သမိုင်းတစ်လျှောက် ကမ္ဘာမြေမှ လွှတ်တင်ခဲ့သည့် အကြီးမားဆုံး အာကာသယာဉ်များ

ယနေ့အချိန်မှာတော့ မြေကမ္ဘာကနေပြီး အာကာသထဲကိုလွှတ်တင်ခဲ့တဲ့ အာကာသယာဉ်ပေါင်းဟာ အရေအတွက်အတော်လေးကိုများပြားခဲ့ပြီဖြစ်ပါတယ်။ ဒီ အာကာသယာဉ်တွေထဲက အလေးချိန်အများဆုံးနဲ့ အကြီးမားဆုံးအာကာသယာဉ် (၁၀) ခုကိုဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com

၁၀။ Salyut 1

Salyut 1 ကတော့ ၁၉၇၁ ခုနှစ်မှာလွှတ်တင်ခဲ့တဲ့ Russian Space Station ဖြစ်ပြီး အလေးချိန် (၁၈,၉၀၀) ကီလိုဂရမ်ရှိပါတယ်။ shwekhitonlinetv.com

၉။ ATV (Automated Transfer Vehicle)

ဒါကတော့ ဥရောပအာကာသအေဂျင်စီကနေလွှတ်တင်ခဲ့တဲ့ ကုန်တင်အာကာသယာဉ်ဖြစ်ပါတယ်။ သူကတော့ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ခဲ့ပြီး အလေးချိန် ကီလိုဂရမ် (၁၉,၃၅၇) ရှိပါတယ်။ shwekhitonlinetv.com

၈။ Salyut 7

Salyut 7 နောက်ထပ်ရုရှား အာကာသစခန်းကိုလွှတ်တင်ခဲ့တဲ့ ဂြိုဟ်တုဖြစ်ပြီး အလေးချိန် (၁၉,၈၂၄) ကီလိုဂရမ်ရှိပါတယ်။ လုပ်ငန်းဆောင်တာတွေကိုတော့ (၁၉၈၂ ကနေ ၁၉၉၁) ခုနှစ်အထိဆောင်ရွက်ခဲ့တဲ့ Spacecraft တစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Tianhe core module

တရုတ်ပိုင် Tiangong အာကာသစခန်းရဲ့ အုတ်မြစ်ဖြစ်တဲ့ Tianhe core module ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်းကလွှတ်တင်ခဲ့တာပဲဖြစ်ပါတယ်။ သူ့ရဲ့ အလေးချိန်ကတော့ (၂၂,၀၀၀) ကီလိုဂရမ်ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ Apollo Command and Service Module

အမေရိကန်တို့ရဲ့ လကမ္ဘာကိုသွားရောက်ခဲ့တဲ့အာကာသယာဉ်ဖြစ်ပါတယ်။ အလေးချိန် (၂၈,၈၀၀) ကီလိုဂရမ်လေးပြီး ၁၉၆၈ ကနေ ၁၉၇၅ ထိ (၆) နှစ်တာလုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ခဲ့ပါတယ်။ shwekhitonlinetv.com

၅။ Skylab

၁၉၇၃ ကနေ ၁၉၇၉ အထိ အမေရိကန်အာကာသအခြေစိုက်စခန်းမှာ သုတေသနလုပ်ငန်းတာဝန်တွေကိုထမ်းဆောင်ခဲ့တဲ့ Skylab ကတော့ အလေးချိန် (၇၇,၀၀၀) ကီလိုဂရမ်ထိလေးပြီး သူ့ခေတ်သူ့အခါကတော့ အတော်လေးကိုကြီးမားတဲ့ Spacecraft ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Buran

ရုရှားတို့ရဲ့ လူလိုက်ပါခြင်းမရှိဘဲ လွှတ်တင်ခဲ့တဲ့အာကာသယာဉ်ဖြစ်ပါတယ်။ သူ့ကိုလွှတ်တင်ခဲ့တာကတော့ ၁၉၈၈ ခုနှစ်ကဖြစ်ပြီး အလေးချိန် ကီလိုဂရမ်ပေါင်း (၁၀၅,၀၀၀) အထိတောင်ရှိတဲ့ယာဉ်တစ်စီးဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Space Shuttle

အမေရိကန်တို့ရဲ့ ကမ္ဘာပတ်လမ်းကြောင်းထဲလွှတ်တင်ခဲ့တဲ့ အာကာသလွန်းပျံယာဉ်တစ်စီးဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိလုပ်ငန်းတာဝန်တွေကိုထမ်းဆောင်ခဲ့ပြီး အလေးချိန်စုစုပေါင်း (၁၁၀,၀၀၀) ကီလိုဂရမ်လေးလံတဲ့ယာဉ်ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Mir

Mir ကလည်း ရုရှားတို့လွှတ်တင်ခဲ့တဲ့ အာကာသစခန်းတစ်ခုဖြစ်ပါတယ်။ ၁၉၈၆ ကနေ ၂၀၀၁ ခုနှစ်အထိလုပ်ငန်းတာဝန်တွေကို ဆောင်ရွက်ခဲ့တဲ့ Mir ရဲ့အလေးချိန်ကတော့ ကီလိုဂရမ်ပေါင်း (၁၄၀,၀၀၀) ထိရှိပါတယ်။ shwekhitonlinetv.com

၁။ International Space Station

အပြည်ပြည်ဆိုင်ရာအာကာသစခန်း (ISS) ကတော့ ၁၉၉၈ ခုနှစ်ကနေ လက်ရှိအချိန်အထိလုပ်ငန်းတာဝန်တွေကို ထမ်းဆောင်လျက်ရှိတဲ့ အာကာသယာဉ်ကြီးတစ်ခုလို့ဆိုနိုင်ပါတယ်။ ထပ်ပေါင်းပြင်ဆင်မွမ်းမံမှုတွေအရ အလေးချိန်ပိုမိုတိုးမြင့်နိုင်ဖွယ်ရှိပေမယ့် ၂၀၁၁ ခုနှစ်က အရွယ်အစားကို တိုင်းတာခဲ့မှုမှာတော့ အလေးချိန်က (၄၁၉,၇၂၅) ကီလိုဂရမ်ရှိခဲ့ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။