ကလေးတွေတင်မက၊ လူကြီးတွေတောင် ဝင်ရဲမှာ မဟုတ်တဲ့ ကစားကွင်းနဲ့ ပန်းခြံများ

ပန်းခြံတွေ၊ ကစားကွင်းတွေဆိုတာက ပျော်ရွှင်စရာကောင်းတဲ့ အပန်းဖြေစရာနေရာတွေဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့ပန်းခြံတွေနဲ့ ကစားကွင်းတွေကတော့ နှစ်ကာလကြာရှည်စွာစွန့်ပစ်ထားတာကြောင့်စိတ္တဇဆန်ဆန် ခြောက်ခြားစရာနေရာတွေအဖြစ်အသွင်ပြောင်းလာခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ နာမည်အကျော်ကြားဆုံးနဲ့ ထိတ်လန့်ခြောက်ခြားဖို့အကောင်းဆုံး စွန့်ပစ်ခံပန်းခြံတွေအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ Okpo Land

Okpo Land ဆိုတဲ့ကစားကွင်းကတော့ တောင်ကိုရီးယားနိုင်ငံက Geoje ဆိုတဲ့ ကျွန်းငယ်လေးပေါ်မှာတည်ရှိပါတယ်။ ဒီကစားကွင်းကတော့ သရဲကားတွေတော်တော်များများထဲမှာလည်း ပါဝင်တဲ့နေရာတစ်ခုဖြစ်ပြီး စိတ်ဝင်စားဖို့အကောင်းဆုံးကတော့ ဒီကစားကွင်းထဲက ဘဲရုပ်ပုံစံနဲ့ ရိုလာကိုစတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရိုလာကိုစတာကြောင့်လူတွေ သေဆုံးခဲ့ရဖူးလို့ပါ။ (၁၉၉၀) ခုနှစ်မှာ ဒီရိုလာကိုစတာကြောင့် လူတစ်ယောက်အသက်ဆုံးရှုံးခဲ့ရပေမယ့် ကစားကွင်းပိုင်ရှင်ကတော့ ဘယ်လိုတာဝန်ယူမှုမျိုး၊ တောင်းပန်မှုမျိုးမှမရှိခဲ့ဘဲ ရိုလာကိုစတာကို ဆက်ပြီးဖွင့်လှစ်ထားခဲ့ပါတယ်။ အဲဒီ့နောက် (၁၉၉၉) ခုနှစ်မှာတော့ ရိုလာကိုစတာအတွဲတစ်တွဲဟာ အရှိန်မြင့်မြင့်သွားနေရာကနေ လမ်းချော်ပြုတ်ကျသွားခဲ့ပြီး မိန်းကလေးတစ်ယောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီ့နောက်မှာတော့ ကစားကွင်းပိုင်ရှင်က ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ကစားကွင်းကိုလည်း ယနေ့တိုင် ပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Joyland

နောက်ထပ်ခြောက်ခြားဖို့အကောင်းဆုံးကစားကွင်းတစ်ခုကတော့ အမေရိကန်ပြည်ထောင်စု ကန်းဆက်စ် ပြည်နယ်မှာရှိတဲ့ Joyland ပဲဖြစ်ပါတယ်။ လှပတဲ့ခေတ်ဟောင်းပုံစံအပြင်အဆင်တွေနဲ့ Joyland ဟာတစ်ချိန်က ကန်းဆက်ပြည်နယ်မှာရှိတဲ့ ကစားကွင်းတွေထဲမှာ အကြီးဆုံးအပန်းဖြေကစားကွင်း ကြီးတစ်ခုဖြစ်ခဲ့ပြီး လာရောက်လည်ပတ်သူတွေနဲ့ စည်ကားလှတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် (၅၅) နှစ်လောက်ဖွင့်လှစ်လာခဲ့တဲ့ ဒီအပန်းဖြေကစားကွင်းဟာ (၂၀၀၄) ခုနှစ်မှာတော့ ငွေကြေးအခက်အခဲတွေကြောင့် ပိတ်လိုက်ရပါတယ်။ အဲဒီ့အချိန်ကစပြီး ကစားကွင်းကြီးဟာ ထိန်းသိမ်းပြုပြင်မယ့်သူတွေမရှိတော့ဘဲ တစ်စတစ်စယို့ယွင်းလာခဲ့ပါတယ်။ ကစားကွင်းရဲ့တစ်ချို့နေရာတွေဆိုရင် လူရမ်းကားတစ်ချို့ရဲ့ မီးရှို့ဖျက်ဆီးမှုကိုခံခဲ့ရပြီး ခြောက်ခြားဖွယ်ကောင်းတဲ့ နေရာတစ်ခုအဖြစ်ကျန်ရှိနေခဲ့ပါတော့တယ်။ shwekhitonlinetv.com

၃။ Jungle Habitat

Jungle Habitat ကတော့ နယူးဂျာစီပြည်နယ်မှာရှိတဲ့ ဝါနာဘရားသား (Warner Bros) ကုမ္ပဏီပိုင်ပန်းခြံတစ်ခုဖြစ်ပါတယ်။ ၁၉၇၂ ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့တဲ့ ဒီပန်းခြံဟာ လာရောက်လည်ပတ်သူတွေအနေနဲ့ တောရိုင်းတိရိစ္ဆာန်တွေကို သဘာဝအတိုင်းလေ့လာနိုင်အောင် ဖန်တီးပေးထားတာကြောင့် ဆာဖာရီဥယျာဉ်နဲ့ဆင်တူပါတယ်။ ဒါပေမယ့်လဲ ဖွင့်လှစ်ပြီး (၄) နှစ်အကြာ ၁၉၇၆ မျာတော့ ပြဿနာတွေကစတင်လာပါတော့တယ်။ အန္တရာယ်များတဲ့တိရိစ္ဆာန်တွေ ပန်းခြံထဲကထွက်ပြေးမှု၊ လာရောက်လည်ပတ်သူတွေကို ဒဏ်ရာရအောင်ပြုလုပ်မှု၊ တိရိစ္ဆာန်တွေကူးစက်ရောဂါဖြစ်ပွားမှု စတာတွေကြောင့် ပန်းခြံကိုပိတ်ပစ်ခဲ့ရပါတယ်။ ပန်းခြံပိတ်ပြီးနောက်မှာတော့ နေရာအတော်များများက ပျက်စီးသွားခဲ့ပြီး နောက်ပိုင်းမှာ တောင်တက်ခြင်း၊ စက်ဘီးစီးခြင်းတွေ ပြုလုပ်နိုင်ဖို့ပြန်လည်ပြင်ဆင်ခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့် လွတ်မြောက်နေတဲ့သားရဲတိရိစ္ဆာန်အချို့ ကတော့ အဲ့ဒီနေရာတွေမှာ ပုန်းအောင်းကျက်စားနေကြသေးတယ်ဆိုတဲ့ သတင်းတွေကြောင့် တော်ရုံလူတွေကတော့ မသွားဝံ့ကြပါဘူး။ shwekhitonlinetv.com

၄။ Six Flags New Orleans

ဒီနေရာကိုတော့ စတင်ဖွင့်ခဲ့တဲ့ (၂၀၀၀) ခုနှစ်လောက်တုန်းက Jazzland လို့ခေါ်ခဲ့ကြပါတယ်။ (၂၀၀၂) ခုနှစ်မှာတော့ Six Flags ကုမ္ပဏီက ဒီပန်းခြံကိုလွှဲပြောင်းဝယ်ယူခဲ့ပြီး Batman: The Ride လိုမျိုး နာမည်ကျော်ကစားစရာတွေကို ထည့်သွင်းခဲ့ပါတယ်။ ရေကစားကွင်းကိုထပ်မံထည့်ဖို့ လုပ်နေတုန်းမှာပဲ (၂၀၀၅) ခုနှစ်မှာ Hurricane မုန်တိုင်း Katrina ဝင်ရောက်တိုက်ခတ်ခဲ့ပြီးတော့ ပန်းခြံကို အပြီးသတ် ပိတ်သိမ်းလိုက်ပါတယ်။ ဒီနေရာကို ဈေးဝယ်စင်တာတစ်ခုအဖြစ် ပြန်လည်တည်ဆောက်မယ် လို့ပြောနေကျပေမယ့် အခုထိတော့ စွန့်ပစ်ခံနေရာတစ်ခုဖြစ်နေပြီး ခြောက်ခြားဖို့ကောင်းနေပါသေးတယ်။ shwekhitonlinetv.com

၅။ Heritage USA

ဒီနေရာကိုတော့ Jim Bakker နှင့် သူ့ရဲ့ဇနီးဟောင်း Tammy Faye Bakker Messner တို့ကပိုင်ဆိုင်ပြီး (၁၉၈၇) ကနေ (၁၉၈၉) ခုနှစ် အထိ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ တောင်ကယ်ရိုလိုင်းနားပြည်နယ် ဖို့ဒ်မေးလ်မှာတည်ရှိတဲ့ ဒီအပန်းဖြေဥယျာဉ်ဟာ မြေဧကပေါင်း (၂,၃၀၀) လောက်ကျယ်ဝန်းပါတယ်။ အစပိုင်းမှာ တစ်နှစ်ကိုအမေရိကန်ဒေါ်လာ (၁၂၆) သန်းလောက်ရရှိတဲ့အထိဒီပန်းခြံက ဝင်ငွေကောင်းခဲ့ပါတယ်။ ဒါဟာ နာမည်ကျော် Disneyland ၊ Walt Disney World တို့ရဲ့ဝင်ငွေနဲ့တောင် တူညီတဲ့ ပမာဏတစ်ရပ်လည်းဖြစ်ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ (၁၉၈၉) ခုနှစ် စက်တင်ဘာလက တိုက်ခက်ခဲ့တဲ့ Hurricane Hugo ကြောင့် ပန်းခြံတစ်ခုလုံး စိစိညက်ညက်ကြေပြီး အပြီးပိတ်ပစ်ခဲ့ရပါတယ်။ shwekhitonlinetv.com

၆။ Prypiat Amusement Park

နောက်ဆုံးဖော်ပြပေးမယ့်နေရာကတော့ ကြောက်စရာအကောင်းဆုံးနဲ့ အန္တရာယ်အများဆုံးနေရာလို့ဆိုနိုင်တဲ့ ယူကရိန်းနိုင်ငံက Prypiat Amusement Park ဖြစ်ပါတယ်။ ဧပြီ လ (၂၇) ရက်နေ့ (၁၉၈၆) က ဒီပန်းခြံကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပန်းခြံဖွင့်လှစ်ပြီးနာရီပိုင်းအကြာမှာပဲ ကမ္ဘာကျော် Chernobyl နူကလီးယားကပ်ဆိုးကြီးကြောင့် မြို့နေလူထုအားလုံးကို အစိုးရကဒီမြို့ကနေရွှေ့ပြောင်းဖို့စီစဉ်ခဲ့ပါတယ်။ ဒီပန်းခြံရဲ့နေရာတော်တော်များများမှာ အခုထိတိုင်အောင် ရေဒီယိုသတ္တိကြွမှုတွေ ကမြင့်မားလျက်ရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။