သင့်မျက်လုံးမှာ ဒီလိုလက္ခဏာတွေ ပြနေပြီဆိုရင် သတိထားပါ

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာတော့ မျက်လုံးဆို အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခု အဖြစ်ပါဝင်နေပါတယ်။ ဘာလို့လဲဆိုတော့ မျက်လုံးကရရှိတဲ့ အမြင်အာရုံဆိုတာသာ မရှိခဲ့ရင်လောကကြီးထဲမှာ ရှိတဲ့ဘယ်အရာကိုမှ မြင်တွေ့နိုင်မှာမဟုတ်လို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါကြောင့် အရေးကြီးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်တဲ့ မိမိရဲ့ မျက်လုံးတွေကို ဂရုစိုက်နိုင်ဖို့အတွက် ဒီ အကြောင်းအရာလေးကို တင်ဆက်ရခြင်းလည်း ဖြစ်ပါတယ်။ ဘယ်လိုလက္ခဏာမျိုးတွေဖြစ်လာတဲ့ အခါမှာ အထူးသတိပြုသင့်သလဲဆိုရင်တော့ … shwekhitonlinetv.com

၁။ မျက်လုံးတစ်ခုလုံး ဝါနေခြင်း

မျက်လုံးထဲမှာရှိတဲ့ အဖြူသားတွေ အကုန်လုံး ဝါနေရင်တော့ အသည်းရောင် အသားဝါရောဂါ ဖြစ်နေပြီလို့ ယူဆနိုင်ပါတယ်။ အရေပြားတွေ ဝါနေရင်တော့ပိုသေချာတယ်လို့ပြောရမှာပဲဖြစ်ပါတယ်။ အသားအရောင်တွေ ဝါလာတယ်ဆိုတာကတော့ အသည်းမှာရောဂါပိုးဝင်တဲ့လက္ခဏာဖြစ်လို့ ဆရာဝန်သွားပြဖို့ လိုပါတယ်။ shwekhitonlinetv.com

၂။ မျက်ခွံလှုပ်ခြင်း

ဘယ်လိုပဲလုပ်လုပ် မျက်ခွံတွေ ဆက်တိုက်လှုပ်နေတာက ရပ်မသွားဘူးဆိုရင် ဒါက စိတ်ဖိစီးမှုတွေ အများကြီးရှိနေတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ရေချိုး၊ စာအုပ်လေးဖတ်၊ အိပ်ရာလေး စောစောဝင်ပြီး အနားယူလိုက်တာက အကောင်းဆုံးဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ အမြင်အာရုံဝေဝါးခြင်း

မြင်အာရုံ မကောင်းတဲ့လက္ခဏာတစ်ရပ်လို့ဆိုနိုင်ပြီး မကြာခဏဖြစ်နေရင်တော့ ဆီးချိုလိုမျိုး ရောဂါကြီးကြီးတစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။ ပြီးတော့ မျက်စိတိမ်စွဲတာ၊ မျက်လုံးပျက်စီးယိုယွင်းတာစတဲ့ အခြေအနေတွေကိုပြသတဲ့ ကနဦးလက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ shwekhitonlinetv.com

၄။ မျက်ဆံနားမှအဖြူရောင်ကွင်းများ

မျက်လုံးအထဲက အနက်ဆံလေးဘေးနားမှာ အဖြူရောင်ကွင်းတွေ ပေါ်လာတာကတော့ သွေးထဲမှာ ကိုလက်စထရော (Cholesterol) တွေများနေတာ ဖြစ်နိုင်ပါတယ်။ ဒါဟာ ရုတ်တရက်နှလုံးရပ်တာ နဲ့ လေဖြတ်နိုင်တယ်ဆိုတာကို ပြသတဲ့ ရှေ့ပြေးလက္ခဏာလဲဖြစ်ပါတယ်။ ဒီတော့ ဒီအဖြူကွင်းတွေ တွေ့တယ်ဆိုရင် မျက်စိဆရာဝန်ကိုသာ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။ shwekhitonlinetv.com

၅။ မျက်လုံးများ ခြောက်ကပ်နေခြင်း

အမြဲတမ်းလိုလို မျက်လုံးတွေ အရမ်းခြောက်ကပ်ပြီး ခပ်စပ်စပ် ဖြစ်နေတာကတော့ မျက်လုံးမှာ လုံလောက်တဲ့ ချောဆီနဲ့ စိုစွတ်မှုမရှိတဲ့အတွက်ဖြစ်တဲ့ မျက်လုံးခြောက်ခြင်း ရောဂါလက္ခဏာစုကြောင့် ဖြစ်နိုင်ပါတယ်။ ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရတဲ့ မျက်လုံးခြောက်တာအတွက် မျက်စဉ်းဝယ်ခတ်နိုင်သလို ဆရာဝန်သွားပြလည်း ရပါတယ်။ မျက်လုံးခြောက်တာက ဓာတ်မတည့်တဲ့လက္ခဏာလည်း ဖြစ်နိုင်ပါသေးတယ်။ shwekhitonlinetv.com

၆။ မျက်ရည် အမြဲထွက်နေခြင်း

တစ်နေ့လုံး ကွန်ပျူတာသုံးပြီး အလုပ်လုပ်နေတဲ့သူတွေနဲ့ ရုပ်ရှင်ကားတွေတစ်နေကုန် ကြည့်နေတဲ့သူတွေ ဖုန်းတစ်နေကုန်သုံးနေတဲ့ သူတွေအနေနဲ့တော့ သတိထားသင့်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။ လိုဖန်သားပြင်တွေကို အမြဲစိုက်ကြည့်နေတဲ့အခါမှာ မျက်လုံးကမျက်ရည်ကျစေပြီး ဖန်သားပြင်တွေ ကြည့်ရာကနေ မျက်လုံးကို အချိန်တန်ကြာ အနားယူပေးဖို့လိုပါလိမ့်မယ်။ shwekhitonlinetv.com

၇။ မျက်လုံး နီရဲနေခြင်း

မျက်လုံးတွေ အရမ်းရဲနေတာကလည်း အဖြစ်များတဲ့ပြဿနာ တစ်ခုပါ။ တစ်ခါတလေ အအေးမိတဲ့အခါ၊ ချောင်းအရမ်းဆိုးတဲ့အခါ။ ညဘက်အိပ်တာ နောက်ကျတဲ့အခါတွေနဲ့ မျက်လုံးကို အားစိုက်ပြီးတော့ အတင်းဖွင့်ရတဲ့အခါမျိုးတွေမှာလည်း မျက်လုံးနီရဲတတ်ပါတယ်။ ဒါ့အပြင် အရမ်းပင်ပန်းတဲ့အခါမျိုးတွေလည်းဖြစ်တက်ပါတယ် ကောင်းကောင်းအိပ်စက်အနားယူမယ်ဆို ရင်တော့ ဒီဝေဒနာကနေ သက်သာနိုင်ပါတယ်။ shwekhitonlinetv.com

၈။ အဖြူစက်များ

မျက်ကပ်မှန်တပ်တဲ့လူတွေအနေနဲ့ မြင်လွှာပေါ်မှာ အဖြူရောင်အစက်လေးတွေမြင်ရရင်တော့ ဒါက မြင်လွှာပျက်စီးပြီးရောဂါပိုးဝင်တဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။ အဖြူစက်တွေအပြင် မျက်လုံးရောင်တာ၊ နာတာတွေပါ ဖြစ်လာရင်တော့ မျက်စိဆရာဝန်ဆီ အမြန်ဆုံးသွားရောက်ဖို့တိုက်တွန်းပါရစေ။ ဒါပေမယ့်အရမ်းကြီး စိုးရိမ်စရာတော့ မလိုပါဘူး။ ဒါဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့အဖြစ်အပျက်တစ်ခုလည်းဖြစ်ပြီး မျက်ကပ်မှန်ကိုတော့ ရက်နည်းနည်းလောက် ချွတ်ထားဖို့ရင်ပြန်လည်သက်သာလာဖို့ရှိပါတယ်။ shwekhitonlinetv.com

ဒါကတော့ ဆေးရုံဆေးခန်းမသွားဘဲ ကြိုတင်သိရှိနိုင်တဲ့ မျက်လုံးနဲ့ပတ်သက်တဲ့ရောဂါလက္ခဏာတွေပဲဖြစ်ကြောင်းတင်ဆက်ရင်း ဒီအကြောင်းအရာလေးကို အဆုံးသတ်ပါရစေနော် … shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။