NASA က ဖော်ပြထားတဲ့ ဓာတ်ပုံတွေအရ ကမ္ဘာမြေကြီးရဲ့ အကြီးအကျယ်ပြောင်းလဲမှုများ

NASA ရဲ့ဝက်ဆိုဒ်မှာဖော်ပြထားတဲ့ ပုံတွေကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင် လူသားတွေနေထိုင်တဲ့ ကမ္ဘာဂြိုဟ်ကြီးဟာ ပြောင်းလဲမှုတွေအများအပြားဖြစ်ပေါ်နေတာကိုအတိုင်းသားတွေ့မြင်နိုင်ပါလိမ့်မယ်။ ဒီထဲက အသိသာအထင်ရှားဆုံး ပြောင်းလဲခဲ့တဲ့ နေရာဒေသတွေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေကိုနှိုင်းယှဉ်ဖော်ပြရမယ်ဆိုရင်တော့ ….. shwekhitonlinetv.com

၁။ ဒီဓာတ်ပုံလေးကတော့ (၁၉၉၈) ခုနှစ်တုန်းကရိုက်ကူးထားခဲ့တဲ့ အာဂျင်တီးနားနိုင်ငံက Mar Chiquita ရေကန်ကြီးရဲ့ပုံနဲ့ (၂၀၁၁) ခုနှစ်မှာမြင်ရတဲ့ Mar Chiquita ရေကန်ကြီးရဲ့ ပုံကိုနှိုင်းယှဉ်ပြသထားတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ဒါကတော့ ပီရူးနိုင်ငံက Qori Kalis လို့ခေါ်တဲ့ရေခဲမြစ်ဖြစ်ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေခဲတွေအရည်ပျော်သွားတဲ့အပြင် ရေတွေခြောက်ခမ်းပြီး တဖြည်းဖြည်းတိမ်ကောလာတာကို (၁၉၇၈) ခုနှစ်ကပုံနဲ့ (၂၀၁၁) ပုံကို နှိုင်းယှဉ်ကြည့်ရင်သိနိုင်ပါတယ်။ shwekhitonlinetv.com

၃။ ဘရာဇီးနိုင်ငံမှာရှိတဲ့ Rondonia သစ်တောကြီးရဲ့ (၁၉၇၅) ခုနှစ်က အခြေအနေနဲ့ (၂၀၀၉) ခုနှစ်ကအခြေအနေပါ။ shwekhitonlinetv.com

၄။ အမေရိကန်နိုင်ငံ ယူတာ့ပြည်နယ်နဲ့ အရီဇိုးနားပြည်နယ်ကို ဖြတ်သန်းစီးဆင်းနေတဲ့ Powell ရေကန်ကြီးကလည်း (၁၉၉၉) ခုနှစ်ကနေတစ်ဖြည်းဖြည်း တိမ်ကောလာခဲ့ပြီး (၂၀၁၄) ခုနှစ်အရောက်မှာတော့ ရေမရှိတော့လောက်အောင်ကို တိမ်ကောသွားပြီဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ အာရှိတိုက်အလယ်ပိုင်းက Aral ပင်လယ်ကြီးကလည်း (၂၀၀၀) ခုနှစ်ကနေ (၂၀၁၄) ခုနှစ်အတွင်း မယုံကြည်နိုင်လောက်အောင်ကိုပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ဒါကတော့အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ Oroville ရေကန်ကြီးရဲ့ (၂၀၁၀) ခုနှစ်ကပုံနဲ့ (၂၀၁၆) သြဂုတ်လကရိုက်ကူးထားတဲ့ပုံကို နှိုင်းယှဉ်ပြသထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ (၁၉၁၇) ခုနှစ်လောက်ကရေခဲတွေဖုံးလွှမ်းနေခဲ့တဲ့ အလာစကာပြည်နယ်က Pedersen ရေခဲမြစ်နဲ့ ရေခဲတောင်တွေဟာလည်း (၂၀၀၅) ခုနှစ်မှာတော့ ပျောက်ချင်းမလှပျောက်ကွယ်သွားခဲ့ပြီဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ ဒါကလည်း အလာစကာပြည်နယ်မှာပဲရှိတဲ့ Carroll ရေခဲမြစ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀) ကျော်ဖြစ်တဲ့ (၁၉၀၆) ခုနှစ်တုန်းကတော့ ရေအပြည့်နဲ့ဖြစ်ခဲ့ပေမယ့် နောက်ဆုံးဓာတ်ပုံရိုက်ထားခဲ့တဲ့ (၂၀၀၃) ခုနှစ်မှာတော့ ရေတွေမရှိသလောက်ဖြစ်ပြီး သောင်တွေထွန်းနေပြီဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ ကမ္ဘာကျော် အဲ့လ်ပ် (Alps) တောင်တန်းကြီးရဲ့ Matterhorn တောင်ထွဋ်တစ်နေရာဖြစ်ပါတယ်။ (၁၉၆၀) လောက်တုန်းကတော့ ဆီးနှင်းတွေဖုံလွှမ်းနေလို့ နှင်းလျောစီး စကိတ်စီသမားတွေနဲ့စည်ကာားနေခဲ့ပေမယ့် (၂၀၀၅) ခုနှစ်ရိုက်ကူးထားတဲ့ ပုံအရဆိုရင်တော့ နှင်းလျောစီး စကိတ်သမားတွေအတွက် အသက်အန္တရာယ်ရှိမှာ အသေအချာပါ။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။