အရှေ့တောင်အာရှရဲ့ အသက်အကြီးဆုံး မြို့ (၁၀) မြို့

ရွှေခေတ်ပရိသတ်တွေကို အခုတစ်ခါမှာတော့ ရှေးဟောင်းဗိသုကာလက်ရာတွေ ယဉ်ကျေးမှုအမွေအနှစ်တွေ ရိုးရာဓလေ့ထုံးတမ်းတွေ များစွာရှိနေတဲ့ အရှေ့တောင်အာရှရဲ့ အသက်အကြီးဆုံးမြို့ (၁၀) မြို့ကိုဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com

၁၀။ ရန်ကုန် ၊ မြန်မာ – (၉၇၉) နှစ်

မြန်မာနိုင်ငံရဲ့ စီးပွားရေးအချက်အချာအကျဆုံးမြို့တော်ဖြစ်တဲ့ ရန်ကုန် (Yangon) မြို့ကတော့ အရှေ့တောင်အာရှမှာ (၁၀) ခုမြောက်သက်တမ်းအရင့်ဆုံးမြို့တော်ဖြစ်ပါတယ်။ ရန်ကုန်မြို့ကိုစတင်တည်ထောင်ခဲ့တာကတော့ အေဒီ (၁၀၄၃) ခုနှစ်ကဖြစ်ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်အချိန်တွေကတည်းက ရန်ကုန်ဟာ နိုင်ငံရဲ့မြို့တော်ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အာဏာပိုင်တွေက ရန်ကုန်ကို နိုင်ငံရဲ့ဒုတိယမြို့တော်အဖြစ်သာ သတ်မှတ်စေခဲ့ပါတယ်။ shwekhitonlinetv.com

၉။ ဘတ်ဝမ် ၊ ဖိလစ်ပိုင် – (၁၀၂၁) နှစ်

ဖိလစ်ပိုင်နိုင်ငံ ဘတ်ဝမ် (Butuan) မြို့ကတော့ အေဒီ (၁၀၀၁) ခုနှစ်ကစတင်တည်ထောင်ခဲ့တဲ့မြို့တစ်မြို့ဖြစ်ပြီး ရှေးကျတဲ့မြို့ပြယဉ်ကျေးမှုစနစ်တွေလည်း ထွန်းကားခဲ့ရာမြို့တစ်မြို့ဖြစ်ပါတယ်။ သက်တမ်းအားဖြင့် ၁၀၂၁ နှစ် ရှိပြီဖြစ်တဲ့ ဘတ်ဝမ်မြို့ဟာ တစ်ချိန်တုန်းက ရွှေနဲ့လှေ ထုတ်လုပ်မှုမှာ အလွန်ကျော်ကြားခဲ့တဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ ဘန်ဒါဆီရီဘီဂါဝမ် ၊ ဘရူနိုင်း – (၁၀၄၅) နှစ်

ဘန်ဒါဆီရီဘီဂါဝမ် (Bandar Seri Begawan) ကတော့ ဘရူနိုင်းနိုင်ငံရဲ့ မြို့တော်ဖြစ်ပြီး မြို့လို့သတ်မှတ်လို့ရတဲ့ တစ်ခုတည်းသောမြို့လည်းဖြစ်ပါတယ်။ လူဦးရေ (၁၄၀၀၀၀) ဝန်းကျင်နေထိုင်တဲ့ ဘန်ဒါဆီရီဘီဂါဝမ် မြို့ရဲ့သက်တမ်းကတော့ (၁၀၄၅) နှစ်ရှိပြီဖြစ်ပြီး အေဒီ (၉၇၇) ခုနှစ်က တည်ထောင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ မာဂလန် ၊ အင်ဒိုနီးရှား – (၁၁၁၅) နှစ်

ဂျာဗားပြည်နယ်အလယ်ပိုင်းရဲ့ မြို့တော်ဖြစ်တဲ့ မာဂလန် (Magelang) မြို့ကတော့ အရှေ့တောင်အာရှမှာ (၇) ခုမြောက်သက်တမ်းအရင့်ဆုံးမြို့ဖြစ်ပါတယ်။ မာဂလန်မြို့ကိုတော့ အေဒီ (၉၀၇) ခုနှစ်မှာတည်ထောင်ခဲ့တာပါ။ shwekhitonlinetv.com

၆။ မနီလာ ၊ ဖိလစ်ပိုင် – (၁၁၂၂) နှစ်

အေဒီ (၉၀၀) ပြည့်နှစ်မှာစတင်တည်ထောင်ခဲ့တဲ့ မနီလာမြို့ကတော့ ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော်ဖြစ်ပါတယ်။ သက်တမ်းအားဖြင့် (၁၁၂၂) နှစ်ရှိပြီဖြစ်တဲ့ မနီလာမြို့ဟာ အရှေ့တောင်အာရှမှာ (၆) ခုမြောက် သက်တမ်းအရင့်ဆုံးမြို့ဖြစ်ပါတယ်။ ၂၀ ရာစုနှောင်းပိုင်းမှာလျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာတဲ့ မနီလာမြို့ကတော့ ညဉ့်ဘဝတွေအတွက် မိုးလင်းပေါက်စည်ကားလှတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ပုဂံ ၊ မြန်မာ – (၁၁၇၃) နှစ်

ပုဂံ (Bagan) ဟာ အလွန်ရှေးကျတဲ့မြို့တစ်မြို့ဖြစ်ပြီး လက်ရှိအချိန်မှာတော့မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုမြို့တော်အဖြစ် လူသိများလှပါတယ်။ ပုဂံမြို့မှာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ စေတီပုထိုးပေါင်းများစွာတည်ရှိနေပြီး မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုစတင်ထွန်းကားရာ နေရာလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ယူနက်စကိုရဲ့ အမွေအနှစ်တစ်ခုအဖြစ်သတ်မှတ်ခံထားရတဲ့ ပုဂံမြို့ကိုတော့ အေဒီ (၈၄၉) ခုနှစ်မှာစတင်တည်ထောင်ခဲ့တာပါ။ shwekhitonlinetv.com

၄။ ဆီယမ်ရိ ၊ ကမ္ဘောဒီးယား – (၁၂၂၁) နှစ်

ဆီယမ်ရိ (Sien Reap) ဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ အနောက်မြောက်ပိုင်းမှာတည်ရှိတဲ့ ဆီယမ်ရိမြို့ဟာဆိုရင် အေဒီ (၈၀၁) ခုနှစ်ကတည်းက တည်ရှိခဲ့တဲ့မြို့ဖြစ်ပြီး သက်တမ်း (၁၂၂၁) နှစ်ရှိပြီဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ လူးအန်ပရာဘန်း ၊ လာအို – (၁၃၂၄) နှစ်

လာအိုနိုင်ငံရဲ့ မြောက်ပိုင်းမှာတည်ရှိတဲ့ လူးအန်ပရာဘန်း (Luang Prabang) မြို့ကတော့ အေဒီ (၆၉၈) ခုနှစ်ကတည်ထောင်ခဲ့တဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ လာအိုနိုင်ငံရဲ့ ရိုးရာအမွေအနှစ်တွေကို ကောင်းစွာထိန်းသိမ်းထားတဲ့မြို့တစ်မြို့ဆိုရင်လည်း မမှားပါဘူး။ shwekhitonlinetv.com

၂။ ပလမ်ဘန်း ၊ အင်ဒိုနီးရှား – (၁၃၃၉) နှစ်

Srivijaya အင်ပါယာရဲ့မြို့တော်ဖြစ်ခဲ့ဖူးတဲ့ ပလမ်ဘန်း (Palembang) မြို့ဟာအင်ဒိုနီးရှားနိုင်ငံရဲ့ ရှေးအကျဆုံးမြို့ဖြစ်ပါတယ်။ ယဉ်ကျေးမှုအမွေအနှစ်တွေပေါကြွယ်ဝသလို နိုင်ငံရေးပါဝါအရ အချက်အချာကျတဲ့မြို့လို့ဆိုနိုင်ပါတယ်။ ပလမ်ဘန်းမြို့ကိုတည်ထောင်ခဲ့တာကတော့ အေဒီ (၆၈၃) ခုနှစ်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ ဟနွိုင်း ၊ ဗီယက်နမ် – (၁၅၆၈) နှစ်

ဟနွိုင်း (Hanoi) ကတော့ အေဒီ (၄၅၄) ခုနှစ်ကတည်းက ဗီယက်နမ်နိုင်ငံရဲ့ မြို့တော်အဖြစ်တည်ရှိနေခဲ့တာဖြစ်ပါတယ်။ ရှည်လျားတဲ့သမိုင်းကြောင်းတွေရှိနေတဲ့ မြို့ဖြစ်တာနဲ့အညီ ရှေးကျတဲ့ဗိသုကာလက်ရာတွေကလည်း ဟနွိုင်းမြို့မှာ အများအပြားရှိလို့နေပါတယ်။ ရှေးမင်းဆက်တွေရဲ့ အမွေအနှစ်တွေနဲ့ ရိုးရာအလှတွေတည်ရှိနေတဲ့ ဟနွိုင်းမြို့ကတော့ အရှေ့တောင်အာရှရဲ့ သက်တမ်းအရင့်ဆုံး၊ ရှေးအကျဆုံးမြို့ပဲဖြစ်ပါတော့တယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။