ကမ္ဘာကြီးအတွက်အာကာသထဲကို စောင့်ကြည့်ပေးနေသူ (သို့မဟုတ်) ဟက်ဘယ်တယ်လီစကုပ်

ဟက်ဘယ်တယ်လီစကုပ် (Hubble Space Telescope) ဟာ အာကာသအတွင်းမှာရှိတဲ့ ကြီးမားတဲ့ တယ်လီစကုပ်ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ် ဧပြီလ (၂၄) ရက်နေ့မှာ အာကာသလွန်းပျံယာဉ် Discovery ဖြင့် လွှတ်တင်ခဲ့တာဖြစ်ပြီး ကမ္ဘာမြေပြင်အထက် ၅၄၇ ကီလိုမီတာ (၃၄၀ မိုင်) ခန့်အကွာမှာလည်ပတ်နေပါတယ်။ shwekhitonlinetv.com

ဟက်ဘယ်တယ်လီစကုပ်ရဲ့အရှည်ဟာ ၄၃.၅ ပေ (၁၃.၂ မီတာ) ရှိကာ ကျောင်းကားတစ်စီးရဲ့ အရှည်လောက်ရှိပြီး အလေးချိန်ကတော့ အရွယ်ရောက်ပြီးတဲ့ ဆင်နှစ်ကောင်ရဲ့ အလေးချိန်နဲ့ ညီမျှပါတယ်။ ဟက်ဘယ်တယ်လီစကုပ်ကြီးဟာ တစ်စက္ကန့်ကို (၅) မိုင်နှုန်းနဲ့ရွေ့လျားနေပြီး (၉၅) မိနစ်တိုင်းမှာ ကမ္ဘာကို တစ်ပတ်ပတ်ပါတယ်။ shwekhitonlinetv.com

ဟက်ဘယ်တယ်လီစကုပ်ကြီးကိုတည်ဆောက်ခဲ့ရာမှာ ကုန်ကျခဲ့တဲ့ငွေကြေးပမာဏဟာအလွန်များပြားလှပါတယ်။ ဒီနေ့ခေတ်ငွေကြေးတန်ဖိုးနဲ့ ချိန်ညှိပြီးတွက်ချက်ကြည့်မယ်ဆိုရင် ဟက်ဘယ်တယ်လီစကုပ်ရဲ့ တန်ဖိုးက (၁၆) ဘီလီယံအထိရှိပါတယ်။ shwekhitonlinetv.com

ဒါဟာ သူ့ကိုလွှတ်တင်ခဲ့တဲ့လွန်းပျံယာဉ်ရဲ့တန်ဖိုးနဲ့ နောက်ပိုင်းပြန်လည်ပြုပြင်မွမ်းမံမှုတွေအတွက်ကုန်ကျခဲ့တဲ့ ကုန်ကျစရိတ်တွေမပါသေးပါဘူး။ ဟက်ဘယ်တယ်လီစကုပ်ဟာနေရောင်ခြည်စွမ်းအင်သုံးပြီး လည်ပတ်နေတာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီတယ်လီစကုပ်ကြီးအနေနဲ့ ဂြိုလ်တွေ၊ ကြယ်တွေနဲ့ ဂလက်ဆီတွေလိုမျိုး အာကာသထဲမှာရှိနေတဲ့ အရာဝတ္ထုတွေရဲ့ ပြတ်သားတဲ့ ဓာတ်ပုံတွေကို ရိုက်ကူး‌ပေးနေတာဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ ဟက်ဘယ်တယ်လီစကုပ်ဟာ လေ့လာတွေ့ရှိချက်ပေါင်း တစ်သန်းကျော် ပြုလုပ်‌ပေးခဲ့ပြီးဖြစ်ပါတယ်။ shwekhitonlinetv.com

အဲဒီအထဲမှာ ကြယ်တွေရဲ့ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းဆိုင်ရာ အသေးစိတ်ဓာတ်ပုံတွေ၊ အလင်းနှစ် ဘီလီယံပေါင်းများစွာ ဝေးကွာတဲ့ ဂလက်ဆီတွေ ကြယ်တံခွန်တွေထိ ပါဝင်ပါတယ်။ ဒီတယ်လီစကုပ်ကြီးက ရိုက်ကူးပေးပို့တဲ့ ဓာတ်ပုံတွေကနေတစ်ဆင့် သိပ္ပံပညာရှင်တွေဟာ စကြဝဠာအကြောင်း အများအပြားကို လေ့လာသင်ယူခဲ့ကြရတာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။