တစုံတယောက်က သင့်အကြောင်းကို တွေးနေတယ်ဆိုတာ သိနိုင်စေမယ့် အချက် (၁၀) ချက်

တခါတလေမှာ အကြောင်းတစုံတရာမရှိပဲ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှု ၊ စိတ်ရဲ့ ပြောင်းလဲမှုတွေကို ကျွန်တော်တို့တွေ ကြုံရလေ့ ရှိပါတယ်။ အဲ့လိုတွေ ဘာကြောင့်ဖြစ်ရလဲဆိုရင်တော့ ကျွန်တော်တို့ဟာ သူများရဲ့ အတွေးတွေထဲမှာ စိုးမိုးနယ်ချဲ့နေတာကြောင့် ဖြစ်တယ်လို့ အကြမ်းဖျင်း သိနိုင်ပါတယ်။​ တစုံတယောက်ရဲ့ အတွေးထဲမှာ သင်ဟာ ဘယ်လိုမျိုး နယ်ချဲ့နေမိလဲဆိုတာ သိချင်ရင်တော့ ဆက်ဖတ်ကြည့်ပါနော်။ shwekhitonlinetv.com

၁။ နှာချေခြင်း

ဒီအယူအဆကတော့ အာရှတွေရဲ့ ယုံကြည်မှုကနေ ဆင်းသက်လာခဲ့တာ ဖြစ်ပါတယ်။ တစုံတယောက်က သင့်အကြောင်းကို တွေးနေမယ်ဆိုရင် နှာခေါင်းဟာ ယားယံလာပြီး အဆက်မပြတ် နှာချေနေမိမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နေမကောင်း အအေးမိလို့ နှာချေတာမျိုးကိုတော့ မဆိုလိုပါဘူးနော်။ တခါပဲ နှာချေမယ်ဆိုရင်တော့ သင့်အကြောင်းကို မကောင်းပြောနေတာ ဖြစ်ပါတယ်တဲ့။ တကယ်လို့ နှစ်ခါနဲ့ အထက် နှာချေမယ်ဆိုရင်တော့ သင့်ရဲ့ ကောင်းကြောင်းကို ပြောနေတာဖြစ်ပြီး သင့်ကို လွမ်းနေတာ ဒါမှမဟုတ် ချစ်မိနေတာကြောင့် ဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com

၂။ ပါးတွေ နားတွေ ရုတ်တရက် ပူလာခြင်း

သင်ဟာ ပါးရိုက်ခံလိုက်ရမယ်ဆိုရင် စပ်ဖျင်းဖျင်းခံစားချက်နဲ့အတူ ပါးဟာလည်း နီရဲလာမှာပဲ ဖြစ်ပါတယ်။ အဲ့လိုပဲ ရုတ်တရက် ပါးတွေ ပူလာမယ်ဆိုရင်တော့ တစုံတယောက်က သင့်ရဲ့ မကောင်းကြောင်းကို ပါးကိုရိုက်သလိုမျိုး ဆိုးဝါးတဲ့အထိ ပြောနေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအခြေအနေမှာ မျက်နှာတခုလုံးဟာ သိသိသာသာပူလာတဲ့ ခံစားချက်မျိုးနဲ့ နီရဲလာမှာ ဖြစ်ပါတယ်။ သင့်ရဲ့ မျက်နှာက ပါးအို့နီလေးတွေနဲ့ ချစ်စရာကောင်းနေမှာ မဟုတ်ပဲ နီရဲနေမှာပါ။ shwekhitonlinetv.com

တကယ်လို့ သင်ဟာ ရှက်ရွံနေတာ ၊ ပူလောင်နေတယ်လို့ မခံစားရတာ ဒါမှမဟုတ် သင့်ရဲ့ ပါးနီကို နီရဲနေအောင် မခြယ်ထားပဲနဲ့ သင့်ရဲ့ ပါးတွေနီရဲနေမယ်ဆိုရင်တော့ တစုံတယောက်က သင့်ကို ချစ်ခင်တဲ့အကြောင်း ပြောနေလို့ပဲ ဖြစ်ပါတယ်။ နားရွက်တွေ နီရဲလာမယ်ဆိုရင်လည်း တစုံတယောက်က သင့်အပေါ် ခံစားချက်ရှိနေတာကြောင့် ဖြစ်တယ်လို့လည်း လူတချို့က ယုံကြည်ကြပါတယ်။ shwekhitonlinetv.com

၃။ ကြို့ထိုးခြင်း

ကြို့ထိုးခြင်းဟာ အရမ်းကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အရာပဲ ဖြစ်ပါတယ်။ များသောအားဖြင့် ထမင်းစားပြီးစ အခြေအနေတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ အဲ့လိုချိန်မျိုးမဟုတ်ပဲ ရုတ်တရက်ကြို့ထိုးတာမျိုးဆိုရင်တော့ တစုံတယောက်က သင့်ရဲ့အကြောင်းကို တွေးနေလို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကောင်းသောတွေးခြင်းမဟုတ်ပဲ သင့်ရဲ့ မကောင်းကြောင်းကို ပြောဆိုတာ တိုင်ကြားတာ လုပ်နေတာကြောင့် ဖြစ်ပါတယ်။ shwekhitonlinetv.com

အဲ့ဒီလို သင့်ကို ကြို့ထိုးအောင် မကောင်းပြောဆိုနေတဲ့သူဟာ သင့်ရဲ့ အနီးနားဝန်းကျင်မှာ ရှိနေပါတယ်တဲ့။ ဆိုလိုတာက အဲ့လူရဲ့ အနားမှာရှိနေမှသာ ကြို့ထိုးနေတာပါ။ မကောင်းကြောင်း ပြောနေတဲ့သူကို သင်ရိပ်မိသွားပြီဆိုရင်တော့ မျက်နှာချင်းဆိုင်ဖြေရှင်းတာ ဒါမှမဟုတ် တခြားနေရာကို ရှောင်ကွင်းပြီးနေတာ လုပ်လိုက်ပါလို့ ဆိုပါတယ်။ shwekhitonlinetv.com

ဒါပေမဲ့ ဒီလိုအခြေအနေမျိုးတွေမှာ ကြို့ထိုးခြင်းကိုတော့ ထည့်မတွက်သင့်ပါဘူးနော်။ အဆိုပါ အခြေအနေတွေကတော့ အစားအများကြီးစားခြင်း ၊ အရက်သေစာ သောက်သုံးထားခြင်း ၊ အစားကို မြန်မြန်စားခြင်း ၊ ပုံမှန်မဟုတ်တဲ့ ခွဲစိတ်ကုသမှု ခံယူထားခြင်း ၊ အာရုံကြောယားယံရောဂါရှိခြင်း နဲ့ ဆေးသောက်သုံးထားမှုရှိခြင်း တို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ရုတ်တရက် မျက်လုံး ယားယံခြင်း လှုပ်ခြင်း

မျက်လုံးတလုံးတည်းက ရုတ်တရက် ယားယံလာတာ မျက်လုံး လှုပ်တာမျိုးခံစားရမယ်ဆိုရင်တော့ သင့်ကို လူတယောက်က သတိရနေလို့ပဲ ဖြစ်ပါတယ်။ သင်ဟာ အမျိုးသားတဦးဆိုရင်တော့ ညာဘက်မျက်လုံးယားယံတာဟာ သင့်ကောင်းကြောင်းကို တွေးနေတာဖြစ်ပြီး ဘယ်ဘက်မျက်လုံးယားယံတာဟာ သင့်အတင်းကို ပြောနေလို့ပဲလို့ ဆိုပါတယ်။ သင်ဟာ အမျိုးသမီးတဦးဆိုရင်တော့ အထက်က အကြောင်းအရာနဲ့ ပြောင်းပြန်မှတ်ယူရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြင်ပအရာတွေကြောင့် မျက်လုံးယားယံတာ အမှုန်ဝင်တာမျိုးတွေကိုတော့ ထည့်မတွက်သင့်ပါဘူးနော်။ shwekhitonlinetv.com

၅။ အစားစားနေချိန် အဆင်မပြေဖြစ်ခြင်း

သင်ဟာ အစားအစာ နှစ်နှစ်ခြိုက်ခြိုက်နဲ့ စားသုံးနေချိန်မှာ ရုတ်တရက် သီးသွားတာ ဒါမှမဟုတ် မျိုချရခက်ခဲသွားတာမျိုး ဖြစ်သွားခဲ့ရင် တစုံတယောက်ရဲ့ အတွေးထဲမှာတော့ သင်ရှိနေပြီလို့ ဆိုလိုပါတယ်။ အဲ့ဒီလူဟာ သင့်ရဲ့ မနီးမဝေးမှာ ရှိနေပြီး သင်နဲ့ပက်သက်တဲ့ စိတ်တင်းကြပ်မှုကို ခံစားနေရတာ ဖြစ်ပါတယ်။ သူ့ရဲ့ စိတ်တင်းကြပ်မှုကို သင့်ရဲ့ ခန္ဓာကိုယ်က သိရှိသွားတာကြောင့် အခုလို မသက်မသာ အခြေအနေကို တွေ့ကြုံနေရတာဖြစ်တယ်လို့ ဆိုလိုပါတယ်။ shwekhitonlinetv.com

တကယ်လို့ သင်က တယောက်တည်း ထမင်းစားနေတဲ့အချိန်မှာ အစာမျိုချရတာ ရုတ်တရက် သီးတာမျိုး ဖြစ်တယ်ဆိုရင်တော့ တယောက်ယောက်ရဲ့ အတွေးထဲမှာ သင်ရှိနေလို့ပဲ ဖြစ်ပါတယ်။ သင်နဲ့ သူက နေရာတွေ ဝေးနေမယ်ဆိုရင်တောင် သူ့စိတ်ထဲက တင်းကြပ်မှုဟာ အားကောင်းတဲ့အတွက် သင့်မှာ ဒီလိုမျိုးတွေ ခံစားနေရတာပါ။ shwekhitonlinetv.com

၆။ အဖြူရောင် ငှက်မွှေးတခုကို တွေ့ရှိခြင်း

သင်ချစ်တဲ့သူတယောက်ကို ဆုံးရှုံးပြီးတဲ့နောက် သင့်အနားမှာ အဖြူရောင်ငှက်မွှေးတခုကို တွေ့ရှိခဲ့မယ်ဆိုရင်တော့ သွားလေသူအတွက် စိတ်ချရပြီလို့ ဆိုပါတယ်။ သင်ချစ်တဲ့သူဟာ ကောင်းမွန်တဲ့ နေရာတခုကို ရောက်ရှိနေပြီး သူအဲ့မှာရှိနေချိန်မှာ သင့်အကြောင်းကို တွေးနေတာကြောင့် အဖြူရောင်ငှက်မွှေးကို သင်ရှာတွေ့မိတာပါတဲ့။ သူအဆင်ပြေနေကြောင်း သင့်ကို ပြောပြချင်တဲ့အတွက် အခုလို ငှက်မွှေးလေးကို ပြသပြီး သိစေတာ ဖြစ်ပါတယ်။ သူတို့ဟာ ကောင်းမွန်တဲ့နေရာကနေ သင့်ကို စောင့်ကြည့်နေပြီး သင့်ကို ပျော်ရွှင်နေဖို့ကိုလည်း မျှော်လင့်နေကြောင်း ပြောပြတာပါတဲ့။ shwekhitonlinetv.com

၇။ ဖြေရှင်းလို့မရတဲ့ အထိအတွေ့ကို ခံစားမိခြင်း

ရုတ်တရက် တယောက်ယောက်က ကိုယ့်ကို လာတို့လိုက်တယ်လို့ ခံစားလိုက်ရပေမဲ့ လှည့်ကြည့်တော့လည်း ဘယ်သူမှ မရှိတဲ့ အခြေအနေမျိုး ကြုံဖူးကြမယ် ထင်ပါတယ်။ ဒီလိုမျိုး ထိတွေ့မှုတွေကို တယ်လီပက်သီ ( telepathy ) ထိတွေ့မှုလို့ ခေါ်ဆိုကြပါတယ်။ တစုံတယောက်က ကိုယ့်ကို ပြင်းပြင်းထန်ထန် သတိရလာတဲ့အခါမျိုးမှာ သူ့ရဲ့ စိတ်စွမ်းအင်ဟာ သင့်ကို လာထိတွေ့တဲ့အထိ ဖြစ်နိုင်ပါတယ်တဲ့ ။ shwekhitonlinetv.com

ကောင်းသော သတိရခြင်းမျိုးလား မကောင်းသော သတိရခြင်းမျိုးလား ဆိုတာကို ခွဲခြားနိုင်တဲ့ နည်းလမ်းတော့ မရှိသေးပါဘူး။ ဒါပေမဲ့ အဆိုပါ အထိအတွေ့မှာ သင့်အနေနဲ့ သာယာတာ စိတ်ကြည်နူးတာမျိုး ခံစားရမယ်ဆိုရင်တော့ တဖက်လူက သင့်အပေါ် ခံစားချက် ရှိနေတာပါ။ တကယ်လို့ ကြောက်ရွံ့တုန်လှုပ်သွားမယ်ဆိုရင်တော့ တဖက်လူက သင့်ကို မုန်းတီးနေတာမျိုး ဖြစ်နိုင်ပါတယ်။ shwekhitonlinetv.com

၈။ ကြက်သီးထခြင်း

ကြက်သီးထတယ်ဆိုတဲ့ လက္ခဏာဟာ တစုံတယောက်က သင့်အကြောင်းတွေးတောနေတယ်ဆိုတာကို သိသာထင်ရှားစေတဲ့ အကောင်းဆုံး လက္ခဏာရပ်ပဲ ဖြစ်ပါတယ်။ ဘာအကြောင်းအရင်းမှ မရှိပဲ ကြက်သီးထလာတာမျိုးဆိုရင်တော့ တစုံတယောက်က သင့်အကြောင်းကို တွေးနေလို့ပဲလို့ ဆိုပါတယ်။ သူ့အတွေးထဲမှာ သင်ဘာလို့ ရှိနေရတာလဲဆိုရင်တော့ သူဟာ သင့်ရဲ့ ဆွဲဆောင်မှုတွေကို ရှာတွေ့သွားပြီး သင်နဲ့ အတူရှိနေချင်လို့ပဲ ဖြစ်ပါတယ်တဲ့။ shwekhitonlinetv.com

၉။ အိမ်မက်ထဲမှာ တွေ့ဆုံခြင်း

မတွေ့တာကြာပြီဖြစ်တဲ့ တစုံတယောက်ကို အိမ်မက်မက်မယ်ဆိုရင်တော့ ထိုတစုံတယောက်က သင့်အကြောင်းကို တွေးနေလို့ပဲ ဖြစ်ပါတယ်တဲ့။ အဆိုပါ တစုံတယောက်ရဲ့ အတွေးက အရမ်းကို အားကောင်းလွန်းတာကြောင့် သင့်ရဲ့ အိမ်မက်တွေနဲ့ ချိတ်ဆက်မိပြီး ရောက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။ အိမ်မက်တွေဟာ အသေးစိတ်မက်လေ့မရှိတာကြောင့် အိမ်မက်ကို အခြေခံပြီး တဖက်လူရဲ့ အတွေးထဲမှာ ကောင်းတာတွေးတာလား ဆိုးတာတွေးတာလားဆိုတာကိုတော့ ခန့်မှန်းလို့မရနိုင်ပါဘူး ။ ဒါပေမဲ့ အိမ်မက်မက်ခြင်းဆိုတဲ့ သဘောတရားဟာ ဆန်းကြယ်လွန်းတာပါတယ်။ ဒါ့ကြောင့် အိမ်မက်ထဲမှာ တွေ့တဲ့သူတိုင်းကလည်း သင့်အကြောင်းကို တွေးတာ ဟုတ်ချင်မှ ဟုတ်မယ်လို့လည်း ဆိုပါတယ်။ shwekhitonlinetv.com

၁၀။ ရုတ်တရက် စိတ်ခံစားချက် ပြောင်းလဲခြင်း

သင်ဟာ ပျော်ရွှင်စရာနေ့ရက်တွေကို ဖြတ်သန်းနေရပေမဲ့ ရုတ်တရက် ဝမ်းနည်းမှုကို ခံစားရတတ်တယ်။ သင့်အတွက် အဆိုးဝါးဆုံး နေ့ရက်တွေကို ဖြတ်သန်းနေရပေမဲ့ ရုတ်တရက် နေရောင်ခြည်ဖြာကျလိုက်သလို နွေးထွေးလာပြီး ပျော်ရွှင်လာတာကို ခံစားရတတ်တယ်။ အရမ်းကို ဒေါသထွက်နေတဲ့အချိန်မှာ ရုတ်တရက် စိတ်သက်သာရာရသွားတာမျိုး ခံစားရတတ်တယ်။ အလုပ်မှာ အာရုံစိုက်ပြီး ကြိုးစားနေပေမဲ့ ရုတ်တရက် ဘာမှမလုပ်ချင်လောက်အောင် ဖြစ်သွားတတ်တယ်။ shwekhitonlinetv.com

အထက်ပါ အခြေအနေမျိုးတွေကို ရုတ်တရက်ကြုံတွေ့ရမယ်ဆိုရင်တော့ သင်ဟာ တစုံတယောက်ရဲ့ အတွေးထဲမှာ ရောက်ရှိနေလို့ပဲ ဖြစ်ပါတယ်။ ရုတ်တရက်ပြောင်းလဲသွားတဲ့ သင့်ရဲ့ စိတ်ခံစားချက်ကို လိုက်ပြီး တဖက်လူရဲ့ အတွေးထဲမှာ သင့်အကြောင်း ကောင်းတာလား မကောင်းတာလားဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးခဲ့တာကတော့ တစုံတယောက်ရဲ့ အတွေးထဲမှာ သင်ရှိနေမယ်ဆိုတာကို သိနိုင်စေတဲ့ အချက် ၁၀ ချက်ပဲ ဖြစ်ပါတယ်။​ ပရိတ်သတ်ကြီးအနေနဲ့ရော ဒီလိုအခြေအနေတွေနဲ့ ကြုံခဲ့ဖူးလားဆိုတာ ဖြေခဲ့ပေးပါဦးနော်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။