လူတိုင်းကို အံ့အားသင့်သွားစေခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ ထူးခြားဆန်းပြား ရိုးရာဓလေ့ပွဲတော်များ

ဂျပန်နိုင်ငံကတော့ အရသာရှိလှတဲ့ အစားအစာများနဲ့ လှပလွန်းလှတဲ့ နိုင်ငံရဲ့သဘာဝအလှတရားတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ထားတဲ့ နိုင်ငံတခုပါ။ ဒါ့အပြင် ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာရှိတဲ့ တခြားနိုင်ငံများနဲ့မတူညီပဲ ထူးခြားဆန်းပြားလှတဲ့ ဓလေ့ထုံးတမ်းများနဲ့လည်း ပြည့်နှက်နေပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ထူးခြားပဲ သာမန်ရိုးကျမဟုတ်တဲ့ ဂျပန်နိုင်ငံရဲ့ရိုးရာဓလေ့ထုံးတမ်းများအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ Naki Sumo ( ကလေးငိုပွဲ )

Naki Sumo Misturi ( ကလေးငိုပွဲတော် ) ဆိုတဲ့ ပွဲတော်ကတော့ ဂျပန်နိုင်ငံရဲ့ ထူးခြားလှတဲ့ ပွဲတော်တွေထဲက တခုဖြစ်ပါတယ်။ ကလေးငိုပွဲမှာ ပြိုင်ပွဲဝင် ဆူမိုနပန်းသမား နှစ်ယောက်က ကလေးတယောက်ဆီကို ပွေ့ပိုက်ပြီး ယှဥ်ပြိုင်ရပါတယ်။ ထို့နောက်မှာတော့ ဒိုင်လူကြီးဟာ ကြောက်စရာကောင်းတဲ့ မျက်နှာဖုံးကိုဝတ်ဆင်ပြီး ကလေးတွေကို ငိုစေဖို့ ခြောက်လှန့်ရပါတယ်။ အကျယ်ဆုံးနဲ့ အကြာဆုံးငိုနိုင်တဲ့ ကလေးငယ်ကို အနိုင်ရရှိသူအဖြစ် သတ်မှတ်ကြပါတယ်။ နှစ်ပေါင်း ၄၀၀ သက်တမ်းရှိတဲ့ ကလေးငိုပွဲတော်ဟာ ကလေးတွေကို ကျန်းမာရေးကောင်းမွန်စေတယ်လို့ ယနေ့အထိ ယုံကြည်ကြပါတယ်။ ကလေးငိုပွဲတော်ကို ဧပြီလကုန် မေလအတွင်းမှာ တိုကျိုမြို့မှာရှိတဲ့ Sensoji ဘုရားကျောင်းမှာ ကျင်းပလေ့ရှိပါတယ်။ shwekhitonlinetv.com

၂။ Kanamara Matsuri ( အမျိုးသားအင်္ဂါပွဲတော် )

The Kanamara Matsuri ဆိုတဲ့ပွဲတော်ကတော့ သံနဲ့ပြုလုပ်ထားတဲ့ အမျိုးသားအင်္ဂါရုပ်ထုကြီးကို ကိုင်မြှောက်ပြီးကျင်းပကြတဲ့ ပွဲတော်တခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၆၀၀ ပြည့်နှစ်ကျော်ကာလများမှာ စတင်ကျင်းပခဲ့တဲ့ ပွဲတော်ဖြစ်ပြီး ပွဲတော်ရဲ့ရည်ရွယ်ချက်ကတော့ လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကို တိုက်ဖြတ်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ ထိုပွဲတော်မှာတော့ အမျိုးသားအင်္ဂါပုံစံ ချိုချဥ်များ ၊ ဦးထုပ်များ ၊ လက်ထိုးအရုပ်များ နဲ့ အင်္ကျီများကို အသုံးပြုကြပါတယ်။ shwekhitonlinetv.com

၃။ Hokkai Heso Matsuri ( ဝမ်းဗိုက်ပွဲတော် )

ဝမ်းဗိုက်ပွဲတော်ကိုတော့ Hokkaido ကျွန်းရဲ့ မြို့တော်ဖြစ်တဲ့ Furano မြို့မှာကျင်းပကြပါတယ်။ လူတယောက်ရဲ့ ဝမ်းဗိုက်မှာရှိတဲ့ ချက်နေရာဟာ ခန္ဓာကိုယ်တခုလုံးရဲ့ အလယ်တည့်တည့်နေရာဖြစ်ပါတယ်။ ထိုနည်းတူ Furano မြို့ဟာလည်း Hokkaido ကျွန်းရဲ့ အလယ်တည့်တည့်မှာရှိတဲ့ နေရာတခုပါ။ ဒီလိုတူညီမှုကို အဆွဲပြုပြီး Furano မြို့မှာ Hokkai Heso Matsuri ( ဝမ်းဗိုက်ပွဲတော် ) ကိုကျင်းပရခြင်းဖြစ်ပါတယ်။ ပွဲတော်ကျင်းပတဲ့အခါ ကပြသူတွေဟာ သူတို့ရဲ့ ဝမ်းဗိုက်မှာ မျက်နှာပုံစံရေးဆွဲပြီး ချက်နေရာကိုတော့ ပါးစပ်အဖြစ် သတ်မှတ်ကြပါတယ်။ ထို့နောက်မှာတော့ ဝမ်းဗိုက်မှာ မျက်နှာပန်းချီဆွဲထားတဲ့ ကပြသူတွေဟာ လမ်းတလျှောက် ကပြရင်း ပွဲတော်ကို ကျင်းပလေ့ရှိကြပါတယ်။ အဆိုပါ ဝမ်းဗိုက်ပွဲတော်ကို ဂျူလိုင်လရဲ့ ၂၈ ရက်နဲ့ ၂၉ ရက်မှာ ကျင်းပပြုလုပ်ကြပါတယ်။ shwekhitonlinetv.com

၄။ ပဲသီးတောင့်ပြစ်ပွဲတော်

ဂျပန်နိုင်ငံရဲ့ နွေဦးရာသီမရောက်ခင် ရရှိတဲ့ Setsubun အားလပ်ရက်မှာ ပြုလုပ်တဲ့ ရိုးရာဓလေ့တခုဖြစ်ပါတယ်။ နွေဦးရာသီမရောက်မှီကာလတွေမှာ မကောင်းဆိုးဝါးတွေ ထွက်ပေါ်လာတတ်ကြတယ်လို့ ဂျပန်လူမျိုးတွေက ယုံကြည်ကြပါတယ်။ ဂျပန်လူမျိုးမိဘတွေဟာ Oni mask လို့ခေါ်တဲ့ မကောင်းဆိုးဝါးပုံစံ မျက်နှာဖုံးကို ဝတ်ဆင်ကာ သားသမီးတွေကို ခြောက်လှန့်ကြပါတယ်။ ထို့နောက်မှာတော့ ခြောက်လှန့်ခံရတဲ့ သားသမီးတွေဟာ အပူပေးထားတဲ့ ပဲသီးတွေနဲ့ မကောင်းဆိုးဝါးတွေကို ပြစ်ပေါက်ပြီး မောင်းထုတ်ကြပါတယ်။ ပဲသီးတောင့်ပြစ်ပွဲတော်ကို ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ကျင်းပပြုလုပ်ကြပါတယ်။ shwekhitonlinetv.com

၅။ Shukatsu Festival ( မသေဆုံးမှီပြုလုပ်တဲ့ အသုဘပွဲတော် )

လူတော်တော်များများကတော့ သေခြင်းတရားနဲ့ပက်သက်ပြီး တွေးတောပြောဆိုရမယ့် အရေးကိစ္စတွေကို တတ်နိုင်သလောက်ရှောင်ရှားတတ်ကြပါတယ်။ ဒါပေမယ့် ဂျပန်လူမျိုးတွေကတော့ သေဆုံးခြင်းနဲ့ပက်သက်လာရင် ပွဲတော်ကျင်းပပြုလုပ်တဲ့အထိ ထူးဆန်းတဲ့လူမျိုးတွေပါ။ Shukatsu Festival လို့ခေါ်တဲ့ သေဆုံးခြင်းပွဲတော်ဟာ မမှန်းဆနိုင်တဲ့ သေဆုံးခြင်းနဲ့ပက်သက်ပြီး ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက် သင်ကြားပေးတယ်လို့ လက်ခံယုံကြည်ကြပါတယ်။ ပွဲတော်ကပေးတဲ့ သင်ခန်းစာတွေထဲမှာ သေဆုံးခြင်းအတွက် စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုနဲ့ ခေါင်းတလားထဲမှာ အစမ်းဝင်ရောက်နေထိုင်နိုင်ခြင်းတို့ ပါဝင်ပါတယ်။ ဒါ့အပြင် သေဆုံးတဲ့အခါ ကိုယ့်ရဲ့အသုဘမှာလိုချင်တဲ့ မိတ်ကပ်နဲ့ဆံပင်ပုံစံကိုပါ အစမ်းပြင်ဆင်နိုင်ပါတယ်။ shwekhitonlinetv.com

၆။ Paantu Festival ( နတ်ဆိုးမောင်းထုတ်ခြင်းပွဲတော် )

လွန်ခဲ့တဲ့ ရာစုနှစ်တဝိုက်က Okinawa ကျွန်းရဲ့ မြို့တော်ဖြစ်တဲ့ Miyakojima မြို့မှာ ကျင်းပတဲ့ ပွဲတော်ဖြစ်ပါတယ်။ အမျိုးသားတွေဟာ မကောင်းဆိုးဝါးပုံစံဝတ်ဆင်ပြီး လမ်းမထက်က ကလေးငယ်တွေနဲ့ လူငယ်တွေကို ခြောက်လှန့်ကာ ပွဲတော်ကိုဆင်နွှဲကြပါတယ်။ ထိုအမျိုးသားတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရွှံနွံတွေနဲ့ သစ်ရွက်တွေနဲ့ ရောနှောပြီး သုတ်လိမ်းထားကြပါတယ်။ နတ်ဆိုးမောင်းထုတ်ခြင်းပွဲတော်ကို ကျင်းပပြုလုပ်ခြင်းအားဖြင့် လာမယ့်နှစ်ကာလတွေမှာ ကံကောင်းခြင်းတွေကို ယူဆောင်လာပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ shwekhitonlinetv.com

၇။ Hadaka Matsuri ( အဝတ်မဝတ်ပဲ ကျင်းပရတဲ့ပွဲတော် )

Hadaka Matsuri ဆိုတဲ့ပွဲတော်ကတော့ Okayama မြို့မှာကျင်းပပြုလုပ်ပြီး နံငယ်ပိုင်းလေးသာ ဝတ်ဆင်ထားတဲ့ ယောကျ်ားပေါင်း ၉၀၀၀ က သစ်သားချောင်း ၂ ချောင်းကို အလုအယက်ယူဆောင်ရတဲ့ ပွဲတော်ဖြစ်ပါတယ်။ ခရစ်ယာန်ဘုန်းကြီးဟာ ကံကောင်းစေတဲ့ သစ်သားချောင်းလေးနှစ်ချောင်းကို ၄ မီတာအမြင့်ရှိ ပြတင်းပေါက်ကနေပြီး လူအုပ်ကြီးအတွင်းကို ပြစ်ချလိုက်ရပါတယ်။ ထို့နောက်မှာတော့ စောင့်ဆိုင်းနေတဲ့ အမျိုးသားလူအုပ်ကြီးက ထိုသစ်သားချောင်းလေးကို လုယက်ယူဆောင်ပြီး သစ်သားနဲ့ပြုလုပ်ထားတဲ့ သေတ္တာထဲကို ထည့်သွင်းလိုက်ရပါတယ်။ Hadaka Matsuri ပွဲတော်ကျင်းပပြုလုပ်ခြင်းအားဖြင့် ကံကောင်းမှုတွေနဲ့ ပျော်ရွှင်မှုတွေကို ယူဆောင်လာနိုင်မယ်လို့ ယုံကြည်ကြပါတယ်။​ shwekhitonlinetv.com

၈။ Akutai Matsuri ( ကျိန်ဆဲခြင်းပွဲတော် )

ပုံမှန်အားဖြင့် လူတွေဟာ ဆဲဆိုခြင်း ကျိန်ဆဲခြင်းတွေက မကောင်းတဲ့အပြုအမူများအဖြစ် အားလုံးက လက်ခံထားကြပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံမှာတော့ ကျိန်ဆဲခြင်းနဲ့ပက်သက်ပြီး ပွဲတော်ကျင်းပပြုလုပ်တတ်ကြပါတယ်။ ကျိန်ဆဲခြင်းပွဲတော်ကို ကျင်းပပြုလုပ်တဲ့အခါ ဘုန်းတော်ကြီး ၁၃ပါးဟာ Tengus ( ဂျပန်ရှေးရိုးရာ ဒဏ္ဍာရီလာသတ္တဝါ ) ပုံစံဝတ်ဆင်ထားပြီး လမ်းမတွေပေါ်မှာ ရှိနေပါတယ်။ ထို့နောက်မှာတော့ အဆိုပါမကောင်းဆိုးဝါးတွေကို လူတွေက ဆဲဆိုကြပြီး ကံကောင်းမှုတွေကို နတ်ဆိုးတွေဆီကနေ ခိုးယူဆောင်နိုင်ကြတယ်လို့ ယုံကြည်ကြပါတယ်။ တကယ်လို့သင်ဟာ ဂျပန်လို မဆဲဆိုတတ်ဘူးဆိုရင်တော့ အင်္ဂလိပ်လိုလည်း ဆဲဆိုနိုင်ပါတယ်။ shwekhitonlinetv.com

၉။ Hinamatsuri ( အမျိုးသမီးများနေ့မှာ ကျင်းပတဲ့ အီးပေါက်ပွဲတော် )

တိုကျိုမြို့မှာ ကျင်းပပြုလုပ်တဲ့ Hinamatsuri ပွဲတော်မှာ ပါဝင်တဲ့ အီးပေါက်ပွဲတော်ဖြစ်ပါတယ်။ ပွဲတော်ဆင်နွှဲရင်း မိန်းမလှလေးတွေရဲ့ အီးပေါက်တဲ့ဖြစ်စဥ်ကို တွေ့မြင်နိုင်မှာပါ။ ပွဲတော်ရဲ့ အောင်မြင်မှုဟာ မိန်းမလှလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ သူတို့ရဲ့ အီးပေါက်နိုင်စွမ်းပေါ်မှာ မူတည်ပါတယ်။ shwekhitonlinetv.com

၁၀။ Chabudai-Gaeshi ( လက်ဖက်ရည်စားပွဲ မှောက်ခြင်းပွဲတော် )

လွန်ခဲ့တဲ့ ၁၂ နှစ်လောက်ကမှ ပေါ်ပေါက်လာခဲ့တဲ့ ပွဲတော်ဖြစ်ပြီး Chabudai-Gaeshi ပြိုင်ပွဲလို့ ခေါ်ဆိုကြပါတယ်။ ဒေါသထွက်လိုတဲ့သူတွေ ဒေါသထွက်ပြီး ပစ္စည်းတွေကို ပြစ်ပေါက်ခွဲချင်တဲ့သူတွေအတွက် သင့်တော်တဲ့ ပွဲတော်တခုပါ။ ပါဝင်ယှဥ်ပြိုင်သူတွေဟာ ဒေါသတကြီးနဲ့ လက်ဖက်ရည်စားပွဲကို ခပ်ဝေးဝေးရောက်တဲ့အထိ မှောက်လှန်ပြစ်ရမှာပဲ ဖြစ်ပါတယ်။ ပြစ်ပေါက်ရမယ့် လက်ဖက်ရည်စားပွဲပေါ်မှာ ပလပ်စတစ်ငါးအတုကို တင်ထားပြီး ခုံကို မှောက်လှန်ခြင်းအားဖြင့် ရောက်ရှိသွားတဲ့ ငါးရဲ့ အကွာအဝေးကို တိုင်းတာပြီး အနိုင်အရှုံးကို သတ်မှတ်ကြပါတယ်။ ထို့နောက်မှာတော့ ချက်ပြုတ်တဲ့ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးကြီးတဦးက ယှဥ်ပြိုင်သူတွေရဲ့ ပုခုံးကို ငြင်ငြင်သာသာပုတ်ပြီး စိတ်လျှော့ဖို့ ပြောဆိုပါတယ်။ ဒီလိုနည်းနဲ့ ရင်ထဲက ဒေါသတွေကို ပေါက်ခွဲထွက်စေပြီး ကုသပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။