နိုင်ငံသားတစ်ဦးချင်းစီအလိုက် ပျမ်းမျှ IQ အမြင့်ဆုံးကမ္ဘာ့နိုင်ငံ (၁၀) နိုင်ငံ

ဒီတစ်ခေါက်မှာတော့ သုတေသနစစ်တမ်းတွေကနေရရှိတဲ့အချက်အလက်တွေအရ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံသားတစ်ဦးချင်းစီအလိုက် ပျမ်းမျှ IQ အမြင့်ဆုံးကမ္ဘာ့နိုင်ငံ (၁၀) နိုင်ငံအကြောင်းကိုဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com

၁၀။ နယ်သာလန် – (၁၀၀.၇၄)

ဒီစာရင်းရဲ့ အဆင့် (၁၀) မှာရှိနေတာကတော့ဥရောပတိုက်ကနယ်သာလန်နိုင်ငံဖြစ်ပါတယ်။ နယ်သာလန်နိုင်ငံဟာလူဦးရေ (၁၇.၄၄) သန်းနေထိုင်တဲ့နိုင်ငံဖြစ်ပြီး နိုင်ငံသားတစ်ဦးချင်းစီရဲ့ ပျမ်းမျှ IQ Level ဟာ (၁၀၀.၇၄) ရှိပါတယ်။ shwekhitonlinetv.com

၉။ လက်ချင်စတိန်း – (၁၀၁.၀၇)

လူဦးရေ (၃၈၀၀၀) ကျော်ပဲရှိတဲ့ ဥရောပနိုင်ငံငယ်လေး လက်ချင်စတိန်းကတော့ဒီစာရင်းရဲ့အဆင့် (၉) နေရာမှာရပ်တည်လျက်ရှိပါတယ်။ လက်ချင်စတိန်းနိုင်ငံသားတစ်ဦးချင်းစီရဲ့ ပျမ်းမျှ IQ Level ကတော့ (၁၀၁.၇) ဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ ဖင်လန် – (၁၀၁.၂၀)

စကင်ဒီနေးဗီးယန်းဒေသနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဖင်လန်နိုင်ငံကတော့ နိုင်ငံသားတစ်ဦးချင်းစီအလိုက်ပျမ်းမျှ IQ Level (၁၀၁.၂၀) ရှိနေပြီး ဒီစာရင်းမှာအဆင့် (၈) ချိတ်ပါတယ်။ ဖင်လန်နိုင်ငံရဲ့ လူဦးရေက (၅.၅) သန်းကျော်ရှိပါတယ်။ shwekhitonlinetv.com

၇။ ဘီလာရုစ် – (၁၀၁.၆၀)

ဥရောပတိုက်က ဘီလာရုစ်နိုင်ငံကတော့ လူဦးရေ (၉.၃) သန်းကျော်နေထိုင်တဲ့နိုင်ငံ ဖြစ်ပြီး နိုင်ငံသားတစ်ဦးချင်းစီရဲ့ ပျမ်းမျှ IQ Level ဟာ (၁၀၁.၆၀) ရှိပါတယ်။ shwekhitonlinetv.com

၆။ တောင်ကိုရီးယား – (၁၀၂.၃၅)

အာရှိတိုက်ရဲ့ နည်းပညာအဖွံ့ဖြိုးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံကတော့ ဒီစာရင်းရဲ့အဆင့် (၆) နေရာမှာရှိပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာစုစုပေါင်း လူဦးရေ (၅၁.၇) သန်းကျော်နေထိုင်လျက်ရှိပြီး နိုင်ငံသားတစ်ဦးချင်းစီရဲ့ ပျမ်းမျှ IQ Level က (၁၀၂.၃၅) ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ တရုတ် – (၁၀၄.၁၀)

ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကတော့ ဒီစာရင်းရဲ့အဆင့် (၅) မှာရှိနေပါတယ်။ တရုတ်နိုင်ငံရဲ့လူဦးရေဟာ (၁.၄) ဘီလီယံကျော်ရှိပြီး နိုင်ငံသားတစ်ဦးချင်းစီရဲ့ IQ Level က (၁၀၄.၁၀) ရှိတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၄။ ဟောင်ကောင် – (၁၀၅.၃၇)

လူဦးရေ (၇.၄) သန်းကျော်ရှိပြီးခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဟောင်ကောင်နိုင်ငံကတော့ ဒီစာရင်းမှာအဆင့် (၄) ဝင်ပါတယ်။ သူတို့နိုင်ငံသားတွေရဲ့ ပျမ်းမျှ IQ Level ဟာ (၁၀၅.၃၇) အထိရှိနေပါတယ်။ shwekhitonlinetv.com

၃။ စင်ကာပူ – (၁၀၅.၈၉)

အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ စင်ကာပူကလည်း နိုင်ငံသားတစ်ဦးချင်းစီအလိုက်ပျမ်းမျှ IQ Level မှာအတော်လေးမြင့်မားတဲ့ နိုင်ငံလို့ဆိုရမှာဖြစ်ပြီး ဒီစာရင်းရဲ့အဆင့် (၃) နေရာမှာရပ်တည်လို့နေပါတယ်။ လူဦးရေ (၅.၆) သန်းကျော်မှာတစ်ဦးချင်းစီရဲ့ပျမ်းမျှ IQ Level က (၁၀၅.၈၉) ရှိပါတယ်။ shwekhitonlinetv.com

၂။ ထိုင်ဝမ် – (၁၀၆.၄၇)

အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ထိုင်ဝမ်ကတော့လူဦးရေ (၂၃.၅) သန်းကျော်နေထိုင်လျှက်ရှိပြီး နိုင်ငံသားတစ်ဦးချင်းစီရဲ့ ပျမ်းမျှ IQ Level ဟာ (၁၀၆.၄၇) အထိရှိပါတယ်။ ဒါကြောင့်ထိုင်ဝမ်နိုင်ငံအနေနဲ့ ဒီစာရင်းမှာဂျပန်ရဲ့နောက် ဒုတိယလိုက်နေတာဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ ဂျပန် – (၁၀၆.၄၉)

ဂျပန်နိုင်ငံကတော့ အာရှတိုက်ရဲ့အတိုးတက်အဖွံ့ဖြိုးဆုံးနိုင်ငံဖြစ်တာနဲ့အညီ ဒီစာရင်းမှာလည်းထိပ်ဆုံးကနေရပ်တည်နေပါတယ်။ ဂျပန်နိုင်ငံမှာလူဦးရေ (၁၂၅.၈) သန်းကျော်နေထိုင်နေပြီးတော့ နိုင်ငံသားတစ်ဦးချင်းစီရဲ့ ပျမ်းမျှ IQ Level က (၁၀၆.၄၉) ရှိတာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။