ဇနီးဖြစ်သူ၏ ရုပ်အလောင်းကို ၂၁ နှစ်ကြာအောင် အိမ်မှာ သိမ်းထားခဲ့တဲ့ အဖိုးအိုရဲ့ ကြေကွဲဖွယ်အဆုံးသတ်

ခင်ပွန်းသည်ဖြစ်တဲ့သူဟာ ဇနီးဖြစ်သူကို အရမ်းချစ်မြတ်နိုးတာကြောင့် အသက်မဲ့နေတဲ့ ခန္ဓာကိုယ်ကို မီးမသဂြိုဟ်ရက်ဘဲ (၂၁) နှစ်တိုင်တိုင် သိမ်းဆည်းထားတဲ့ ကြေကွဲဖွယ်ဇာတ်လမ်းလေးတစ်ပုဒ်ကို Phet Kasem Bangkok Foundation ဆိုတဲ့ အဖွဲ့အစည်းတစ်ခုက စနေနေ့မှာ Facebook ပေါ်တင်ခဲ့ပါတယ်။ shwekhitonlinetv.com

ဒီအဖွဲ့အစည်းအနေနဲ့လည်း သောကြာနေ့တွင်၊ Sub-Lt-Charn Janwatchakal ဆိုတဲ့ အသက် (၇၂) နှစ်အရွယ် အဘိုးအိုတစ်ယောက်က သူ့ဇနီးဖြစ်သူကို သင့်တော်အောင် သဂြိုဟ်ပေးဖို့ သောကြာနေ့မှာ အကူအညီတောင်းခံလာရာကနေ ဒီဇာတ်လမ်းလေးကို သိရှိခဲ့ကြရတာဖြစ်ပါတယ်။ shwekhitonlinetv.com

ဖောင်ဒေးရှင်းမှ ဝန်ထမ်းများတွေဟာ ဖုန်းခေါ်ဆိုမှုလက်ခံရရှိပြီးတဲ့နောက် ဘန်ကောက်မြို့၊ Bang Khen ခရိုင်မှာရှိတဲ့ Charn ရဲ့နေအိမ်ကို သွားရောက်ခဲ့ကြပါတယ်။ အဲ့ဒီ အိမ်သေးသေးလေးကိုရောက်တဲ့အခါမှာတော့ ဇနီးဖြစ်သူရဲ့ အလောင်းနဲ့ အတူ နေထိုင်နေတဲ့ အဘိုးအိုကို တွေ့ခဲ့ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

အဘိုးအိုရဲ့ ဇနီးဖြစ်သူဟာ (၂၀၀၁) ခုနှစ်ကတည်းကသေဆုံးသွားခဲ့တာဖြစ်ကြောင်းသိရပြီး အဘိုးအိုဟာ (၂၁) နှစ်တိုင်တိုင် ဒီရုပ်အလောင်းကို မသဂြိုဟ်ဘဲနဲ့ ဒီအတိုင်းထားပြီး အတူတကွနေနေခဲ့တာဖြစ်တယ်လို့ လည်းသိရပါတယ်။ shwekhitonlinetv.com

အဘိုးအိုအနေနဲ့ သူ့ရဲ့ဇနီးသေဆုံးမှုကို မှတ်ပုံတင်ထားပြီးဖြစ်တာကြောင့် အလောင်းကိုဖုံးကွယ်ဖျောက်ဖျက်မှု စတာတွေနဲ့ စွဲချက်တင်ခံရခြင်းကတော့ ကင်းဝေးခဲ့ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ (၂၁) နှစ်တိုင်တိုင်ဒီအလောင်းကို ဘယ်လိုသိမ်းဆည်းထားခဲ့သလဲဆိုတာကို Kasem Bangkok Foundation ကတင်တဲ့ ပို့စ်မှာမဖော်ပြထားတာကြောင့် အတော်လေးတော့ စဉ်းစားရခက်လှပါတယ်။ shwekhitonlinetv.com

အဘိုးအိုရဲ့ အကြောင်းပြချက်ကတော့ ရှင်းပါတယ်။ သူ့ဇနီးရဲ့ ရုပ်အလောင်းကို အခုကိုအိမ်မှာထားခဲ့ရခြင်းဟယ သူ့ကို အရမ်းချစ်တာကြောင့်၊ သူ့နဲ့ မခွဲခွာချင်တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ အဘိုးအိုအနေနဲ့ အစကတော့ သူသေဆုံးတဲ့အချိန်အထိ သူ့ဇနီးအလောင်းနဲ့ အတူနေဖို့ရည်ရွယ်ချက်ထားခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ သင့်တော်တဲ့ ဈာပနအခမ်းအနားနဲ့ သဂြိုဟ်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

အဘိုးအိုဟာ ပြီးခဲ့တဲ့ (၂၁) နှစ်လုံးလုံးဝမ်းနည်းပူဆွေးခဲ့ရကြောင်းဆိုခဲ့ပြီး ဖောင်ဒေးရှင်းကဝန်ထမ်းတွေ ရုပ်အလောင်းကိုဖယ်ရှားချိန်မှာတော့ “မင်းကိုချစ်တဲ့ ငါ့အချစ်တွေကမပြောင်းလဲဘူး။ မင်းကို မိနစ်တိုင်းလွမ်းနေတယ်” လို့ပြောဆိုခဲ့ကြောင်းလည်းသိရပါတယ်။ shwekhitonlinetv.com

Charn ဟာတစ်ချိန်ကတပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အရာရှိတစ်ဦးဖြစ်ပြီး သူ့ရဲ့ဇနီးကတော့ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနမှာ အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း ပြောကြားခဲ့ပါတယ်။ သူတို့မှာ ကလေးနှစ်ယောက်ရှိပြီး လက်ရှိအချိန်မှာတော့အရွယ်ရောက်ပြီး သူတို့နဲ့အဝေးမှာနေထိုင်လျက်ရှိတယ်လို့လည်း ဆိုပါတယ်။ shwekhitonlinetv.com

အဘိုးအိုရဲ့ သူ့ဇနီးပေါ်ချစ်မြတ်နိုးမှုတွေနဲ့ သစ္စာတရားကြီးမားပုံတွေကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာတော့လူအများက ချီးကျူးကြသလို စာနာသနားကြသူတွေလည်းရှိခဲ့ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။