ကမ္ဘာတစ်ဝှမ်းက နိုင်ငံအလိုက် ရိုးရာ လက်ထပ်ပွဲ ဝတ်စုံများ

အခုတစ်ခါမှာတော့ Shwe Khit ပရိသတ်ကြီးအတွက် ဗဟုသုတရစေမယ့် အကြောင်းအရာလေးတစ်ခုကို ပြောပြပေးချင်ပါတယ်နော် ။ ဒါကတော့ နိုင်ငံတစ်နိုင်ငံချင်းစီက ရိုးရာ မင်္ဂလာဆောင် ဝတ်စုံတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ၁၉ ရာစု နောက်ပိုင်းကာလတွေမှာ မင်္ဂလာပွဲကျင်းပတဲ့အခါ အနောက်တိုင်း ဝတ်စုံတွေကို ဝတ်ဆင်ပြီး ကျင်းပကြတာများလာပါတယ် ။ shwekhitonlinetv.com

ဒါပေမယ့်လည်း ရိုးရာဝတ်စုံတွေ ဝတ်ပြီး ကျင်းပတဲ့ မင်္ဂလာပွဲတွေဟာ အရေအတွက် နည်းပါးသွားကြသော်လည်း မပျောက်ကွယ်ကြသေးပါဘူး ။ ဒါ့ကြောင့် အောက်ကပုံလေးတွေမှာ နိုင်ငံအလိုက် ရိုးရာယဉ်ကျေးမှု မင်္ဂလာပွဲဝတ်စုံတွေကို ဖော်ပြပေးထားလို့ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ ဂျပန်နိုင်ငံ

ဂျပန်နိုင်ငံက မင်္ဂလာပွဲ အများစုဟာ အနောက်တိုင်း ဝတ်စုံတွေ ဝတ်ပြီး ကျင်းပလာကြပေမယ့် ရိုးရာဝတ်စုံတွေကိုလည်း ဝတ်ဆင်ပြီး ကျင်းပတဲ့ မင်္ဂလာပွဲတွေလည်း ရှိကြပါသေးတယ်။ ဂျပန်နိုင်ငံရဲ့ ရိုးရာ မင်္ဂလာပွဲ ဝတ်စုံမှာဆိုရင် သတို့သမီးရဲ့ ဝတ်စုံကို uchikake လို့ခေါ်ပြီး ဂါဝန်ကို ပိုးသား ( ဒါမှဟုတ် ) တစ်ခြား နူးညံ့တဲ့ ပိတ်စ အသားနဲ့ ပြုလုပ်ထားကာ အရောင်ကတော့ များသောအားဖြင့် အဖြူရောင်ကိုပဲ သုံးကြပါတယ် ။ သတို့သားတွေရဲ့ ဝတ်စုံကတော့ အနက်ရောင်ကို အသုံးပြုထားပြီး Yukata လို့လည်း ခေါ်ကြပါတယ် ။ shwekhitonlinetv.com

၂။ ဂါနာနိုင်ငံ

ဂါနာနိုင်ငံရဲ့ ရိုးရာ မင်္ဂလာပွဲ ဝတ်စုံကတော့ အရောင်စုံ ပါဝင်တယ်လို့ပဲ ပြောရမှာပါ ။ ဝတ်စုံ တစ်ခုလုံးကို ရောင်စုံ ကာလာခြယ်ထားပြီး မတူညီတဲ့ Pattern တွေ ပါဝင်ပါတယ် ။ နောက်ထပ်ထူးခြားတစ်ခုက မိသားစုဝင် တစ်ခုချင်းစီတိုင်းမှာ ကိုယ်ပိုင် အကျီၤ pattern ဒီဇိုင်းတွေ ရှိကြပါတယ်တဲ့ ။ shwekhitonlinetv.com

၃။ သီရိင်္လကာ နိုင်ငံ

သီရိင်္လကာနိုင်ငံရဲ့ သတို့သမီး ဝတ်စုံဟာဆိုရင် အနောက်တိုင်း နဲ့ အရှေ့တိုင်း ပုံစံကို လှပစွာ ပေါင်းစပ်ဖန်တီးထားတဲ့ ဝတ်စုံပဲ ဖြစ်ပါတယ် ။ သတို့သမီးရဲ့ ပိုးသား စာရီ ကို အနောက်ပိုင်းစတိုင်းနဲ့ လုံခြုံစွာ ဖုံးအုပ်ပေးထားတဲ့ ပုံစံကြောင့် သီရိလင်္ကာ က သတို့သမီးတွေရဲ့ အလှဟာ ပိုပြီး ပေါ်လွင်သွားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄။ စကော့တလန်နိုင်ငံ

စကော့တလန် နိုင်ငံသားတွေရဲ့ ရိုးရာ မင်္ဂလာပွဲ ဝတ်စုံကို Arisaid လို့ ခေါ်ကြပါတယ် ။ ဒီဝတ်စုံမှာဆိုရင် သတို့သားဖြစ်သူဟာ သူ့မျိုးရိုးရဲ့ ဝတ်စုံဖြစ်တဲ့ စကော့တလန် တောင်ပေါ်သား ဂါဝန်ကို ဝတ်ဆင်ကြပါတယ် ။ shwekhitonlinetv.com

နောက်ပြီး မင်္ဂလာပွဲ အခမ်းအနား ပီးသွားရင်တော့ သတို့သားဖြစ်သူက သူ့မျိုးနွယ်စုကို ကိုယ်စားပြု အရောင် ပါဝင်တဲ့ တဘက်ပဝါတစ်ခုကို သတို့သမီးရဲ့ ပခုံးပေါ်မှာ လွှမ်းခြုံပေးပါသေးတယ်တဲ့ ။ ဒီလို လုပ်ပေးရတဲ့ အဓိပ္ပါယ်ကတော့ သတို့သမီးဟာ မင်္ဂလာပွဲ ကျင်းပပြီးနောက်ပိုင်း သတို့သားရဲ့ မိသားစုဝင်တစ်ဦး ဖြစ်သွားပြီဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅။ အီသီယိုးပီးယားနိုင်ငံ

အီသီယိုးပီးယား နိုင်ငံဟာဆိုရင် အာဖရိကတိုက်တစ်ခုလုံးမှာ ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် တရားဝင် သတ်မှတ်ထားတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ် ။ ဒါ့ကြောင့် မင်္ဂလာပွဲအများစုကို Church ကျောင်းများမှာ ကျင်းပကြပြီး ကျင်းပတဲ့ မင်္ဂလာပွဲ အခမ်းအနားပုံစံကတော့ ဂရိ နဲ့ ရုရှားနိုင်ငံတို့က အခမ်းအနားပုံစံတွေနဲ့ ဆင်တူပါတယ် ။ shwekhitonlinetv.com

၆။ အင်ဒိုနီးရှား နိုင်ငံ

အင်ဒိုနီးရှား နိုင်ငံဟာဆိုရင် တိုင်းရင်းသား လူမျိုးစုပေါင်း ၃၀၀ ကျော် ရှိပြီး အဓိက ကိုးကွယ်တဲ့ ဘာသာကြီး ( ၆ ) ခု ရှိတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ် ။ ဒါ့ကြောင့် အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့ မင်္ဂလာပွဲတွေဟာ နယ်မြေတစ်ခုနဲ့ တစ်ခု ၊ ကျွန်းတစ်ကျွန်းနဲ့ မတူပဲ ပုံစံကွဲပြားစွာ ကျင်းပကြလေ့ရှိပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကမ္ဘာတစ်ဝှမ်း နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ ရိုးရာဝတ်စုံ တစ်ချို့ကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးပါဦးနော် ။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။