လှပပြီး ချစ်စရာကောင်းလွန်းတဲ့ ကမ္ဘာ့စျေးအကြီးဆုံး ထိပ်တန်း ခွေးအမျိုးအစားများ

ခွေးလေးတွေဟာ ချစ်စရာကောင်းပြီး လူသားတွေအတွက် စစ်မှန်တဲ့ သူငယ်ချင်းလေးတွေပါပဲနော်။ ခွေးချစ်သူလေးတွေအတွက် အရမ်းချစ်စရာကောင်းပြီး စျေးကြီးလွန်းတဲ့ ခွေးအမျိုးအစားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ Pomeranian Spitz

ဒီအမွေးပွအလုံးလေးနဲ့တူတဲ့ ခွေးသေးသေးလေးကတော့ အကောင်သေးပေမဲ့ စျေးကတော့ မသေးပါဘူးနော်။ သူတို့ရဲ့ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၈၀၀ ကနေ ၂၅၀၀ ဝန်းကျင်အထိ ရှိပါတယ်။ သူတို့လေးတွေဟာ လူစိမ်းတွေနဲ့ တွေ့ရတာလည်း သဘောကျသလို ကလေးတွေနဲ့ ဆော့ကစားဖို့အတွက်လည်း အရမ်းသင့်တော်ပါတယ်။​အရမ်းသေးပြီး အလေးချိန်က ၃ ပေါင်ကနေ ၇ ပေါင်ထိပဲ ရှိပါတယ်။ အိမ်ကျဥ်းကျဥ်းနေတဲ့သူတွေ တိုက်ခန်းနဲ့ နေတဲ့သူတွေအတွက်တော့ အဆင်ပြေစေမယ့် အရွယ်အစားလေးပါနော်။ shwekhitonlinetv.com

၂။ Dogo Argentino

Dogo Argentino တွေကတော့ ကြည့်လိုက်တာနဲ့ လူရှိန်သွားစေမယ့် အကောင်ကြီးတွေ ဖြစ်ပါတယ်။ သူတို့ကတော့ မျိုးရိုးဗီဇအရ အမဲလိုက်ခြင်းနဲ့ အုပ်စုကို ထိန်းကျောင်းနိုင်ခြင်း ဆိုတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ သူတွေဖြစ်ပါတယ်။​ အရေးကြီးတာ တခုကတော့ ဒီလို ခွေးအမျိုးအစားကို မွေးမယ်ဆိုရင် trainer ကောင်းကောင်းလိုအပ်ပါတယ်။ သေချာ မလေ့ကျင့်ပေးနိုင်ဘူးဆိုရင် ဒီခွေးအမျိုးအစားတွေဟာ လူကို ရန်မူတိုက်ခိုက်တဲ့အထိ အန္တရာယ်များလို့ပဲ ဖြစ်ပါတယ်။ သင့်အိမ်နဲ့ မိသားစုကို လုံခြုံမှုရချင်တယ်ဆိုရင်တော့ အစောင့်ခွေးအဖြစ် မွေးဖို့အတွက် အသင့်တော်ဆုံး အမျိုးအစားပဲ ဖြစ်ပါတယ်။ Dogo Argentino တွေရဲ့ စျေးကတော့ ဒေါ်လာ ၁၀၀၀ ကနေ ၄၀၀၀ အထိ ရှိပါတယ်။ shwekhitonlinetv.com

၃။ Akita

Akita တွေရဲ့ မူလဇစ်မြစ်နိုင်ငံကတော့ ဂျပန်နိုင်ငံပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ ဂျပန်အမျိုးအစားနဲ့ အမေရိကန် အမျိုးအစား ဆိုပြီး Akita အမျိုးအစား ၂ မျိုးကွဲထွက်သွားပါတယ်။ သစ္စာရှိတဲ့ ခွေးအမျိုးအစားဖြစ်ပေမဲ့ ခေါင်းမာပြီး လွှမ်းမိုးတတ်တဲ့ အကျင့်ရှိတာကြောင့် သေချာလေ့ကျင့်ပေးနိုင်ဖို့တော့ လိုအပ်ပါတယ်။ Akita လေးတွေရဲ့ သစ္စာရှိမှုကတော့ Hachi: A Dog’s Tale ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်ကား ရိုက်ကူးပြီး မှတ်ကျောက်တင်ရလောက်တဲ့အထိပါပဲနော်။ Akita ဂျပန်မျိုးအစစ်က ပိုပြီး စျေးကြီးကာ ဒေါ်လာ ၄၅၀၀ ဝန်းကျင်အထိ ရှိပါတယ်။ shwekhitonlinetv.com

၄။ Rottweiler

သမိုင်းကြောင်းအရ Rottweiler တွေဟာ ထိန်းကျောင်းနိုင်တဲ့ မျိုးရိုးဗီဇနဲ့ မွေးဖွားလာတဲ့ အမျိုးအစားဖြစ်ပါတယ်။ Rottweiler တွေဟာ အိမ် ခြံ လုံခြုံမှုအတွက်သာမက မိသားစုကို အကောင်းဆုံး ကာကွယ်စောင့်ရှောက်မှုပေးနိုင်တဲ့ ခွေးအမျိုးအစားပဲ ဖြစ်ပါတယ်။​ ဒ့ါကြောင့် Rottweiler တွေကို ကယ်ဆယ်ရေး ၊ ရဲခွေး နဲ့ လမ်းပြခွေးတွေအဖြစ် အသုံးပြုလေ့ရှိကြပါတယ်။ Rottweiler တွေရဲ့ အမျိုးအစားကိုလိုက်ပြီး ဒေါ်လာ ၁၀၀၀ ကနေ ၆၀၀၀ ထိ စျေးရှိပါတယ်။ shwekhitonlinetv.com

၅။ Pharaoh Hound

ဒီခွေးအမျိုးအစားကတော့ ကြည့်လိုက်ရင် ရှေးဟောင်းအီဂျစ်တွေရဲ့ နံရံပန်းချီပေါ်က ပုံတွေနဲ့ တူကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ဒီကောင်လေးတွေမှာ အီဂျစ်သွေးတစက်မှ မပါကြပါဘူး။ အရမ်းကို ဥာဏ်ကောင်းပြီး တက်ကြွကာ နှစ်လိုဖွယ်ကောင်းကြပါတယ်။ သူတို့ အရမ်းကို စိတ်လှုပ်ရှားလာပြီဆိုရင်တော့ နှာခေါင်းနဲ့ နားရွက်တွေဟာ အနီရောင်သန်းလာတတ်ပါတယ်။ ချစ်စရာကောင်းတဲ့ Pharaoh Hound တွေရဲ့ စျေးကတော့ ဒေါ်လာ ၁၂၀၀ ကနေ ၆၅၀၀ ဝန်းကျင်အထိ ရှိပါတယ်။ shwekhitonlinetv.com

၆။ Azawakh

ဒီခွေးအမျိုးအစားကို ဝယ်ယူမယ်ဆိုရင်တော့ အလွန်ရှားပါးတဲ့ အာဖရိကန်အမျိုးအစားကိုပဲ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ အမဲလိုက်ခွေးအမျိုးအစားဖြစ်ပြီး တနာရီကို မိုင် ၄၀ အထိ ပြေးနိုင်ပါတယ်။ ဒီခွေးတွေကို မွေးမယ်ဆိုရင်တော့ အိမ်ထဲမှာ ငြိမ်ငြိမ်ထားလို့ရမှာ မဟုတ်ပါဘူး။ သူတို့ကို အမြဲမပြတ် လေ့ကျင့်ပေးနေရမှာပါ။ Azawakh တွေဟာ သူတို့ရဲ့ သခင်ကိုသာမက တခြားခွေးလေးတွေနဲ့လည်း ခင်တတ်တဲ့ အမျိုးအစားပဲ ဖြစ်ပါတယ်။ ဒီကောင်လေးတွေကိုတော့ ဒေါ်လာ ၃၀၀၀ ကနေ ၆၅၀၀ ဝန်းကျင်ထိ ပေးရနိုင်ပါတယ်။ shwekhitonlinetv.com

၇။ Tibetan Mastiff

ဒီကောင်ကြီးတွေကိုတော့ ရှေးယခင် တရုတ် ၊ တိဗက်နဲ့ နီပေါနိုင်ငံတွေမှာ သိုးတွေကို သူခိုးရန်ကနေ ကာကွယ်ဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။ Tibetan Mastiff တွေဟာ ကမ္ဘာ့အကြီးမားဆုံးခွေးမျိုးနွယ်တွေဖြစ်ပြီး ကာကွယ်စောင့်ရှောက်နိုင်စွမ်းလည်း မြင့်ကြပါတယ်။ သူတို့ရဲ့ အမြင့်ဟာ ၃၃ လက်မထိ မြင့်မားပြီး ပေါင်ချိန် ၁၆၀ ထိရှိကြပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ Tibetan Mastiff တွေဟာ ကမ္ဘာ့စျေးအကြီးဆုံးခွေးအမျိုးအစားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဒေါ်လာ ၁.၉ မီလီယမ် အထိ စျေးပေါက်ခဲ့ပါတယ်။ shwekhitonlinetv.com

၈။ Chow Chow

တရုတ်အနွယ်ဝင်ဖြစ်တဲ့ ဒီခွေးအမျိုးအစားကတော့ ကမ္ဘာပေါ်မှာ အသက်ကြီးဆုံး ခွေးအမျိုးအစားဖြစ်ပါတယ်။ အမဲလိုက်ခြင်း နဲ့ ကာကွယ်စောင့်ရှောက်နိုင်ခြင်းဆိုတဲ့ အရည်အချင်းတွေနဲ့ ပြည့်နေတဲ့ ခွေးလေးတွေပါ။​ လူတွေအတွက် အကောင်းဆုံး မိတ်ဆွေဖြစ်ပေးနိုင်တဲ့ အမျိုးအစားဖြစ်ပြီး အရောင်အမျိုးမျိုးရှိပါတယ်။ အရောင်တွေကတော့ အနီရောင် ၊ အပြာရောင် ၊ အနက်ရောင် ၊ သစ်ကြားပိုးခေါက်အရောင် နဲ့ ခရင်မ်အရောင်တွေ ဖြစ်ပါတယ်။ Chow Chow လေးတွေမှာ ထူးခြားကောင်းမွန်တဲ့ အနက်ရောင် လျှာကိုလည်း ပိုင်ဆိုင်ထားကြပါသေးတယ်။ စျေးကတော့ ဒေါ်လာ ၉၀၀ ကနေ ၈၅၀၀ အထိ ရှိပါတယ်။ shwekhitonlinetv.com

၉။ Löwchens

Löwchens ရဲ့ အဓိပ္ပာယ်ကတော့ ဂျာမန်လိုဆိုရင် ခြင်္သေ့အသေးစားလေးလို့ အမည်ရပါတယ်။ ဒါ့ကြောင့် တခါတရံမှာ သူတို့လေးတွေရဲ့ အမွေးကို ခြင်္သေ့လည်ဆံမွှေးပုံစံ ညှပ်လေးလေ့ရှိပါတယ်။ မျိုးရိုးမြင့်တဲ့ ခွေးလေးတွေဖြစ်ပြီး ဒီနေ့ခေတ်မှာတော့ ရှားပါးလာပြီဖြစ်ပါတယ်။ ရှားပါးတဲ့ Löwchens လေးတွေရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၄၈၀၀ ကနေ ၁၀၀၀၀ အထိ ရှိပါတယ်။ shwekhitonlinetv.com

၁၀။ Samoyed

အဖြူရောင်အမွှေးလေးတွေနဲ့ ချစ်စရာကောင်းတဲ့ ဒီကောင်လေးတွေရဲ့ ဇာတိကတော့ ဆိုက်ဘေးရီးယားဖြစ်ပါတယ်။ ဆိုက်ဘေးရီးယားမှာတော့ စွတ်ဖားလှည်းဆွဲတဲ့ သမင်အုပ်ကို ကူညီပေးပြီး စွတ်ဖားလှည်းကူဆွဲပေးဖို့အတွက် ဒီကောင်လေးတွေကို သုံးကြပါတယ်။ Samoyed လေးတွေရဲ့ အဖြူရောင်အမွှေးလေးတွေဟာ နူးညံ့လွန်းတာကြောင့် တချို့လူတွေဟာ ချည်ထိုးဖို့အတွက်တောင် အသုံးပြုကြပါတယ်။ သူတို့ရဲ့ နှုတ်သီးတည်ဆောက်ပုံဟာ ပြုံးနေတဲ့ ပုံသဏ္ဍာန်ရှိတာကြောင့် မြင်လိုက်တာနဲ့ ချစ်စရာကောင်းနေပါတယ်။ Samoyed လေးတွေဟာ လူတွေကိုလည်း အကူအညီပေးတတ်ပြီး လူယဥ်တာကြောင့် မွေးမယ်ဆိုရင် နှစ်ခါစဥ်းစားစရာမလိုတဲ့ အမျိုးအစားပါ။ ချစ်စရာကောင်းတဲ့ ဒီကောင်လေးတွေရဲ့ စျေးနှုန်းကတော့ ဒေါ်လာ ၄၀၀၀ ကနေ ၁၁၀၀၀ အထိ ရှိပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။