ပင်လယ်သမုဒ္ဒရာတွေထဲက မိုက်ခရိုပလက်စတစ်တွေကို စားသုံးပစ်မယ့် စက်ရုပ်ငါးတွေ အကြောင်း

တရုတ်နိုင်ငံက သိပ္ပံပညာရှင်တွေဟာ ပင်လယ်သမုဒ္ဒရာတွေညစ်ညမ်းမှုကို ကာကွယ်နိုင်ဖို့အတွက် ပင်လယ်သမုဒ္ဒရာတွေထဲက မိုက်ခရိုပလက်စတစ်တွေကို စားသုံးပစ်မယ့် စက်ရုပ်ငါးတွေကို တီထွင်ဖန်တီးခဲ့ကြောင်းသိရပါတယ်။ shwekhitonlinetv.com

ဒီစက်ရုပ်ငါးလေးတွေရဲ့ အရွယ်အစားကတော့ လက်မဝက်ခန့်ပဲရှိပြီး နူးညံ့တဲ့ကိုယ်ထည်ရှိပါတယ်။
လက်ရှိမှာတော့ပင်လယ်ရေတိမ်ပိုင်းတွေမှာ ဒီငါးလေးတွေနဲ့ မိုက်ခရိုပလက်စတစ်တွေကို စတင်စမ်းသပ် စုပ်ယူနေပြီဖြစ်ပါတယ်။ shwekhitonlinetv.com

အနက်ရောင် စက်ရုပ်ငါးကို အလင်းနဲ့ ဓာတ်ရောင်ခြည်ပေးထားပြီး သူတို့ရဲ့ ဆူးတောင်တွေကို ခတ်ပြီးတစ်ကယ့်ငါးတွေလိုမျိုး ခန္ဓာကိုယ်ကိုတွန့်လိမ်ကာကူးခတ်နိုင်ဖို့ ဖန်တီးထားပါတယ်။ သိပ္ပံပညာရှင်တွေအနေနဲ့ အခြားငါးနဲ့ရေသတ္တဝါတွေ ဒါမှမဟုတ် သင်္ဘောတွေနဲ့ ဒီစက်ရုပ်ငါးတွေကို မတိုက်မိစေဖို့ အလင်းရောင်ကို အသုံးပြုပြီးထိန်းချုပ်ထားတယ်လို့ဆိုပါတယ်။ shwekhitonlinetv.com

နောက်ပြီး အခြားငါးတွေအနေနဲ့ ဒီစက်ရုပ်ငါးတွေကို မတော်တဆ စားသုံးမိပါက Polyurethane ဖြင့် ပြုလုပ်ထားတာဖြစ်လို့ ဘေးအန္တရာယ်မရှိဘဲ အလွယ်တကူကြေညက်သွားနိုင်ကြောင်း စီချွမ်တက္ကသိုလ်က သိပ္ပံပညာရှင် Wang Yuyan က ဆိုပါတယ်။ shwekhitonlinetv.com

စက်ရုပ်ငါးတွေဟာ အညစ်အကြေးများကို စုပ်ယူနိုင်ပြီး တစ်ကယ်လို့သူတို့ခန္ဓာကိုယ်ထိခိုက်ပျက်စီးခဲ့ရင်လည်း သူ့အလိုလို ပြန်လည်ကောင်းမွန်လာနိုင်တယ်လို့သိရပါတယ်။ တစ်စက္ကန့်လျှင် ခန္ဓာကိုယ်အလျား 2.76 အထိ ကူးခတ်နိုင်မှာဖြစ်ပါတယ်။shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။