လူသူကင်းမဲ့သွားပြီး တစ္ဆေမြို့အဖြစ်ကျော်ကြားတဲ့ ခြောက်ခြားဖွယ်ရာမြို့များ

ကမ္ဘာပေါ်မှာရှိတဲ့ မြို့တွေဟာ တစ်ချိန်ကပျားပန်းခပ် စည်ကားခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လက်ရှိအချိန်မှာ နေထိုင်သူကင်းမယ့်သွားတာမျိုးတွေရှိပါတယ်။ အခုဖော်ပြပေးမယ့် မြို့လေး (၇) မြို့ကတော့ မြို့နေလူထုကစွန့်ပစ်ခဲ့ပြီးနောက်ပိုင်း ကျိန်စာတွေ၊ ဝိညာဉ်တွေခြောက်လှန့်မှု တွေနဲ့သာ ခြောက်ခြားဖွယ်ကျန်ခဲ့ရတဲ့ မြို့လေးတွေအကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ ပိရမစ်ဒန် (Pyramiden) – နော်ဝေ

ပိရမစ်ဒန် (Pyramiden) ဒေသကတော့ ထူးခြားဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေပြီး အာတိတ်စက်ဝန်း နားမှာရှိတဲ့ နော်ဝေးနိုင်ငံ၊ ရှဗားဗာ့ (Svalbard) ကျွန်းဆွယ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒီနေရာဟာ ၁၉၂၇ ကနေ ၁၉၉၈ ခုနှစ်အထိ ဆိုဗီယက် ယူနီယံရဲ့ ကျောက်မီးသွေးတူးဖော်ရာမြို့ကလေး ဖြစ်ခဲ့တယ် လို့လည်းသိရပါတယ်။ နောက်ပိုင်းမှာအားလုံးကမြို့ကို စွန့်ခွာသွားခဲ့ပေမယ့် ထူးဆန်းစွာအကောင်းပကတိ အတိုင်းကျန်ရှိနေတဲ့ အရာတွေရှိနေလို့ နာမည်ကျော်ခဲ့တာလည်းဖြစ်ပါတယ်။ အားကစားခန်းမတစ်ခု၊ ရှေးခေတ်စန္ဒယားတစ်လုံး နဲ့ တေးဂီတ ခန်းမတစ်ခုဟာလက်ရှိအချိန်အထိ အကောင်းအတိုင်းရှိနေတယ် လို့သိရပါတယ်။ ဒီလိုအံ့အားသင့်ဖွယ်အရာတွေနဲ့ အတူ သရဲ၊ တစ္ဆေခြောက်လှန့်မှုတွေလည်းရှိနေတယ် လို့သိရပါတယ်။ shwekhitonlinetv.com

၂။ ဟာကျူလန်နီယန် (Herculaneum) – အီတလီ

အီတလီ နိုင်ငံ နေပယ်မြို့ကနေ (၅) မိုင်လောက်အကွာမှာရှိတဲ့ ဗစ်ဆုဗီယပ် (Vesuvius) မီးတောင်ဟာ နွေရာသီတစ်ခုမှာ ပေါက်ကွဲခဲ့ပါတယ်။ ဒီမီးတောင်ပေါက်ကွဲမှုဟာ သေးငယ်ပြီးချမ်းသာတဲ့ ပင်လယ်ကမ်းခြေ အပန်းဖြေမြို့လေး ဟာကျူလန်နီယန် (Herculaneum) ကိုပြာတွေနဲ့ ကျောက်တုံးတွေကြားမှာ ဖုံးလွှမ်းပစ်လိုက်ပါတယ်။ ယခု အခါလူသူကင်းမဲ့ပြီး ခြောက်ခြားလွန်းလှပေမယ့် ရှေးဟောင်းပစ္စည်း တူးဖော်ရေးလုပ်ငန်းတွေကတော့ ဒီနေရာမှာ ခြေချင်းလိမ်နေပါတယ်။ ဘာလို့လဲဆိုတော့ မှာရှားပါးရှေးဟောင်း ပစ္စည်းအမြောက်အမြားကို ရှာဖွေတွေ့ရှိခဲ့ကြလို့ပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဖွဲ့အစည်းနဲ့ မဟုတ်ဘဲတစ်ကိုယ်တော် သွားဖို့တော့ လူတိုင်းလိုလို ငြင်းဆန်လေ့ရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၃။ ဘန်ဂါ့ (Bhangarh) – India

အိန္ဒိယနိုင်ငံ အနောက်မြောက်ဘက်မှာ တည်ရှိတဲ့ ဘန်ဂါ့ (Bhangarh) မြို့တော်ဟာ (၁၇၂၀) ခုနှစ်နောက်ပိုင်းမှာ ကျုးကျော်သူတွေရဲ့ သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး နောက်ပိုင်းမှာတော့ လျင်မြန်စွာပဲ လူသူကင်းမဲ့တဲ့ တစပြင်တစ်ခုသဖွယ်ဖြစ်သွားခဲ့ပါတယ်။ (၁၇) ရာစုကတည်းက စတင်ပြီး ဘုရားကျောင်းတွေနဲ့ ကဇာတ်ရုံများ၊ ခံတပ်နဲ့ အလယ်ခေတ်ဈေးတို့အပါအဝင် အပျက်အစီးများစွာဟာ နဲ့ ကျန်ရစ်ခဲ့တဲ့ ဒီမြို့မှာ ကျိန်စာများစွာ တိုက်ခြင်းကိုခံခဲ့ရတယ်လို့လည်း ပြောစမှတ်ရှိပါတယ်။ အခုအချိန်ထိလည်း ဘန်ဂါ့ (Bhangarh) မြို့တော်ဟာ တစ္တေတွေနဲ့ ခြောက်ခြားဖွယ်ကောင်းတဲ့ မြို့ပျက်တစ်ခုအဖြစ်ရှိနေဆဲဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ကိုလန်းစ်ကော့ပ် (Kolmanskop) – Namibia

ကိုလန်းစ်ကော့ပ် Kolmanskop မြို့လေးကတော့ နမီးဘီးယား (Namibia) နိုင်ငံရဲ့ နာမစ်ဘ် (Namib) သဲကန္တာရအတွင်းမှာ တည်ရှိပါတယ်။ ဒီသဲကန္တာရထဲက သဲတောင်ပူစာလေးတေရဲ့အနီးတဝိုက် စိန်တွင်းတွေက အလုပ်သမားတွေအခြေချနိုင်ဖို့အတွက် မြို့တည်ခဲ့တာဖြစ်ပါတယ်။ ၁၉၅၀ ခုနှစ်နောက်ပိုင်းမှာတော့ မိုင်းတွင်းအလုပ်သမားတွေဟာဒီမြို့လေးကို စွန့်ပစ်ခဲ့ကြပါတယ်။ အဲဒီအချိန်ကစလို့ သဲကန္တာရဟာ မြို့လေးကို ဝါးမျိုခဲ့တာကြောင့် အိမ်တွေထဲမှာလည်း သဲတွေဟာ ပြည့်လုပြည့်ခင်ဖြစ်နေတာကိုမြင်တွေ့ရမှာပါ။ အချို့အဆောက်အဦးတွေရဲ့ အတွင်းပိုင်းပြင်ဆင်မှုတွေကတော့ အကောင်းအတိုင်းကျန်ရှိနေတုန်းဖြစ်ပေမယ့် ခြောက်ခြားစရာကောင်းလှပါတယ်။ shwekhitonlinetv.com

၅။ ကာယာကွိုင်း (Kayaköy) – တူရကီ

၁၉၂၃ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ ဂရီကိုတာကစ်ချ် (Greco-Turkish) စစ်ပွဲအပြီးမှာ တူရကီနိုင်ငံအတွင်း နေထိုင်နေကြတဲ့ ဂရိလူမျိုး တစ်သန်းခန့်ဟာ ဂရိကိုပြန်ဖို့အတွက် အတင်းအဓမ္မတွန်းအားပေးခံခဲ့ရပါတယ်။ ဒါကြောင့် ဂရိလူမျိုး (၂,၀၀၀) ဝန်းကျင် နေထိုင်ကြတဲ့ တူရကီနိုင်ငံ အနောက်ဘက်မှာရှိတဲ့ ကာယာကွိုင်း (Kayaköy) ရွာလေးဟာ စွန့်ပစ်ခံရပါတော့တယ်။ ယိုယွင်းပျက်စီးနေတဲ့ အိမ်တွေနဲ့ ဂရိရှေးရိုးခရစ်ယာန် ဘုရားကျောင်းနှစ်ခုအပါအဝင် ရွာရဲ့ ကျန်ရှိနေတဲ့ အခြားနေရာတွေကိုတော့ သမိုင်းဝင်နေရာတစ်ခုအဖြစ် ထိန်းသိမ်းထားပါတယ်။ ဒီနေရာမှာ မတရားခံရကာ သေဆုံးခဲ့ပြီး မကျွတ်မလွတ်ဘဲဖြစ်နေတဲ့ ဝိညာဉ်တွေရဲ့ခြောက်လှန့်မှုတွေကို လည်းမကြာခဏဆိုသလို တွေ့ကြုံရတက်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၆။ ဘိုဒီ (Bodie) – ကယ်လီဖိုးနီးယား၊ အမေရိကန်

၁၉၈၇ ခုနှစ်တုန်းကတော့ ကယ်လီဖိုးနီးယားမှာရှိတဲ့ Bodie မြို့လေးဟာ ရွှေတူးလုပ်သားတွေနဲ့ ဆူညံပြီး ပျားပန်းခပ်နေခဲ့တဲ့ မြို့လေးတစ်မြို့ဖြစ်ပါတယ်။ နေထိုင်သူ (၈၅၀၀) ခန့် ရှိတဲ့ ထိုမြို့လေးဟာ သေနတ်ပစ်ပွဲနဲ့ ရန်ပွဲတွေကြောင့် နာမည်ကျော်ပါတယ်။ ဆယ်စုနှစ်တစ်ခုအတွင်းမှာပဲ သတ္တုတွင်းတွေဟာ တဖြည်းဖြည်းလျော့နည်းလာပြီး နေထိုင်သူဦးရေဟာလည်း လျော့ကျလာကာ နောက်ဆုံးမှာတော့ ဘိုဒီ (Bodie) မြို့လေးကို အပြီးအပိုင်စွန့်ပစ်ခဲ့ကြပါတော့တယ်။ ကျန်ရှိနေတဲ့ အဆောက်အအုံ (၁၅၀) လောက် ကတော့ ပိုင်ရှင်တွေချန်ထားခဲ့တဲ့အတိုင်း အတော်များများ အကောင်းအတိုင်းရှိနေပါသေးတယ်။ ဒါပေမယ့် လူသူကင်းမဲ့နေတာကြောင့် ခြောက်ခြားဖွယ်ရာအတိနဲ့ပါ။ shwekhitonlinetv.com

၇။ ဘယ်ချိတဲ့ (Belchite) – စပိန်

စပိန်ပြည်တွင်းစစ်ဖြစ်ပွားခဲ့တဲ့ဲ (၁၉၃၆ – ၁၉၃၉) ခုနှစ်အတောအတွင်းမှာ တော့ ဘယ်ချိတဲ့ (Belchite) မြို့လေးဟာ ပြင်းထန်ရက်စက်မှုတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ စစ်မြေပြင်တစ်ခုဖြစ်ခဲ့ပါတယ်။ ၁၉၃၇ ခုနှစ်မှာတော့ စပိန်ဗိုလ်ချုပ်ကြီး ဖရန်ကိုရဲ့ စစ်တပ်ဟာ ဘယ်ချိတဲ့ (Belchite) မြို့ကိုတိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သမ္မတစနစ်ကိုလိုချင်နေတဲ့ စစ်တပ်ဟာ အဲဒီမြို့ကို ထပ်ပြီးတိုက်ခိုက်ခဲ့တာကြောင့် မြို့တစ်ခုလုံး ရစရာမရှိအောင်ပျက်စီးခဲ့ပြီး ယိုယွင်းပြိုပျက်နေတဲ့ အဆောက်အအုံတွေသာကျန်ရှိခဲ့ပါတယ်။ ဒီလို ခြောက်ခြားဖွယ်ကောင်းတဲ့ ကြမ်းကြုတ်မှုတွေရဲ့ အရိပ်အယောင်တွေထင်ဟပ်နေတဲ့ ဘယ်ချိတဲ့ (Belchite) မြို့လေးကတော့ စပိန်နိုင်ငံ ဇာရာဂိုဇာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိလို့နေပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply