ကမ္ဘာပေါ်ကနေ လုံးဝ ပျောက်ကွယ်သွားပြီဖြစ်တဲ့ ပင်လယ်၊ မြစ်ချောင်း၊ အင်းအိုင်များ

ပင်လယ်တွေ မြစ်ချောင်းအင်းအိုင်တွေဆိုတာက ဟိုးကမ္ဘာဦးအစကတည်းက သက်ရှိတွေဖြစ်တည်ရေးအတွက် များစွားအထောက်အကူဖြစ်ခဲ့တဲ့ အရာတွေပဲဖြစ်ပါတယ်။

ဒီလိုသဘာဝတရားကြီးက သက်ရှိတွေအတွက် ဖန်တီးပေးထားတဲ့ ပရာတွေဟာ သဘာဝတရားကြောင့်တစ်မျိုး လူသားတွေကြောင့်တစ်ဖုံ ပြန်လည်ပျက်စီးပျောက်ကွယ်လို့ နေပါတယ်။ ဒီနေ့မှာတော့ ဒီလိုဆုံးရှုံးပျောက်ကွယ်သွားခဲ့တဲ့ ပင်လယ်၊ မြစ်ချောင်း၊ အင်းအိုင်တွေထဲကမှ အထင်ရှားဆုံး ပလို့ဆိုနိုင်မယ့် ပင်လယ်၊ မြစ်ချောင်း၊ အင်းအိုင် တွေကို ထုတ်နှုတ်ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com

Poopó Lake

Poopó ရေကန်ဟာ တစ်ချိန်ကဘိုလီးဗီးယားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးရေကန်ဖြစ်ခဲ့ပေမယ့်လည်းလက်ရှိအချိန်မှာတော့ တိမ်ကောခမ်းခြောက်သွားပြီဖြစ်ပါတယ်။ မိုးခေါင်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ရေအိုင်၏အဓိကအရင်းအမြစ်မှ ရေလွှဲခြင်းတို့ဟာ Poopó ရေကန်ကြီးကွယ်ပျောက်သွားရတဲ့ အဓိကအကြောင်းအရင်းတွေပဲဖြစ်ပါတယ်။ ဒီရေကန် အနီးနားမှာနေထိုင်ကြပြီး တံငါသည်အလုပ်နဲ့ အသက်မွေးကြတဲ့ မိသားစု (၅၀၀) လောက်ဟာလည်းရေကန်ကြီး မရှိတော့တာကြောင့်ရွှေ့ပြောင်းသွားခဲ့ပြီဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး Poopó ရေကန်ပျာက်ကွယ်သွားမှုကြောင့် ဂေဟစနစ်ပျက်စီးပြီး ငါးများ၊ တောရိုင်းတိရိစ္ဆာန်များနဲ့ ကြိုးကြာနီတွေ အများအပြားဟာလည်း သေကြေပျက်စီးခဲ့ရပါတယ်။ shwekhitonlinetv.com

Colorado River

Rocky Mountain National Park ကနေစတင်မြစ်ဖျားခံကာ အမေရိကန်နိုင်ငံရဲ့ ပြည်နယ် (၄) ခုကိုဖြတ်သန်းစီးဆင်းသွားတဲ့ ကော်လိုရာဒိုမြစ် (Colorado River) ကတော့ မိုင်ပေါင်း (၁,၄၅၀) လောက်ရှည်လျားတဲ့ မြစ်ကြီးတစ်ခုဖြစ်ပါတယ်။ ဒီမြစ်ကြောတစ်လျောက်မှာ နှစ်ပေါင်းများစွာ မိုးခေါင်ခဲ့တာကြောင့် မြစ်​ဟာတဖြည်းဖြည်းကျဥ်းမြောင်းလာခဲ့ပြီး အချို့နေရာတွေမှာတော့ လုံးဝရေခမ်းခြောက်သွားပြီလို့ သိရပါတယ်။ ဒီလိုမျိုး အရေးပါလှတဲ့ မြစ်တိမ်ကောသွားတာကြောင့် နိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍကိုအတော်လေးထိခိုက်ခဲ့ရတယ်လို့သိရပါတယ်။ shwekhitonlinetv.com

Aral Sea

တစ်ချိန်က ငါးဖမ်းသင်္ဘောတွေ တံငါမြို့လေးျတွနဲ့ စည်းကားခဲ့တဲ့ Aral Sea ကတော့ လူတွေကြောင့်ပျောက်ကွယ်ခဲ့ရတဲ့ ပင်လယ်လို့ဆိုနိုင်ပါတယ်။ ယခင် ဆိုဗီယက်ရုရှားပြည်ထောင်စုထဲက နိုင်ငံငယ်လေးတွေဖြစ်တဲ့ ဥဇဘတ်ကစ္စတန် နိုင်ငံနယ်နိမိတ်အတွင်းမှာရှိတဲ့ Aral Sea ဟာ နှစ်ပေါင်း (၅၀) ကျော်အတွင်းမှာ (၁၀) ပုံ (၁) ပုံပဲကျန်တဲ့ အထိရေတွေခမ်းခြောက်ကုန်တာဖြစ်ပါတယ်။ ဒီလိုမျိုး Aral Sea ရဲ့ရေတွေခမ်း​ခြောက်ကုန်တာဟာ ရုရှားတို့ရဲ့ ဝါဂွမ်းစိုက်ပျိုးရေးအတွက် ပင်လယ်ထဲကိုစီးဝင်နေတဲ့ မြစ်၊ ချောင်းရေကို လွှဲပြောင်းခဲ့ခြင်းကြောင့်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ရေနည်းလာတာနဲ့အမျှပင်လယ်ရေရဲ့ ဆားငံနှုန်းမြင့်တက်လာကာ ဂေဟစနစ်လည်းပျက်စီးခဲ့ရပါတယ်။ နောက်ပိုင်းမှာ ပင်လယ်ကိုရေပြန်ဖြည့်ဖို့အတွက်ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ တစ်ချိန်က ကမ္ဘာ့အကြီးဆုံးပင်လယ်ဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ Aral Sea ကိုကန္တာရတစ်ခုအဖြစ်မြင်တွေ့ရမှာဖြစ်ပြီး များပြားလှတဲ့ သင်္ဘောပျက်တွေဟာ လည်းဒီကန္တာရထဲမှာ တည်ရှိလို့နေပါတော့တယ်။shwekhitonlinetv.com

Lake Chad

ကုလသမ္မဂ (United Nations) ရဲ့အဆိုအရတော့ ဒီရေကန်ကြီးဟာ ၁၉၆၃ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အတွင်း ကန်ထဲမှာရှိတဲ့ ရေပမာဏ (၉၅) ရာခိုင်နှုန်းလောက်ထိ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ တစ်ချိန်က (၃၄) ပေလောက်နက်တဲ့ ကန်ရေဟာလည်း (၅) ပေအနက်သာကျန်ရှိတော့တဲ့အထိကို ရေတွေဆုံးရှုံးခဲ့ရသလို ရေကန် ဧရိယာဟာလည်း များစွာကျုံ့သွားခဲ့တာလည်းဖြစ်ပါတယ်။ သစ်တောများပြုန်းတီးခြင်း၊ မိုးရွာသွန်းမှုပုံစံပြောင်းလဲသွားခြင်း၊ ရေကန်အနီးတစ်ဝိုက်လူနေထူထပ်လာခြင်း၊ စားကျက်မြေများအလွန်အကျွံတိုးချဲ့ခြင်း စတာတွေကရေကန်ကို ပျက်စီးစေတဲ့ အဓိကအကြောင်းအရင်းတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Owens Lake

(၁၉၀၀) ပြည့်နှစ်အစောပိုင်းကာလတွေမှာတော့ Sierra Nevada အရှေ့ပိုင်းမှာရှိတဲ့ Owen Lake ဟာ တစ်ကယ့်ကိုကြီးမားတဲ့ ရေကန်ကြီးဖြစ်ခဲ့ဖူးပါတယ်။ (၁၂) မိုင်အရှည်ရှိပြီး (၈) မိုင်ကျယ်ဝန်းတဲ့ အိုဝင်ရေကန်ကြီးဟာ (Owens Lake) ပျမ်းမျှအနက်ကလည်း ပေ (၅၀) လောက်ထိတောင်ရှိပါသတဲ့။ ဒါပေမယ့် (၁၉၁၃) ခုနှစ်မှာတော့ အိုဝင်ရေကန်ထဲ စီးဆင်းဝင်ရောက်နေတဲ့ ရေအရင်းအမြစ်တွေကို လော့စ်အိန်ဂျလိစ်ရေနှင့်စွမ်းအင်ဌာန (Los Angrles Department of Water and Power – LADWP) ထံလွှဲပြောင်းပေးခဲ့ရပါတယ်။ ဒီလိုလွှဲပေးပြီး မကြာခင်မှာပဲ အိုဝင်ရေကန်ရဲ့ ရေတွေဟာ လျင်မြန်စွာကုန်ခမ်းသွားခဲ့ပြီး လက်ရှိရေအနက်ဖြစ်တဲ့ (၃) ပေအနက်သာကျန်ရှိတော့တဲ့ အထိဖြစ်ခဲ့ရပါတော့တယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် … shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။