သင့်ကို အံ့သြသွားစေမယ့် သတ္တဝါတချို့ရဲ့ ထူးဆန်းလွန်းတဲ့ အပြုအမူများ

အခုတစ်ခါ ပြောပြမယ့် အကြောင်းအရာကတော့ စာသင်ခန်းတွေမှာ မသင်ခဲ့ ရတဲ့ တစ်ချို့သော သတ္တဝါတွေရဲ့ ထူးဆန်းလှတဲ့ အမူအကျင့်တွေ အကြောင်းပဲဖြစ်ပါတယ် ။ ဘယ်လို သတ္တဝါတွေရဲ့ ထူးဆန်းတဲ့ အမူအကျင့်တွေ ပါမလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် . shwekhitonlinetv.com

၁။ သိမ်းငှက်ငယ်တွေဟာ တွင်းထဲက ကြွက်တွေကို အပြင်ထွက်လာဖို့ မြက်ခင်းကို မီးရှို့တတ်ပါတယ် ။

ဒီအချက်ဟာ ယုံရခက် ဖြစ်ပေမယ့်လည်း တစ်ကယ်တမ်းမှာတော့ တစ်ချို့ငှက်တွေဟာ တောမီးပျံ့နှံ့ခြင်းရဲ့ အဓိက တရားခံ ဖြစ်နေတတ်ပါတယ် ။ ဩစတေးလျနိုင်ငံမှာဆိုရင် သတ္တဗေဒပညာရှင်တွေရဲ့ တွေ့ရှိချက်အရ သိမ်းငှက်ငယ်နဲ့ တစ်ချို့သောငှက်တွေဟာ သားကောင်ကို အမဲလိုက်ဖို့အတွက် မီးလောင်ကျွမ်းနေတဲ့ တုတ်ချောင်းတွေကို သူတို့ရဲ့ ခြေသည်းနဲ့ သယ်ဆောင်ပြီး သားကောင်ရှိနေနိုင်တဲ့ မြက်ခင်းခြောက်အပေါ် ပစ်ချလိုက်တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

ဒီလို လုပ်လိုက်လို့ မြက်ခင်းမီးလောင်သွားတဲ့အခါ ပုန်းနေတဲ့ သားကောင်ကို ထွက်လာတဲ့အခါကျရင် အမဲလိုက်ကြတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂။ ဖားတွေဟာ သူ့ဘာသာသူ အေးခဲအောင် လုပ်နိုင်ပါတယ် ။

အချက်အလက်တွေအရ အလာစကာ က ဖားမျိုးစိတ်တစ်မျိုးဟာ ၆လ ကနေ ၇လ အထိ အေးခဲအောင် နေနိုင်တယ်လို့ သိရပါတယ် ။ အလွန်ချမ်းလွန်းတဲ့ ဆောင်းရာသီကို ရောက်လာတဲ့ အခါ ဖားရဲ့ ခန္ဓာကိုယ်ကို ရေခဲတွေနဲ့ ဖုံးအုပ်သွားသောအခါ သူ့ရဲ့ အသည်းနဲ့ နှလုံးဟာ အလုပ်မလုပ်တော့ပဲ သွေးလည်ပတ်မှုဟာလည်း ရပ်တန့်သွားပါတယ် ။ shwekhitonlinetv.com

ဒါပေမယ့် ထူးဆန်းတာတစ်ခုက ဒီဖားမျိုးစိတ်တွေဟာ cryoprotectant လို့ ခေါ်တဲ့ ကိုယ်တွင်းလုပ်ဆောင်ချက် တစ်ခု ရှိပါတယ် ။ ဒီလုပ်ဆောင်ချက်ကတော့ ဖားရဲ့ သွေးတွင်း အေးခဲနေတာတွေကို လျော့ချပေးနိုင်ပြီး တစ်ချို့သော ဇီ၀အရည်တွေဟာ ရေခဲနေစဉ်အတွင်းမှာတောင် အသက်ရှင်နိုင်အောင် ကူညီပေးပါတယ်။ နွေဦးပြန်ရောက်လာတဲ့အခါမှာတော့ ဖားဟာ နောက်တစ်ဖန် ပြန်နိုးလာပြီး ဆက်လက် ရှင်သန်သွားတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ မြင်းကျားတွေရဲ့ အစင်းကြောင်းတွေဟာ ရုပ်ဖျက်ဖို့အတွက် အသုံးမချနိုင်ပါဘူး။

သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့တာကတော့ မြင်ကျားတွေရဲ့ ကိုယ်ပေါ်က အဖြူရောင်နဲ့ အမဲရောင် အစင်းကြောင်းတွေဟာ ရုပ်ဖျက်တဲ့ နေရာမှာ အသုံးပြုတာ မဟုတ်ပဲ အာဖရိကတိုက် က စီစီယင်ကောင်တွေနဲ့ မြင်းယင်ကောင်တွေရဲ့ ရန်ကနေ ကာကွယ်ဖို့အတွက်ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

မြင်းကျားတွေရဲ့ ကိုယ်ပေါ်က ကျဉ်းမြောင်းတဲ့ အစင်းကြောင်းလေးတွေဟာဆိုရင် အင်းဆက်တွေကို မဆွဲဆောင်နိုင်ပါဘူး ။ ဘာကြောင့်လဲဆိုတော့ တိရစ္ဆာန်ရဲ့ ကိုယ်ကို ရောင်ပြန်ဟပ်တဲ့ အလင်းလှိုင်းတွေ ကြောင့်ပဲဖြစ်ပါတယ် ။ shwekhitonlinetv.com

၄။ အရက်ဟာ ငါးတွေကို အေးခဲတဲ့ ဆောင်းရာသီအမှာ အသက်ရှင်အောင် လုပ်ပေးနိုင်ပါတယ် ။

ရွှေငါးတွေဟာ မကြာခင် ဆောင်းရာသီ လာတော့မယ်ဆိုတာကို သိနိုင်တဲ့အတွက်ကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်ကနေ Ethanol ဓာတ်တွေကို ထုတ်လွှတ်လိုက်ပါတယ် ။ ငါးရဲ့ ကိုယ်တွင်းက စပါယ်ရှယ် ပရိုတိန်းတွေဟာ လက်တစ် အက်ဆစ်ကနေ အရက်အဖြစ် ပြောင်းလဲပေးလိုက်ပါတယ်။ ဒီလို မြင့်မားသော Ethanol ပမာဏ ပါဝင်တာကြောင့် ငါးရဲ့ ပါးလွှာတဲ့ ဆဲလ်အမြှေးပါးလေးတွေကို ထိန်းသိမ်းပေးထားနိုင်ပါတယ်။ shwekhitonlinetv.com

၅။ ကြီးမားလွန်းတဲ့ ငါးမန်းတွေဟာ သင့်ကို မကိုက်နိုင်ပါဘူး ။

Basking Shark လို့ခေါ်တဲ့ ငါးမန်းမျိုးစိတ်တွေဟာ ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး ငါးအမျိုးအစားပဲ ဖြစ်ပါတယ်။ Basking Shark တွေဟာ ကြီးမားလှတဲ့ ငါးတွေနဲ့ လူတွေကို မျိုချနိုင်တယ်လို့ ထင်ရပေမယ့်လည်း တစ်ကယ်တမ်းမှာတော့ သူတို့ရဲ့ တစ်ခုတည်းသော အစာဟာ ပုဇွန်သေးသေးလေးတွေပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ သတ္တဝါတစ်ချို့ရဲ့ ထူးဆန်းလှသော အမူအကျင့်တွေကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးပါဦးနော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply