ခွေးလေးတွေက သင့်ကိုချစ်ခင်တယ်ဆိုတာကို ဖော်ပြတက်တဲ့ အမူအရာများ

အိမ်မွေးတိရိစ္ဆာန်တွေထဲမှာ ခွေးလေးတွေဟာ အရမ်းကိုချစ်ဖို့ကောင်းကြပြီး သခင်အပေါ်မှာလည်း အရမ်းကိုသစ္စာရှိတတ်ကြပါတယ်။ သူတို့ဟာ လူအများစုကို ခင်တတ်ပေမယ့် သူတို့ တကယ်ချစ်ရတဲ့သူကိုတော့ တစ်မူထူးခြားတဲ့ အမူအရာလေးတွေ လုပ်ပြတတ်ကြပါတယ်။ တကယ်လို့ သင့်မှာ ခွေးလေးတစ်ကောင် ပိုင်ဆိုင်ထားတယ်ဆိုရင် သင့်ကို သူတို့အနေနဲ့ ချစ်ခင်ကြောင်းပြသတက်သလဲဆိုတာ သတိထားမိဖို့အတွက် အခုအကြောင်းအရာလေးကို လေ့လာဖတ်ရှုသင့်ပါတယ်။ shwekhitonlinetv.com

၁။ သင့်အနောက်ကိုတကောက်ကောက်လျှောက်လိုက်တယ်

ခွေးလေးတွေရှိတယ်ဆိုတာ တစ်ကယ်တော့သင့်မှာ ဒုတိယမြောက်အရိပ်တစ်ခုရှိနေတာနဲ့တူပါတယ်။ ဘာကြောင့်လဲဆိုတော့ ခွေးလေးတွေကကိုယ့်ရဲ့သခင်ကိုချစ်တဲ့အခါ သခင်သွားလေရာလျှောက်လိုက်တာ၊ လိုက်ပို့တာမျိုးတွေပြုလုပ်တက်လို့ပါ။ ဒါပေမယ့်တစ်ချို့ခွေးလေးတွေက သူတို့ဘာသာလွတ်လွတ်လပ်လပ်နေတက်ကြတာမျိုးလည်းရှိလို့ ဒီလိုအနောက်ကလျှောက်မလိုက်တိုင်း သင့်ကိုမချစ်ဘူးလို့တော့မဆိုလိုပါဘူး။ shwekhitonlinetv.com

၂။ သူတို့ သင့်ကို တွေ့ရတာ စိတ်လှုပ်ရှားနေတယ်

ခွေးလေးတွေဟာ ပိုင်ရှင်ကို တွေ့ရင် ပီတိတွေဖြာပြီး အမြီးတွေကို လှုပ်ရမ်းနေတတ်ကြပါတယ်။ တကယ်လို့သင်က အဝေးတစ်နေရာရာကို သွားရင်လည်း လွမ်းနေတတ်ကြပါတယ်။ အမြီးကို လှုပ်ခါတာက သူတို့ရဲ့ စိတ်ခံစားချက်တွေကို ပြသဖို့ ခွေးတွေ သုံးလေ့ရှိတဲ့ နည်းလမ်းတစ်ခုပါ။ shwekhitonlinetv.com

၃။ သင့်အနားမှာပဲနေချင်တယ်

သင်တီဗွီကြည့်နေတဲ့အခါ၊ စာဖတ်နေတဲ့အခါမျိုးမှာ သင့်ဘေးကဆိုဖာပေါ်မှာခွေနေတာ၊ သင်ထမင်းစားတဲ့အခါ သင့်ရဲ့ခြေထောက်နားမှာအိပ်နေတာ၊ ကြမ်းပြင်မှာထိုင်နေရင်လည်းပေါင်ပေါ်ကိုတက်ထိုင်နေတက်တာ မျိုးကလည်းသင့်ကိုတစ်ကယ်ချစ်နှစ်သက်ကြောင်းပြတက်တဲ့ ခွေးလေးတွေရဲ့ အပြုအမူတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ သင်နဲ့ မျက်လုံးချင်းဆုံချင်တယ်

ခွေးလေးဟာ သင်နဲ့ အကြည့်ချင်းစုံအောင် လိုက်လုပ်နေတယ်ဆိုတာ သင့်ကိုချစ်ကြောင်း ပြသချင်လို့ပါပဲ။ သူတို့နဲ့ကစားပေးရင် (ဒါမှမဟုတ်) သူတို့ရဲ့ အမွှေးတွေကို ပွတ်ပေးရင် သင့်ကို ပိုချစ်လာပါလိမ့်မယ်။ shwekhitonlinetv.com

၅။ သူတို့ စိတ်ကြိုက် အရုပ်တွေ ယူလာပေးတယ်

သင့်ရဲ့ ခွေးလေးက သူအကြိုက်ဆုံး အရုပ်လေးကို သင့်ဆီကို ယူလာပေးတယ်၊ ကစားဖို့ အမြဲတမ်း လာလာခေါ်နေတယ် ဆိုရင်တော့ သင်ဟာ အရမ်းကို ကံကောင်းတဲ့သူပါပဲ။ ခွေးလေးတွေဟာ သူတို့ချစ်တဲ့ အရာတွေကို ဘယ်သူ့ကိုမှ ထိကိုင်ခွင့် မပြုပါဘူး။ shwekhitonlinetv.com

၆။ သင့်ကို အမြဲတမ်း စောင့်ကြည့်နေတယ်

သင် ချက်ပြုတ်နေတာပဲဖြစ်ဖြစ်၊ သန့်ရှင်းရေး လုပ်နေတာပဲဖြစ်ဖြစ်၊ နောက်ဆုံး အိမ်သာသွားတာတောင် သင့်ခွေးလေးက သင့်နောက် လိုက်နေတယ်ဆိုရင် ခွေးလေးက သင့်ကို ဂရုစိုက်လို့ပါပဲ။ သင့်နားမှာ နေရတာ ပျော်ရွှင်စရာကောင်းတယ် ဆိုတာကိုလည်း ဖော်ပြနေပါတယ်။ shwekhitonlinetv.com

၇။ သင့်ကိုလျှာနဲ့လျှက်တယ်

ခွေးလေးတွေဟာ သူတို့ရဲ့ချစ်ခြင်းမေတ္တာကိုပြသဖို့အတွက် သူတို့သခင်ရဲ့မျက်နှာကိုနမ်းရှုံ့တာမျိုး လျှာနဲ့လျှက်ပေးတာမျိုးတွေလည်းပြုလုပ်တက်ကြပါတယ်။ သူတို့မနှစ်သက်တဲ့သူတွေရဲ့အနံ့အသက်ကိုတော့ မကြိုက်ကြလို့အခုလိုလုပ်လေ့မရှိပါဘူး။ shwekhitonlinetv.com

၈။ သင့်ရဲ့အဝတ်အစား အသုံးအဆောင်တွေကိုကိုက်ချီတက်တယ်

ခွေးလေးတွေက သင့်ကိုချစ်ကြောင်းကို သင့်ရဲ့ အဝတ်အစား၊ လည်စည်း၊ ခြေအိတ် စတာတွေကို သူတို့ပါးစပ်ထဲမှာကိုက်ချီထားပြီး ပြသတက်ကြပါတယ်။ ဒါဟာ သင့်အတွက်စိတ်ပျက်စရာကောင်းချင်ကောင်းနိုင်ပေမယ့် သူတို့အတွက်တော့ ဒီအရာတွေမှာ သင့်ရဲ့ရနံ့တွေစွဲနေလို့ အမြတ်တနိုးကိုက်ချီထားပြကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ သင့်အနားမှာပဲ အိပ်ချင်တယ်

သင့်ရဲ့ခွေးက သင့်ကိုချစ်တယ်ဆိုတဲ့ လက္ခဏာတစ်ခုက ညတိုင်းသင့်နားမှာပဲ အိပ်ချင်နေတာပဲ ဖြစ်ပါတယ်။ ခွေးတွေဟာ သူတို့ချစ်ရတဲ့သူ နားမှာပဲ အိပ်တတ်ကြတာပါ။ တကယ်လို့ သင်နဲ့ အိပ်ယာတစ်ခုတည်း တူတူအိပ်လို့မရဘူး ဆိုရင်တောင်မှ သင့်အခန်း သင့်ကုတင်အောက်မှာ အိပ်နေပါလိမ့်မယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။