နျူကလီးယား လက်နက်အများဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံ (၉) နိုင်ငံ

ဒီကနေ့ကမ္ဘာပေါ်မှာရှိတဲ့ လက်နက်တွေထဲမှာမှ လူအစုလိုက်အပြုံလိုက်သေစေနိုင်တဲ့လက်နက်ကတော့ (၄) မျိုးရှိတယ်လို့ အကြမ်းဖျင်းပြောလို့ရမယ်ထင်ပါတယ်။

ဒါတွေကတော့ ဇီဝလက်နက်၊ ဓာတုလက်နက်၊ နျူကလီးယားလက်နက် နဲ့ ရေဒီယိုသတ္တိကြွစေတဲ့လက်နက်တွေပဲဖြစ်ပါတယ်။ ဒီလက်နက် (၄) မျိုးထဲမှာမှ နျူကလီးယားလက်နက်ဟာ ကမ္ဘာပေါ်ကနိုင်ငံအများစု ပိုင်ဆိုင်ထားတဲ့ လက်နက်အမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

စာရင်းတွေအရဆိုရင်တော့ ယနေ့ကမ္ဘာပေါ်မှာ စုစုပေါင်း နျူကလီးယားလက်နက် အရေအတွက် (၁၃,၈၆၅) ထိ ထိရှိနေတယ်လို့သိပါတယ်။ ဒါကတော့ စတော့ဟုမ်းအပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးသုတေသနအင်စတီကျု (SIPRI) ကနေ (၂၀၁၉) ခုနှစ်အတွက် ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ပါဝင်တဲ့ နျူလက်နက်နဲ့သက်ဆိုင်တဲ့ စာရင်းတစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီအရေအတွက်က အလွန်များပြားတယ်လို့ဆိုရမှာဖြစ်ပေမယ့် (၂၀၁၈) ခုနှစ်ထက် လက်နက်အရေအတွက် (၆၀၀) လျော့နည်းသွားတာဖြစ်တယ်လို့လည်းသိရပါတယ်။ shwekhitonlinetv.com

ကမ္ဘာပေါ်မှာရှိတဲ့ နျူကလီးယားလက်နက်အရေအတွက်ဟာ အခုလိုကျဆင်းသွားပေမယ့်လည်း ဒီလက်နက်တွေအပေါ် စိုးရိမ်ပူပန်မှုတွေကတော့ ပိုမိုတိုးမြင့်လျက်ရှိနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး (SIPRI)ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက

“ အဓိကတွေ့ရှိချက်ကတော့ ၂၀၁၈ မှာနျူထိပ်ဖူးတပ်လက်နက် အရေအတွက်သိသိသာသာကျဆင်းသွားပေမယ့် နျူလက်နက်ပိုင်ဆိုင်တဲ့နိုင်ငံအားလုံးကသူတို့ရဲ့လက်နက် တွေကိုခေတ်မီအောင်လုပ်နေကြတာပါပဲ၊ ဒါဟာအလွန်အန္တရာယ်များပြီး စိုးရိမ်စရာကောင်းလှပါတယ်” လို့ပြောကြားခဲ့ဖူးပါတယ်။ shwekhitonlinetv.com

ဒါတင်မကသေးပါဘူး လက်ရှိအချိန်မှာ နျူလက်နက်ပိုင်ဆိုင်ထားနိုင်တယ်လို့ ခန့်မှန်းရတဲ့နိုင်ငံအချို့နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ ပဋ္ဋိပက္ခတွေကြောင့် ဒီစိုးရိမ်မှုတွေဟာ ပိုမိုမြင့်တက်လာလျှက်ရှိနေပါတယ်။ shwekhitonlinetv.com

ပြင်သစ်နာမည်ကျော်သတင်းစာတစ်စောင်ဖြစ်တဲ့ လာထရစ်ဗြူး (La Tribune) ရဲ့ ဖော်ပြချက်အရတော့ (၁၉၈၀) ပြည့်နှစ်ကစပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှာ အက်တမ်လက်နက် ထုတ်လုပ်မှုအရေအတွက်ဟာ သိသိသာသာကျဆင်းတယ်လို့သိရပါတယ်။ ဒါပေမယ့်လည်း ယခုအချိန်အထိကမ္ဘာပေါ်မှာ ဖျက်အားပြင်း လက်နက်အမြောက်အမြားကျန်ရှိနေသေးသလို ဒါတွေက တစ်ချိန်မှာ နျူကလီးယားစစ်ပွဲတစ်ခုကို ဦးတည်နေတယ်လို့လည်း အရိပ်အမြွတ်ဖော်ပြခဲ့ပါတယ်။ shwekhitonlinetv.com

ဒါကြောင့် ဒီနေ့ အကြောင်းအရာလေးမှာတော့ ၂၀၂၀ ခုနှစ် နှစ်စပိုင်းမှာ ကောက်ယူထားတဲ့စစ်တမ်းတွေအရ ကမ္ဘာပေါ်က နျူကလီးယားထိပ်ဖူးတပ် လက်နက်အများဆုံးပိုင်ဆိုင်ထားတဲ့ နိုင်ငံ (၉) နိုင်ငံကို ဖော်ပြပေးလိုက်ပါတယ်။ shwekhitonlinetv.com

၉။ မြောက်ကိုရီးယား (၂၀-၃၀)

မြောက်ကိုရီးယားနိုင်ငံဟာ (၂၀၀၆) ခုနှစ်ကနေစတင်ပြီးတော့ နျူကလီယားလက်နက်စမ်းသပ်မှု (၆) ကြိမ်အထိပြုလုပ်ခဲ့ပြီး တစ်ကြိမ်ထက်တစ်ကြိမ် စမ်းသပ်တဲ့ လက်နက်တွေက ပိုမိုကြီးမားခဲ့လို့ ကမ္ဘာ့နိုင်ငံအသီးသီးက စိုးရိမ်တကြီးစောင့်ကြည့်နေခဲ့တာ ယနေ့ချိန်ထိအောင်ပဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိ မြောက်ကိုရီးယားနိုင်ငံဟာ စမ်းသပ်အောင်မြင်ထားတဲ့ နျူထိပ်ဖူးတပ် လက်နက်ပေါင်း (၂၀ ကနေ ၃၀) အထိ ပိုင်ဆိုင်ထားတယ်လို့ လျှို့ဝှက်သတင်းပေါက်ကြားမှုတွေအရသိရပါတယ်။ shwekhitonlinetv.com

၈။ အစ္စရေးလ် (၈၀-၉၀)

ကမ္ဘာ့ကုလသမ္မဂ အဖွဲ့ရဲ့ ကိုင်တွယ်ရခက်ခဲတဲ့နိုင်ငံတွေထဲမှာ အစ္စရေးနိုင်ငံဟာလည်း တစ်နိုင်ငံအပါအဝင်ဖြစ်ပါတယ်။ တားမြစ်ထားတဲ့ နျူလက်နက်များထိန်းချုပ်ကန့်သတ်ရေး သဘောတူစာချုပ်ကိုလည်း လက်မှတ်ထိုးဖို့ ငြင်းဆန်ထားတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ သူတို့ပိုင်ဆိုင်တဲ့ နျူကလီးယားထိပ်ဖူးတပ် လက်နက်အရေအတွက်ကတော့ (၈၀) ကနေ (၉၀) လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ shwekhitonlinetv.com

၇။ အိန္ဒိယ (၁၃၀-၁၄၀)

၂၀၁၈ ခုနှစ်အတွင်းမှာ နျူကလီးယားလက်နက် နဲ့ သက်ဆိုင်တဲ့မူဝါဒတစ်ရပ်ကို အိန္ဒိယနိုင်ငံအနေနဲ့ ပြုပြင်ခဲ့တယ်လို့သိရပါတယ်။ ယခင်က အိန္ဒိယနိုင်ငံဟာ နျူလက်နက်အသုံးပြုမှှုကို အကြီးအကျယ်ရှုံ့ချခဲ့ဖူးပြီး “No First Use” ဆိုတဲ့မူဝါဒကို ကိုင်စွဲထားတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုရုတ်တရက် သူတို့ရဲ့မူဝါဒ ကိုပြင်ဆင်ပြောင်းလဲလိုက်တာကြောင့် အိန္ဒိယဟာလည်း စောင့်ကြည့်ရမယ့်နိုင်ငံတစ်နိုင်ဖြစ်လာပါတယ်။ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ပါကစ္စတန်နဲ့ သိပ်ပြေလည်မှုမရှိတဲ့ သူတို့မှာလည်း နျူလက်နက် (၁၃၀) ကနေ (၁၄၀) လောက် ပိုင်ဆိုင်ထားတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၆။ ပါကစ္စတန် (၁၅၀-၁၆၀)

၁၉၇၂ က ဝန်ကြီးချုပ် ဇူလ်ဖီကာအလီဘူတို ရဲ့ လက်အောက်မှာ ပါကစ္စတန်ရဲ့ နျူလက်နက်စီမီကိန်းတွေဟာ အရှိန်အဟုန်နဲ့တိုးတက်လာခဲ့ပါတယ်။ ဒါကြောင့်လည်း ၂၀၁၉ ခုနှစ်အတွင်းကောက်ယူတဲ့ စစ်တမ်းတွေမှာ ပါကစ္စတန်ဟာ အိန္ဒိယနိုင်ငံထက်တောင် နျူထိပ်ဖူးတပ် လက်နက်ပိုမိုပိုင်ဆိုင်ထားကြောင်း တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ နျူထိပ်ဖူးတပ်လက်နက်အရေအတွက် စုစုပေါင်း (၁၆၀) နီးပါး ပါကစ္စတန်မှာ ရှိနေပါတယ်။ shwekhitonlinetv.com

၅။ ယူနိုက်တက်ကင်းဒမ်း (၂၁၅) ၊ (၁၂၀) အသင့်တပ်ဆင်ထား

မကြာသေးတဲ့နှစ်အနည်းငယ်အတွင်းက ဥရောပသမ္မဂ (EU) ကနေ ခွဲထွက်ထားတဲ့ ဗြိတိန်ကျွန်းစုတွေကို လည်းစစ်ရေးအရတော့ လျော့တွက်လို့မရပါဘူး။ ယူကေ (UK) ဆိုတာ အရင်ကတည်းက ဥရောပရဲ့ ဖွံဖြိုးပြီးဒေသတစ်ခုဖြစ်သလို စစ်အင်အားနဲ့ နည်းပညာပိုင်းဆိုင်ရာမှာပါ အင်အားကြီးလှပါတယ်။ သူတို့အနေနဲ့ စမ်းသပ်အောင်မြင်ပြီး အဆင်သင့်ပစ်လွှတ်လို့ရတဲ့ နျူလက်နက် (၁၂၀) လောက်ကိုဖြန့်ကျက်တပ်ဆင်ထားသလို နောက်ထပ် (၂၀၀) လောက်ကိုလည်းပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၄။ တရုတ် (၂၉၀)

ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံတစ်ခုဖြစ်ပြီး စစ်ရေးအရလည်း အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကတော့ နျူလက်နက်စမ်းသပ်မှုကို (၁၉၉၆) ခုနှစ် ဂျူလိုင် (၂၉) က နောက်ဆုံး ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ (၂၁၀၉ ) ခုနှစ်အကုန်မှာတော့ တရုတ်တို့ပိုင်ဆိုင်ထားတဲ့ နျူထိပ်ဖူးတပ်လက်နက်အရေအတွက်ဟာ (၂၉၀) အထိရှိတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၃။ ပြင်သစ် (၃၀၀) ၊ (၂၈၀) အသင့်တပ်ဆင်ထား

ပြင်သစ်ရဲ့ စစ်လက်နက်တွေဟာ ပြင်သစ်နိုင်ငံရဲ့ အစိတ်အပိုင်းတွေထဲက တစ်ရပ်ဖြစ်တယ်လို့ သမ္မတဟောင်း ဆာကိုဇီက ပြောဖူးပါတယ်။ ဒါပေမယ့် သမ္မတ မက်ခရွန်ရဲ့ လက်ထက်မှာတော့ ပြင်သစ်ရဲ့ နျူလက်နက်စီမံကိန်း တွေဟာသိသာစွာတိုးမြင့်လာခြင်းမရှိခဲ့ပါဘူး။ (၂၀၁၈) ကောက်ယူထားတဲ့ စာရင်းများအရ ပြင်သစ်မှာ နိုင်ငံတော်ကာကွယ်ရေးအတွက် အသင့်တပ်ဆင်ထားတဲ့ နျူထိပ်ဖူးတပ် ဒုံးကျည် (၂၈၀) လောက်ရှိပါတယ်။ နောက်ထပ်လည်း (၃၀၀) လောက်ကိုပိုင်ဆိုင်ထားပါသေးတယ်။ ဒါပေမယ့် ပြင်သစ်ဟာ (၂၀၁၉) ခုနှစ်တစ်နှစ်လုံး နျူလက်နက်နဲ့ပတ်သတ်တဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းထားလို့ အရေအတွက်ဟာ လည်းတိုးတက်လာခြင်းမရှိခဲ့ပါဘူး။ shwekhitonlinetv.com

၂။ အမေရိကန်ပြည်ထောင်စု (၆,၁၈၅) ၊ (၁,၇၅၀) အသင့်တပ်ဆင်ထား

ကမ္ဘာ့လူစိတ်အဝင်စားဆုံး အင်အားကြီးနိုင်ငံတစ်နိုင်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုကတော့ (၁၉၄၅) ခုနှစ်ကစပြီး နျူထိပ်ဖူးတပ်လက်နက်အရေအတွက် (၇၀,၀၀၀) ပိုင်ဆိုင်ရေးစီမံချက်ကို ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့် (၂၀၁၈) စာရင်းတွေအရတော့ အမေရိကန်ဟာ အသင့်ပစ်လွှတ်နိုင်အောင် နေရာအနှံ့မှာ နျူကလီးယားလက်နက် (၁,၇၅၀) လောက်ကို တပ်ဆင်ထားပြီးတော့ နောက်ထပ် (၆,၁၈၅) ကိုလည်းပိုင်ဆိုင်ထားကြောင်း သိရပါတယ်။ shwekhitonlinetv.com

၁။ ရုရှား (၆,၈၅၀) ၊ (၁,၆၀၀) အသင့်တပ်ဆင်ထား

သမိုင်းကြောင်းမှတ်တမ်းတွေအရတော့ ဆိုဗီယက်ယူနီယံဟာ နိုင်ငံအစိတ်စိတ်အမွှာမွှာ မပြိုကွဲခင် (၁၉၄၉ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်အတွင်း) နျူလက်နက် (၅၅,၀၀၀) လောက်ကို ထုတ်လုပ်ခဲ့တယ်လို့သိရပါတယ်။ ဒီဘက်ခေတ် ရုရှားကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ချက်တွေအရတော့ ရုရှားမှာ နျူထိပ်ဖူးတပ်လက်နက် (၆,၈၅၀) ရှိနေပြီး (၁,၆၀၀) နီးပါးလောက်ကိုသာ အသင့်ပစ်လွှတ်နိုင်တယ်လို့ ဆိုထားပါတယ်။ shwekhitonlinetv.com

အခု ဒီဆောင်းပါးလေးမှာ ဖော်ပြထားတာကတော့ နျူကလီးယားလက်နက်တွေကိုပိုင်ဆိုင်ကြောင်း တရားဝင်ကြေညာထားတဲ့နိုင်ငံတွေပဲဖြစ်ပါတယ်။ တရားဝင်ကြေညာထားခြင်းမရှိဘဲ ပိုင်ဆိုင်ထားတဲ့ အခြားနိုင်ငံတွေလည်း ရှိကောင်းရှိနိုင်တာကို အတည်ပြုလို့မရတဲ့ သတင်းပေါက်ကြားမှုမျိုးတွေ ရှိနေတယ်ဆိုတာဖော်ပြရင်း အကြောင်းအရာလေးကိုအဆုံးသတ်ပါရစေနော် … shwekhitonlinetv.com

Shwe Khit ပရိသတ်ကြီးအနေနဲ့လည်း မိမိတို့ရဲ့ ထင်မြင်ယူဆချက်တွေကို ကွန်မန့်မှာ ပြောပေးခဲ့ပါဦးနော် …

Shwe Khit Online TV က ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply