ကြုံတွေ့ရတဲ့ အခက်အခဲတွေ ဉာဏ်ကြီးရှင်ပီသစွာ ဖြေရှင်းလိုက်ကြသူများ

အခုတစ်ခေါက်မှာတော့ ရယ်မောစရာလည်း ကောင်းသလို ၊ လေးလည်း လေးစားမိသွားစေလောက်တဲ့ လူတွေအကြောင်းကို ပြောပြပေးမှာပဲ ဖြစ်ပါတယ်။ လူတိုင်းဟာ နေ့စဉ်ဘ၀မှာ အခက်အခဲတွေကို ကြုံတွေ့နေရပြီး ဒီအထဲမှာမှ တစ်ချို့သူတွေကတော့ ရှိတဲ့အရာလေးနဲ့ပဲ အခက်အခဲတွေကို ကျော်လွှားပြီး ဖြတ်ကျော်နိုင်ခဲ့ကြပါတယ်။ ဒီလူတွေ ဘယ်လို ဉာဏ်သုံးပြီး ဖြေရှင်းကြလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com

၁။ ခေတ်သစ်အမှိုက်ပစ်နည်း

ဒီပုံထဲက အမျိုးသားကတော့ အမှိုက်ပစ်ဖို့အတွက် လမ်းလျှောက်သွားရတာကို ငြီးငွေ့နေတဲ့ပုံပါပဲ ။ လမ်းလျှောက်သွားမယ့်အစား ကားကို ဖြေးဖြေးမောင်းပြီး အမှိုက်ပုံးကို ဖြည်းဖြည်းလေး သယ်သွားတာက လွယ်တော့ မလွယ်ပါဘူး ။ shwekhitonlinetv.com

၂။ သွား Spin

တစ်ချိန်တုန်းက လူငယ်တွေ ကြား ခေတ်စားခဲ့တဲ့ Hand Spin လေးတွေကို မှတ်မိကြဦးမှာပါ။ နောက်ပိုင်းမှာတော့ ပိုပြီးတော့ စတန့်ထွင်လာပြီး သွားမှာ ရွှေကွပ်ပြီး Spin အသေးစားလေးကို ထည့်ထားတာကတော့ တစ်ကယ့်ကို အံ့ဩစရာပါပဲ။ shwekhitonlinetv.com

၃။ တစ်ချက်ခုတ် နှစ်ချက်ပြတ်နည်းနဲ့ အားသွင်းနည်း

အခုမြင်နေရတဲ့ ပုံထဲက လူကတော့ တစ်ကယ့်ကို ဉာဏ်ကြီးရှင်လို့ပဲ ပြောရတော့မှာပါ ။ Solar ပြားအသေးစားလေးကို ခေါင်းမှာတင်ပြီး ဖုန်းလည်း အားသွင်းလို့ ရသွားသလို နေအရိပ်ကို ကာပြီးသားလည်း ဖြစ်သွားပါတယ် ။ shwekhitonlinetv.com

၄။ ပန်းကန်မဆေးချင်သူတွေ အကောင်းဆုံးနည်းလမ်း

တစ်ကယ်လို့ သင်ဟာ အစားစားပြီးတိုင်း ပန်းကန်ဆေးရမှာ ပျင်းနေတဲ့သူဆိုရင် ဒီနည်းလမ်းလေးက အသုံးဝင်နိုင်ပါလိမ့်မယ် ။ ပုံထဲက လူတွေကတော့ သူတို့ဟာ ထမင်းစားပြီးတိုင်း ပန်းကန်မဆေးချင်လို့ ဒီနည်းလမ်းလေးအတိုင်း ကျင့်သုံးနေတာ ဖြစ်တယ်လို့ Social Media ပေါ်မှာ တင်ထားခဲ့တာလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ဘီယာခွက်ကို ကိုင်ပြီး မမော့ချင်သောအခါ

တော်တော်များများလူတွေဟာ တစ်ခါတစ်လေတော့လည်း နည်းနည်းတော့ အပျင်းကြီးတတ်တဲ့ အကျင့်လေးတော့ ရှိတတ်ကြစမြဲပါ ။ ဒီပုံထဲက လူကတော့ ဘီယာခွက်ကိုင်ရမှာ ပျင်းလို့ ပိုက်အရှည်ကြီး တတ်ပြီး သောက်နေတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ တစ်ချိန်တည်းမှာ အလုပ်နှစ်ခုတစ်ပြိုင်တည်း လုပ်နည်း

အခုမြင်နေရတဲါ အမျိုးသားကတော့ တစ်ကယ့်ကို Genius ပါပဲ ။ သူဟာ ပြိုင်ပွဲတစ်ခုကို ကြည့်နေရင်း နေရောင် ကာအောင် ဦးထုပ်လည်း ဆောင်းထားတဲ့အပြင် သူ့ဦးထုပ်က နားအုပ်တဲ့ နားကြပ်တပ်ရင် အဆင်မပြေမှန်းသိလို့ နားရဲ့နေရာနားလေးပဲ ကွက်ပြီး ဖြတ်ထားတာပဲ ဖြစ်ပါတယ်။ ဦးထုပ်ပုံစံက ကြည့်မကောင်းတော့ပေမယ့် နားကြပ်တပ်လိုက်ရင်တော့ တော်တော်လေးကို အဆင်ပြေစေပါတယ်။ shwekhitonlinetv.com

၇။ မိုးတွင်းမှာ ရေမစိုပဲ စတိုင်ကျကျ သွားနည်း

ဒီနည်းလမ်းလေးကတော့ သဘောကျစရာ ကောင်းပေမယ့် မလုပ်ကြည့်တာ အကောင်းဆုံးပါ။ မတော်လို့များ ခြေလှမ်းတစ်ချက် မှားသွားတာနဲ့ အောက်က ရေထဲကျသွားပြီး တစ်ကိုယ်လုံး ရွှဲရွှဲစိုသွားစေမယ့် ကိန်းဆိုက်နိုင်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ လတ်တလော ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ကို ဉာဏ်သုံးပြီး ပေါက်ပေါက်ရှာရှာ ဖြေရှင်းလိုက်သူတွေအကြောင်းကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ပုံလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးပါဦးနော်….. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။