတ်ဖုန်းတွေကိုအသုံးပြုရာမှာ ဂရုစိုက်ကြဖို့ တိုက်တွန်းရင်း နှုတ်ဆက်လိုက်ပါတယ်နော်။ shwekhitonlinetv.com