နေမရှိ၊ လမရှိ၊ ကောင်းကင်မရှိတဲ့ ထူးထူးဆန်းဆန်း မြို့တော်

ကမ္ဘာမြေကြီးရဲ့အောက်အတွင်းထဲမှာ လူတွေသွားလာလှုပ်ရှားနေတဲ့ မြို့တော်တွေကိုတော့ ပရိသတ်ကြီးအနေနဲ့ ရုပ်ရှင်တွေထဲမှာသာမြင်ဖူးကြမယ်လို့ထင်ပါတယ်။ ဒါပေမယ့်လည်း တကယ့်အပြင်ကမ္ဘာမှာ မြေကြီးအောက် အတော်နက်နက်ကိုတူးပြီး လိုဏ်ခေါင်းထဲမှာ အိမ်ဆောက်နေထိုင်ကြသူတွေ အမှန်တယ်ရှိတယ်လို့သိရပါတယ်။ ဒါဟာ တကယ့်ကိုမယုံနိုင်စရာ ကိစ္စတစ်ခုပါပဲ။ shwekhitonlinetv.com

ပထမဆုံးအနေနဲ့ မြင်တွှေ့ရမယ့်မြင်ကွင်းက မြေကြီးအောက်မှာ လူနေအိမ်တွေသာမကဘဲ ဟိုတယ်တွေ၊ စားသောက်ဆိုင် တွေ၊ ရုပ်ရှင်ရုံတွေ၊ ဆံပင်ညှပ်ဆိုင်တွေ၊ ရေကူးကန်တွေပါ ရှိနေတယ်ဆိုတာပဲဖြစ်ပါတယ်။ မြေကြီးအောက်ကအိမ်ဆိုပြီး အထင်မသေးတော့မသေးလိုက်နဲ့နော်။ ဘာလို့လဲဆိုတော့ ဒီမြေအောက်မြို့တော် ကအိမ်တွေထဲမှာအခုပုံတွေထဲမှာ မြင်ရတဲ့အတိုင်း ခမ်းခမ်းနားနား၊ လှလှပပအိမ်ကြီးတွေလည်း ပါဝင်နေလို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ကူဘာပီဒီး Coober Pedy (သို့မဟုတ်) တွင်းအောင်းလူဖြူ

ကူဘာပီးဒီးမြို့ဟာ သြစတြေးလျ တောင်ပိုင်းမှာ ရှိပါတယ်။ ကူဘာပီဒီးမြို့မှာ စတင်နေထိုင်ကြတဲ့ လူတွေရဲ့အများစုဟာ သတ္တုတွင်း အလုပ်သမားတွေပါ။ သူတို့တွေတော်တော်များများက ဒေသခံ လူမျိုးတွေ မဟုတ်ဘဲ နောက်မှရောက်လာကြတဲ့ လူဖြူတွေဖြစ်ပါတယ်။ အစတုန်းကတော့ သူတို့ဟာ အိမ်နဲ့ဘာနဲ့ ဟန်ကျပန်ကျရယ်လို့ မဟုတ်ပါဘူး။ သတ္တုတူးထားတဲ့ မိုင်းတွင်းဟောင်းတွေကို အိမ်လုပ်ပြီးနေလိုက်ကြတာပါပဲ။ shwekhitonlinetv.com

သူတို့အဲသလို မိုင်းတွင်းတွေကို အိမ်လုပ်ပြီး တွင်းအောင်းနေကြတော့ သြစတြေးလျ ဒေသခံ တိုင်းရင်းသားတွေက သူတို့ကိုကြည့်ပြီး ပြုံးလေ့ရှိပါတယ်။ သူတို့နေတဲ့မြို့ကိုလည်း ကူဘာပီးဒီးလို့ နာမည်ပေးလိုက်ပါတယ်။ ကူဘာပီးဒီးဆိုတာ ဒေသခံ တိုင်းရင်းသားတွေရဲ့ ဘာသာစကားပါ။ တွင်းအောင်း လူဖြူ လို့အဓိပ္ပာယ်ရပါတယ်။ shwekhitonlinetv.com

သူတို့တွေက အစတုန်းကတော့ မိုင်းတွင်းလိုဏ်ခေါင်းတွေကိုပဲ အိမ်လုပ်ပြီး နေခဲ့ကြပါတယ်။ နောက်ပိုင်းအခြေတကျနေထိုင်လာကြတဲ့အခါ အိမ်အကောင်းစားတွေနဲ့ ခန့်ခန့်ညားညား၊ သားသားနားနား ပြင်ဆင်နေထိုင်လာပါတယ်။ လူအများအပြား နေထိုင်လာတာနဲ့အမျှ အိမ်တွေသာမကဘဲ စားသောက်ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေ၊ ဟိုတယ်တွေ၊ ရေကူးကန်တွေ၊ ဘုရားရှိခိုးကျောင်းတွေပါ ရှိလာကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

ကူဘာပီးဒီးမြို့ရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်း

ဒီတော့ သူတို့နေရာဟာ တခြားမြို့တွေလိုပဲ မြို့အင်္ဂါစုံစုံလင်လင်နဲ့ ဖြစ်လာပါတယ်။ ဒါပေမယ့် တခြားမြို့တွေလို နေဝင်ဆည်းဆာအလှတို့ မနက်အရုဏ်တက် ရှုခင်းတို့တော့ မမြင်ရဘူးပေါ့။ မြို့ထဲမှာ ဖြတ်စီးနေတဲ့ စမ်းချောင်းလေးတို့၊ တောအုပ်တို့၊ ကျေးငှက်လေးတွေ တေးဆိုနေတာတို့တော့ မရှိဘူးပေါ့။ သူတို့မြို့ဟာ နေမရှိ၊ လမရှိ၊ ကောင်းကင်မရှိတဲ့မြို့ပါ။ စမ်းချောင်းမရှိ၊ တောအုပ်မရှိ၊ ကျေးငှက်ကလေးတွေ မရှိတဲ့မြို့ပါ။ shwekhitonlinetv.com

ဒါပေမယ့် သူတို့ရဲ့ လှပသန့်ပြန့်တဲ့ အိမ်ကလေးတွေဟာ အိပ်ခန်း (၅) ခန်းပါတဲ့ အိမ်တအိမ်ဆိုရင် ဒေါ်လာ (၂) သောင်းခွဲလောက် တန်ကြေးရှိပါတယ်။ တချို့အိမ်တွေဆိုရင် အိမ်ထဲမှာတွင် ရေကူးကန်တွေ ဘာတွေ တောင် ပါတယ်လို့သိရပါတယ်။ shwekhitonlinetv.com

ကူဘာပီးဒီးမြို့ မြေကြီးအောက်မှာ တည်ဆောက်ထားတဲ့ Desert Cave Hotel

ဒါက ကူဘာပီးဒီးမြို့က ဟိုတယ်တခုရဲ့ပုံဖြစ်ပြီး ဟိုတယ်နာမည်ကို Desert Cave Hotel (ကန္တာရဂူ ဟိုတယ်) လို့ခေါ်ပါတယ်။ ဘာလို့ ကန္တာရဂူလို့ နာမည်ပေးသလဲဆိုတော့ ကန္တာရထဲက လိုဏ်ဂူအတွင်းမှာ အဲဒီဟိုတယ်ကို ဆောက်ထားတာကြောင့် ဖြစ်ပါတယ်။

ကူဘာပီးဒီးမြို့ ရှိတဲ့နေရာဟာ လွင်တီးခေါင်ပြင်ကန္တာရကြီးပါ။ နွေရာသီမှာ ဆိုရင် အပူချိန်ဟာ ၅ဝ ဒီဂရီ စင်တီဂရိတ်အထိ မြင့်ပြီး ဒါဟာ နေရောင်အောက်က ကျောက်တုံးပေါ်မှာ ကြက်ဥကြော်လို့ရတဲ့ အပူချိန်ဆိုလည်းမမှားပါဘူး။ မြေပေါ်မှာဒီလိုအပူချိန်ရှိနေပေမယ့် မြေအောက်မှာဆိုရင် အပူချိန်က ၂၅ ဒီဂရီ စင်တီ ဂရိတ်ပဲရှိပါတယ်။ shwekhitonlinetv.com

မြေကြီးပေါ်မှာနွေ၊ မြေကြီးအောက်မှာဆောင်း ဆိုသလိုမျိုးလည်းဖြစ်ပါတယ်။ ဒီတော့ သတ္တုတွင်း တူးတဲ့မိုင်းလုပ်သားတွေဟာ ပူပြင်းတဲ့ မြေကြီးပေါ်မှာ မနေကြ တော့ဘဲ မြေကြီးအောက်က သူတို့သတ္တုတူးထားတဲ့ လိုဏ်ခေါင်းကြီးတွေထဲမှာပဲ နေကြပါတော့တယ်။ ဒါက သူတို့မြေကြီးအောက်မှာ နေကြရခြင်း အကြောင်းရင်းတွေထဲက တစ်ချက်လည်းဖြစ်ပါတယ်။ shwekhitonlinetv.com

မြေကြီးအောက်မှာ နေရခြင်း နောက်ထပ်အကြောင်း တစ်ချက်ကိုဖော်ပြရမယ်ဆိုရင်တော့ သစ်ကြီးဝါးကြီး ရှားပါးလွန်းလို့ပဲဖြစ်ပါတယ်။ အလွန်ပူလောင်တဲ့ ရာသီဥတုကြောင့် သစ်ပင်မပေါက်တော့ အိမ်ဆောက်ဖို့ရာ သစ်ဈေးနှုန်းက အင်မတန်ကြီးလှပါတယ်။ ဒါ့ကြောင့်လည်း သူတို့ဟာ အသင့်ရှိပြီးသား လိုဏ်ခေါင်းတွေကို ပြုပြင်ပြီး အိမ်ဆောက်နေထိုင်ကြတဲ့ နည်းလမ်းကို ရွေးချယ် အသုံးပြုလာကြတာလို့သိရပါတယ်။ ကူဘာပီးဒီးရဲ့ နောက်ဆုံးသစ်ပင်ကြီးဟာ ၁၉၇၁ နှစ်ခုနှစ်မှာ သေသွားခဲ့တယ်လို့ လည်းသိရပါတယ်။ shwekhitonlinetv.com

အကောင်းဆုံး အိုပယ်ထွက်တဲ့မြို့

ကူဘာပီးဒီးမြို့က သတ္တုတွင်းတွေမှာ ရွှေနဲ့ ကျောက်မျက်ရတနာ အမျိုးမျိုး တူးဖော်ရရှိပါတယ်။ သူတို့တွင်းထွက်တွေ အနက် နာမည် အကြီးဆုံးကတော့ အိုပယ်ကျောက်ဖြစ်ပါတယ်။ မြန်မာလို မဟူရာဖလား သို့မဟုတ် ကြောင်ကျောက်လို့ ခေါ်ကြပါတယ်။ လှပတဲ့ ကျောက်အကြည်လေးတွေ ဖြစ်ပြီး လက်ဝတ်ရတနာ ပစ္စည်းတွေမှာ ထည့်သွင်းဝတ်ဆင်ကြပါတယ်။ ကူဘာပီးဒီးမှာ အိုပယ်ကို ပထမဆုံး ရှာတွေ့ခဲ့တာက ၁၉၁၅ ခုနှစ်မှာ ဖြစ်ပါတယ်။ shwekhitonlinetv.com

ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ မြေအောက် ရထားလမ်း၊ မြေအောက် ကားလမ်း၊ မြေအောက် ပလာဇာ၊ မြေအောက် ဈေးဆိုင်၊ မြေအောက်ရုပ်ရှင်ရုံ၊ မြေအောက် ပြတိုက်ကြီးတွေ ရှိကြပါတယ်။ ဒါပေမယ့် မြေအောက်မြို့ကတော့ သိပ်များများစားစား မရှိပါဘူး။ shwekhitonlinetv.com

တူနီးရှားနိုင်ငံ ဆာဟာရသဲကန္တာရတောင်ပိုင်းက ဘာဘာ လူမျိုးတွေရဲ့ ကျေးရွာတွေဟာလည်း မြေကြီးအောက်မှာ တည်ဆောက်ထားကြပါတယ်။ သူတို့ကလည်း ပြင်းထန်လွန်းတဲ့ အပူချိန်ကိုရှောင်ဖို့နဲ့ သစ်ဝါးရှားပါးမှုတို့ကြောင့် မြေကြီးအောက်မှာ အိမ်ဆောက်နေထိုင်ကြတာပါ။ shwekhitonlinetv.com

တူရကီနိုင်ငံ ကက်ပယ်ဒိုခီးယားမှာလည်း လူတွေဟာ မြေကြီးအောက်မှာ တောင်စောင်းမှာ လိုဏ်ခေါင်းတွေ ပြုလုပ်နေထိုင်ကြပါတယ်။ အခုချိန်ထိလည်း နေထိုင်ကြဆဲဖြစ်ပါတယ်။ shwekhitonlinetv.com

အီရန်နိုင်ငံမှာလည်း ကျောက်ဆောင်တွေကို ထွင်းဖောက်အိမ်ဆောက်ပြီး နေထိုင်ကြသူတွေရှိပါတယ်။

ဂျပန်နိုင်ငံမှာတော့ မြေနေရာရှားပါးလွန်းပြီး လူဦးရေ အဆမတန် ထူထပ်ကျပ်တည်းနေတဲ့ ပြဿနာကို ဖြေရှင်းဖို့ တိုင်ဆေး ကော်ပိုရေးရှင်းက အဲလစ် ဆိုတဲ့ နာမည်နဲ့ မြေအောက်မြို့တော် တည်ဆောက်ဖို့ အဆိုပြုထားတာ ရှိပါတယ်။ အဲဒီမြို့တည်ဆောက်ဖို့အတွက် ကနဦးတည်ဆောက်စရိတ် ဒေါ်လာ ၄ ဘီလျံခွဲ ကုန်မှာ ဖြစ်ပြီး အဲဒီမြို့မှာ လူဦးရေ ၁ သိန်းနေမယ်လို့ ခန့်မှန်းထားပါတယ်။ shwekhitonlinetv.com

ဒီတော့ အနာဂတ်မှာ လူတွေဟာ မြေကြီးအောက် အိမ်ဆောက်နေထိုင်ကြတာတွေ ၊ မြေအောက်မြို့တော်တွေ တည်ဆောက်နေထိုင်ကြတာတွေ ပိုများလာလိမ့်မယ်လို့ တစ်ချို့က မှန်းဆကြပါတယ်။

ကဲပရိသတ်ကြီးရော ဒီလို နေမရှိ၊ လမရှိ၊ ကောင်းကင်မရှိတဲ့ မြို့တွေမှာ နေချင်ကြရဲ့လားဆိုတာ Comment မှာရေးပေးသွားပါနော် …

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။