ငိုအားထက်ရယ်အားသန်စေမယ့် ကြံကြံဖန်ဖန်ဖြစ်ရပ်တွေကြောင့် အသက်ဆုံးရှုံးခဲ့ကြသူများ

တစ်ခါတစ်ရံမှာ လူတွေဟာသေနေ့စေ့တဲ့အချိန်ရောက်ရင် သေမင်းကမဖြစ်မနေလာရောက်ခေါ်ဆောင်ခြင်းကို ခံကြရတက်ပါတယ်။ အဲ့ဒီအချိန်ရောက်ရင် ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ထင်မှတ်ရလောက်တဲ့ အသေးအဖွဲကိစ္စ၊ ဖြစ်ရပ်တွေကနေတစ်ဆင့်လူသားတွေဟာ သေခြင်းတရားကိုရင်ဆိုင်တွေ့ကြုံကြရပါတယ်။ သမိုင်းတစ်လျှောက်မှာလည်း သေနေ့စေ့လို့ မယုံကြည်နိုင်စရာဖြစ်ရပ်တွေကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေအများအပြားရှိခဲ့ဖူူးပါတယ်။ အဲ့ဒီထဲကမှ ကြံကြံဖန်ဖန်အဖြစ်တွေနဲ့ အသက်ဆုံးရှုံးခဲ့ရသူတွေကို ဖော်ပြရရင်တော့ ….. shwekhitonlinetv.com

၁။ အိမ်ခေါင်မိုးကကျွံကျလာတဲ့ နွားပိပြီး အသက်ဆုံးရှုံးခဲ့သူ

ဘရာဇီးလ်နိုင်ငံသားတစ်ဦးဖြစ်တဲ့ Joao Maria de Souza ဆိုသူကတော့ အိပ်ပျော်နေတဲ့အချိန်မှာ သူ့ရဲ့အိမ်ခေါင်မိုးပေါ်ကနေ တစ်တန်လောက်အလေးချိန်ရှိတဲ့နွားမတစ်ကောင် သူ့အပေါ်ကျွံကျခဲ့လို့ အသက်ဆုံးရှုံးခဲ့ရပါတယ်။ သူ့နဲ့အတူအိပ်နေတဲ့ သူ့ရဲ့မိန်းမကတော့ အသက်ဘေးကနေ သီသီလေးလွတ်မြောက်သွားခဲ့ပါတယ်။ shwekhitonlinetv.com

၂။ အာမခံ ကောင်းလို့ အသက်ဆုံးရှုံးခဲ့သူ

ကနေဒါနိုင်ငံ တိုရွန်တို မြို့က အသက် (၃၈) နှစ်အရွယ် ရှေ့နေတစ်ဦးဖြစ်တဲ့ Gary Hoy ကတော့ အာမခံပြီး သရုပ်ပြကောင်းမှုကြောင့်သေဆုံးခဲ့တဲ့သူဖြစ်ပါတယ်။ ဖြစ်ပုံကတော့ သူ့ရုံးမှာတပ်ထားတဲ့ မှန်တွေဟာ မကွဲနိုင်တဲ့ မှန်တွေဖြစ်ကြောင်း ခန္ဓာကိုယ်နဲ့ ပြေးဝင်တိုက်ပြရာကနေ မှန်ဟာမကွဲဘဲ အချပ်လိုက်ပြုတ်ထွက်ခဲ့တာကြောင့် (၂၄) ထပ်အမြင့်ကနေပြုတ်ကျကာ သေဆုံးခဲ့ရတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ မိလ္လာကန်ထဲပြုတ်ကျပြီး အသက်ဆုံးရှုံးခဲ့တဲ့မြို့တော်ဝန်

မေရီလန်းပြည်နယ်၊ ဘတ်တာတန်မြို့တော်ဝန် Monica Meyer ကတော့ သူမရဲ့မြို့မှာရှိတဲ့မိလ္လာကန်တွေကို လိုက်လံစစ်ဆေးနေစဉ်အတွင်း (၁၅) ပေနက်တဲ့ မိလ္လာကန်ထဲကိုပြုတ်ကျပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။ shwekhitonlinetv.com

၄။ တိုက်ပွဲမှဖြတ်ယူလာတဲ့ ဦးခေါင်းပြတ်ကြောင့် အသက်ဆုံးရှုံးခဲ့သူ

ဗိုက်ကင်းရာဇဝင်ထဲက သူရဲကောင်းတစ်ဦးဖြစ်တဲ့ Sigurd The Mighty ဟာ တိုက်ပွဲတစ်ခုမှာ သူဖြတ်ပြီးယူလာခဲ့တဲ့ ရန်သူရဲ့ ဦးခေါင်းပြတ်ကသွားနဲ့ သူ့ရဲ့ပေါင်ကိုခြစ်မိရာကနေတစ်ဆင့် မေးခိုင်ပိုးဝင်ပြီး အသက်ဆုံးရှုံးခဲ့တဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ကခုန်ပြီး အသက်ထွက်ခဲ့ကြသူများ

သမိုင်းမှာနာမည်ကျော်ခဲ့တဲ့ Dance Fever 1518 ကြောင့် ပြင်သစ်နိုင်ငံ စထရာဘော့မြို့မှလူများဟာ အကြောင်းပြချက်မရှိဘဲ ကခုန်ကြရင်းကနေ အမောဆို့ပြီး အသက်ထွက်ခဲ့ကြရပါတယ်။ shwekhitonlinetv.com

၆။ လိမ္မော်ခွံတက်နင်းမိပြီး အသက်ဆုံးခဲ့တဲ့ လူစွန့်စား

Bobbo Leach ဆိုတဲ့သူကတော့ ပေပေါင်း (၁၆၇) ပေမြင့်တဲ့ နာမည်ကျော် နိုင်ရာဂရာ (Niagara) ရေတံခွန်ပေါ်ကနေ အသက်မသေပဲ ခုန်ချပြနိုင်ခဲ့ သူဖြစ်ပါတယ်။ ကံဆိုးချင်တော့ သူဟာ မိတ်ဆက်ပွဲတစ်ခုမှာ လိမ္မော်ခွံကိုတက်နင်းမိပြီး (၄) ပေလောက်မြင့်တဲ့ စင်ပေါ်ကနေပြုတ်ကျကာ ခြေထောက်ကျိုးခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲ့ဒဏ်ရာနဲ့ သူဟာသေဆုံးခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၇။ အတီအထွင်ကောင်းလို့ အသက်ဆုံးခဲ့တဲ့သူ

သြစတြီးယားနိုင်ငံသား အပ်ချုပ်သမားတစ်ဦးဖြစ်တဲ့ Franz Reichelt ဟာ လူသားတွေကို ပျံသန်းစေနိုင်မယ့်ဝတ်စုံတစ်ခုကို တီထွင်ဖန်တီးချုပ်လုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ သူ့ရဲ့ဝတ်စုံကို စမ်းသပ်ပြသတဲ့အနေနဲ့ သူကိုယ်တိုင်ဝတ်ဆင်ပြီး အီဖယ်တာဝါပေါ်ကနေ ခုန်ချပြခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့တီထွင်မှုက အလုပ်မဖြစ်ခဲ့တာကြောင့် သူ့အသက်ပေးခဲ့ရပါတယ်။ shwekhitonlinetv.com

၈။ မိမိမုတ်ဆိတ်မွှေးကြောင့် အသက်ဆုံးရှုံးခဲ့သူ

၁၅၆၇ ခုနှစ်က ကမ္ဘာပေါ်မှာမုတ်ဆိတ်မွှေးအရှည်ဆုံးလို့သတ်မှတ်ခံခဲ့ရတဲ့ ဘရူနာအူနိုင်ငံသား (ယခု သြစကြီးယား) Hans Steininger ဟာ မီးဘေးတစ်ခုမှထွက်ပြေးရင်း သူ့ရဲ့မုတ်ဆိတ်မွှေးကို ပြန်တက်နင်းမိကာ ဇက်ကျိုးပြီး အသက်ထွက်ခဲ့ရပါတယ်။ shwekhitonlinetv.com

၉။ ဘီယာနစ်ပြီး အသက်ဆုံးခဲ့သူများ

လွန်ခဲ့တဲ့ ၁၈၁၄ ခုနှစ်မှာတော့လန်ဒန်မှာရှိတဲ့ ဘီယာချက်စက်ရုံကြီးတစ်ခုဟာပေါက်ကွဲခဲ့ပြီး ဘီယာစည်ပေါင်း (၃၅၀၀) ကျော်ဟာအနီးနားမှာရှိတဲ့လမ်းပေါ်ကိုဖိတ်စင်ကျပြီး ဘီယာတွေဟာရေကြီးသလိုဖြစ်သွားခဲ့ရပါတယ်။ ကံဆိုးတဲ့လူ (၈) ဦးကတော့ဒီဘီယာတွေနစ်မြုပ်ပြီး အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ shwekhitonlinetv.com

၁၀။ ခေါင်းပေါ်လိပ်ပြုတ်ကျလို့ သေဆုံးခဲ့သူ

ဂရိစာဆို Aeschylus ဟာ အိမ်အပြင်ဘက်မှာထိုင်နေတုန်း ကောင်းကင်က သိမ်းငှက်တစ်ကောင်ဟာ လိပ်တစ်ကောင်ကိုချီလာရင်း လွတ်ကျခဲ့ပါတယ်။ အဲ့ဒီသိမ်းငှက်ဆီက လွတ်ကျခဲ့တဲ့ လိပ်ဟာ အက်စ်ကူလက်စ်ရဲ့ ဦးခေါင်းပေါ် တည့်မတ်စွာကျခဲ့ လို့ အက်စ်ကူလက်စ်ဟာ သေဆုံးခဲ့ရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply