ထူးထူးခြားခြား ဂင်းနစ်စာအုပ်ကြီးထဲမှာ အသိမှတ်ပြုခံခဲ့ရတဲ့ စံချိန်များ…

ပရိသတ်ကြီးကို အခုတစ်ခါပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ထူးထူးခြား မှတ်တမ်းဝင်ထားတဲ့ ဂင်းနစ် စံချိန်တွေ အကြောင်းပဲဖြစ်ပါတယ်။ ဘယ်လို စံချိန်တွေက အထူးခြားဆုံး ဖြစ်မလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com

၁ ။ လျှာ အရှည်ဆုံး အမျိုးသား

အမေရိကန်နိုင်ငံ ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ နေထိုင်တဲ့ Nick Stoeberl ဆိုသူ အမျိုးသားကတော့ သူ့ရဲ့ လျှာကြောင့် ဂင်းနစ် မှတ်တမ်းထဲမှာ စံချိန်တင်ခဲ့ပါတယ်။ ဘယ်လို စံချိန် လဲဆိုတော့ ကမ္ဘာပေါ်မှာ အရှည်လျားဆုံး လျှာကို ပိုင်ဆိုင်သူ အဖြစ်နဲ့ စံချိန်တင်ခဲ့တာပါ ။ တိုင်းတာခဲ့ကြသူ တွေရဲ့ ပြောကြားချက်အရ Nick ရဲ့ လျှာ အရှည်ဟာ 10.1cm အထိ ရှိတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

ဒါ့အပြင် Nick ဟာ America’s Got Talent ရဲ့ Season 11 မှာလည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါသေးတယ် ။ နောက်ပိုင်းမှာတော့ Nick ရဲ့ စံချိန်ကို အိန္ဒိယနိုင်ငံ က အသက် ( ၂၀ ) အရွယ်သာ ရှိသေးတဲ့ K Praveen ဆိုသူက ချိုးဖြတ်နိုင်ခဲ့ပါတယ် ။ လက်ရှိမှာတော့ K Praveen ဟာ ကမ္ဘာပေါ်မှာ အရှည်လျားဆုံး လျှာကို ပိုင်ဆိုင်ထားသူ အဖြစ် စံချိန်တင်ထားပြီး သူ့လျှာ ရဲ့ အရွယ်အစားကတော့ 10.8 cm ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂ ။ ( ၁ ) မိနစ် အတွင်း အချိုရည်ဗူး အများဆုံး ဖောက်ခဲ့တဲ့ ကြက်တူရွေး

ဒီတစ်ခါ ပြောပြပေးမယ့် စံချိန်ကတော့ တစ်ကယ့်ကို ထူးထူးခြားခြား စံချိန်တွေထဲက တစ်ခုလို့ပဲ ပြောရမှာပါ ။ Zac the Macaw လို့ အမည်ပေးထားတဲ့ ကြက်တူရွေးလေးဟာ သူ့ရဲ့ ကျွမ်းကျင်မှုတစ်ခုကို အသုံးချပြီး ဂင်းနစ်စံချိန်တစ်ခုကို တင်သွားနိုင်ခဲ့ပါတယ် ။ ဒါကတော့ အချိုရည် သံဗူး ( ၃၆ ) လုံးကို တစ်မိနစ် အတွင်းဖောက်ပြနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အစပိုင်းမှာတော့ လူတော်တော်များများက ဒါကို မဖြစ်နိုင်တဲ့ စံချိန် တစ်ခုလို့ ထင်ကြေးပေးခဲ့ကြတာပါ ။ ဒါပေမယ့်လည်း Zac ဆိုတဲ့ ကြက်တူရွေးလေးကတော့ မဖြစ်နိုင်ဘူ ဆိုတဲ့ ထင်ကြေးတွေကို ချိုးဖျက်ပြီး သက်သေပြနိုင်ခဲ့ပါတယ် ။ ကြက်တူရွေးလေး Zac ဟာ ဒီစံချိန်ကို ( ၂၀၁၂ ) ခုနှစ်တုန်းက တင်ထားခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ သူ့စံချိန်ကို ချိုးဖျက်နိုင်သူ မရှိသေးပါဘူး ။ shwekhitonlinetv.com

၃ ။ သွားတိုက်တံပေါ် ဘက်စကက် ဘောလုံးတင်ပြီး အချိန်အကြာကြီး တင်ပြခဲ့သူ

နောက်ထပ် စံချိန်တစ်ခုကတော့ ကနေဒါနိုင်ငံမှာ နေထိုင်တဲ့ Sandeep ဆိုသူ အမျိုးသားဟာ လူတော်တော်များများ မလုပ်နိုင်တဲ့ အရာတစ်ခုကို လုပ်ပြခဲ့ပြီး ဂင်းနစ် စံချိန် တင်နိုင်ခဲ့ပါတယ် ။ ဒါကတော့ Sandeep ဟာ သူ့ရဲ့ ပါးစပ်နဲ့ သွားတိုက်တံကို ကိုက်ပြီး သွားတိုက်တံအပေါ်မှာ ဘက်စကက်ဘော ဘောလုံးကို အချိန်အကြာကြီး တင်ထားကာ နေပြခဲ့တာပဲ ဖြစ်ပါတယ် ။ မှတ်တမ်းတွေ အရတော့ Sandeep ဟာ ဒီစံချိန်ကို ( ၂၀၁၉ ) ခုနှစ် တည်းက တင်ထားခဲ့တာ ဖြစ်ပါတယ် ။ shwekhitonlinetv.com

သူ ဟာ သွားတိုက်တံ ပေါ်မှာ ဘက်စကက်ဘော ဘောလုံးကို တင်ပြီး အချိန် ( ၁ ) မိနစ်နဲ့ ( ၈.၁၅ ) စက္ကန့်ကြာအောင် နေပြ နိုင်ခဲ့တာပါ ။ ဒါပေမယ့်လည်း Sandeep တစ်ယောက်ကတော့ သူတင်ထားတဲ့ စံချိန်ကို မကျေနပ်နိုင်သေးပဲ ( ၇၃ ) စက္ကန့်ကြာအောင် ဘက်စကော ဘောလုံးကို သွားတိုက်တံပေါ်တင်ပြီး နေပြနိုင်အောင် ကြိုးစားနေတယ်လို့လည်း ပြောခဲ့ပါသေးတယ် ။ shwekhitonlinetv.com

၄ ။ ကမ္ဘာ့ အကြီးဆုံး yo – yo

အမေရိကန်နိုင်ငံ ၊ အိုဟိုင်းယိုး ပြည်နယ်မှာ နေထိုင်တဲ့ Beth John  က တော့ ကမ္ဘာ့အကြီးဆုံး yo – yo ကို ကိုယ်တိုင် ဖန်တီးပြီး ဂင်းနစ် စံချိန် တင်သွားနိုင်ခဲ့ပါတယ် ။ သူမ ဖန်တီးထားတဲ့ yo – yo ဟာဆိုရင် အမြင့် ( ၁၁ ပေ နဲ့ ၁၀.၇၅ လက်မ ) မြင့်ပြီး အလေးချိန်ကတော့ ( ၂၀၉၅.၆ ) ကီလိုဂရမ် ကျော်တောင် လေးပါတယ် ။ Belth John သူမ ဖန်တီးထားတဲ့ ကမ္ဘာ့အကြီးဆုံး yo – yo ဟာဆိုရင် ( ၂၀၁၂ ) ခုနှစ်မှာ ဂင်းနစ် စံချိန် စာအုပ်ကြီးထဲမှာ မှတ်တမ်းတင် ဂုဏ်ပြုခံခဲ့ရတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

ဒါ့အ့ပြင် Beth John ရဲ့ ပြောကြားချက်အရ သူမဟာ အခုလိုမျိုး ကမ္ဘာ့အကြီးဆုံး yo – yo ကို ဖန်တီးဖို့အတွက်  ( ၁ ) နှစ် ခွဲကျော်ခန့် အချိန်ယူခဲ့ရတာလို့ ပြောခဲ့ပါတယ် ။ နောက်ပြီး ဒီ yo – yo ကြီးကို လှိမ့်ဖို့အတွက် ( ၆၈ ) တန် အလေးချိန်ရှိတဲ့ ကရိန်းကားရဲ့ ကြိုး နဲ့ ချည်ပြီး ပြသခဲ့ရတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅ ။ ခန္ဓာကိုယ်ပေါ်မှာ ဇွန်းအများကြီး ကပ်ပြခဲ့တဲ့ အမျိုးသား

နောက်ထပ်ပြောပြပေးမယ့် ထူးထူးခြားခြား စံချိန်ရှင်ကတော့ ဆားဘီးယားနိုင်ငံမှာ နေထိုင်တဲ့ Dalibor Jablanovic ဆိုသူ အမျိုးသား တစ်ယောက်ရဲ့ စံချိန် အကြောင်းပဲ ဖြစ်ပါတယ် ။ Dalibor ဟာ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဇွန်းအချောင်းပေါင်း ( ၇၉ ) ဇွန်းကို ကပ်ပြပြီး ပြုတ်မကျအောင် ထိန်းထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ထူးခြားချက်ကတော့ Dalibor ဟာ ဘာပစ္စည်း အကူအညီမှမပါပဲ အရွယ်အစား မတူညီတဲ့ လဘ္ဘက်ရည် ဇွန်းတွေကို ကိုယ်ပေါ်မှာ ကပ်ပြခဲ့တာပါ ။ shwekhitonlinetv.com

ဒါ့အပြင် Dalibor ဟာ မျက်နှာ ပေါ်မှာ ဇွန်းအများကြီးကို ကပ်ပြပြီး နေပြခဲ့သူ အဖြစ်လည်း ဂင်းနစ် စံချိန်တစ်ခု တင်ထားပါသေးတယ် ။ မှတ်တမ်းတွေ အရတော့ Dalibor ဟာ ကိုယ်ပေါ်မှာ ဇွန်းတွေ ကပ်ပြခဲ့တဲ့ စံချိန်ကို ( ၂၀၁၂ ) ခုနှစ် မှာ တင်ခဲ့တာဖြစ်ပြီး နောက်တစ်နှစ်အကြာ ( ၂၀၁၃ ) ခုနှစ်မှာတော့ မျက်နှာ ပေါ်မှာ ဇွန်း အများဆုံး ကပ်ပြနိုင်ခဲ့သူ အဖြစ် နောက်ထပ် ဂင်းနစ် စံချိန် တစ်ခု တင်နိုင်ခဲ့သူ လည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

၆ ။ ကမ္ဘာ့ အကြီးဆုံး Condom

အခု နောက်ဆုံး ပြောပြမယ့် ထူးထူးခြားခြား စံချိန်ကတော့ ကမ္ဘာ့အကြီးဆုံး condom အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီကွန်ဒုံးကြီးကို ဖန်တီးခဲ့သူကတော့ The Benetton Group လို့ ခေါ်တဲ့ ဖက်ရှင် ကုမ္ပဏီ တစ်ခုက ဖန်တီးခဲ့တာပါ ။ မှတ်တမ်း များအရ ဒီ condom ကြီးရဲ့ အရွယ်အစား ဟာ ၂၁.၉၄  မီတာ ( ၇၂ ပေ ) အမြင့်ထိရှိပြီး ကမ္ဘာ့အကြီးဆုံး condom ကြီး အဖြစ် ဂင်းနစ် စံချိန်တင်ခဲ့တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

The Benetton Group ဟာ ဒီ ကွန်ဒုံးကြီးကို ( ၁၉၉၃ ) ခုနှစ် ဒီဇင်ဘာလ ( ၁ ) ရက်နေ့ တုန်းက ပြင်သစ်နိုင်ငံ ၊ ပါရီမြို့ရှိ de la Concorde မှာ ပြသခဲ့တာပဲ ဖြစ်ပါတယ် ။ The Benetton Group ကတော့ အခုလိုမျိုး ကမ္ဘာ့အကြီးဆုံး condom ကို ဖန်တီးခဲ့ရတဲ့ အကြောင်းရင်းကတော့ ကမ္ဘာ့အပြည်ပြည်ဆိုင်ရာ အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ် အဖြစ် ဖန်တီးခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးခဲ့တာကတော့ ထူးထူးခြားခြားတွေ လုပ်ပြပြီး ဂင်းနစ်စာအုပ်ကြီးထဲမှာ အသိမှတ်ပြုခံခဲ့ရတဲ့ စံချိန်များ အကြောင်းကို ပြောပြပေးခဲ့တာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ ကောင်းတဲ့ အကြောင်းအရာလေးတွေကို တင်ဆက်ပေးအုန်းမှာမို့လို့ Shwe Khit ကို စောင့်မျှော် ဖတ်ရှုပေးကြပါအုန်းနော် …. shwekhitonlinetv.com