ထူးဆန်းစွာဖြင့် ပဟေဠိဆန်ဆန် ပျောက်ဆုံးသွားပြီး ယနေ့အချိန်အထိ ပြန်ပေါ်မလာတော့တဲ့ ကမ္ဘာကျော်များ

ရွှေခေတ်ပရိသတ်တွေကို အခုတစ်ခေါက်ဖော်ပြပေးချင်တာကတော့ ထူးထူးဆန်းဆန်းပျောက်ဆုံးသွားပြီး ဘယ်တော့မှပြန်လည်မပေါ်လာတော့တဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဘယ်သူတွေက ဘယ်လိုအဖြစ်မျိုးတွေနဲ့ပျောက်ဆုံးသွားကြရသလဲဆိုတာတော့ ဆက်လက်ဖတ်ရှုကြည့်ပါဦးနော် …… shwekhitonlinetv.com

၁။ Michael Rockefeller

အမေရိကန်နိုင်ငံရဲ့ (၄၁) ယောက်မြောက်ဒုသမ္မတ Nelson Rockefeller ရဲ့သားဖြစ်တဲ့ Michael Rockefeller ဟာ အင်ဒိုနီးရှားနိုင်ငံ တောင်ပါပူအာမှာနေထိုင်တဲ့ Asmat မျိုးနွယ်စုတွေကို ကြည့်ရှုလေ့လာဖို့အတွက် (၁၉၆၁) ခုနှစ် နိုဝင်ဘာလမှာထွက်ခွာသွားခဲ့ပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။ နှစ်ပတ်လောက်ရှာဖွေခဲ့ပေမယ့် Michael Rockefeller ရဲ့အရိပ်အယောင်ကိုမတွေ့ခဲ့ရပါဘူး။ ဒီကိစ္စနဲ့ပတ်သတ်ပြီး Michael တစ်ယောက်ရေနစ်ေ-သဆုံးသွားတယ်။ ငါးမန်းတွေစားခံရတယ်။ Asmat မျိုးနွယ်စုတွေက သ-တ်ပစ်လိုက်တယ် စသဖြင့်ထင်ကြေးမျိုးစုံပေးခဲ့ကြပါတယ်။ (Asmat မျိုးနွယ်စုတွေဟာ လူသားစားများဖြစ်ပြီး ထုံးတမ်းဓလေ့များအတွက် ယဇ်ပူဇော်တက်ကြတဲ့ လူမျိုးစုတွေဖြစ်ပါတယ်) ပျောက်ဆုံးသွားတဲ့အချိန်မှာ Michael ရဲ့အသက်ဟာ ၂၃ နှစ်သာရှိသေးပြီး ဘယ်တော့မှပြန်တွေ့ရခြင်း မရှိတော့ပါဘူး။ shwekhitonlinetv.com

၂။ Bison Dele

Bison Dele ကတော့ အမေရိကန် NBA ဘတ်စကတ်ဘောအကျော်အမော်တစ်ယောက်ဖြစ်ပါတယ်။ Dele ဟာ LA Clippers , Detroit Pistons , Denver Nuggets , Orlando Magic အသင်းတွေမှာကစားခဲ့ဖူးပြီးထင်ရှားတဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူဟာ သူ့ရဲ့ချစ်သူ၊ သူ့အစ်ကို၊ ရွက်လှေကပ္ပတိန် တို့နဲ့အတူ တဟီတီကို အပန်းဖြေခရီးထွက်ခဲ့ကြပါတယ်။ ဒါပေမယ့် ပြန်လာတဲ့အချိန်မှာတော့ လှေပေါ်မှာသူ့အစ်ကိုတစ်ဦးသာပြန်ပါလာပြီး ကျန်တဲ့သူတွေကတော့ ပြန်မပါလာဘဲ ပျောက်ဆုံးသွားခဲ့တာယနေ့ချိန်ထိပဲဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရေးတွေရဲ့အဆိုအရတော့ လှေမှာသေနတ်ကျည်ဆန်ပေါက်တွေ တွေ့ရှိခဲ့လို့ လူသ-တ်မှုဖြစ်နိုင်တယ်လို့ သံသယရှိယုံကလွဲလို့ ဘာကောက်ချက်မှ မချနိုင်ခဲ့ပါဘူး။ shwekhitonlinetv.com

၃။ Harold Holt

သြစတြေးလျဝန်ကြီးချုပ် Harold Holt ကလည်း အစအနရှာမရဘဲပျောက်ဆုံးသွားခဲ့တဲ့ နာမည်ကျော်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်းဟာ ၁၉၆၇ ခုနှစ်တုန်းက Chevoit ကမ်းခြေမှာရေကူးနေရာကနေ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ မတော်တဆရေနစ် ေ-သဆုံးမှုအဖြစ် အမှုကို ပိတ်သိမ်းခဲ့ကြပေမယ့် ရုပ်အလောင်းကိုတော့မတွေ့ရှိခဲ့ကြပါဘူး။ ဒီအတွက် သီအိုရီတွေ၊ ဖြစ်နိုင်ချေခန့်မှန်းချက်တွေထွက်ပေါ်ခဲ့တဲ့အထဲမှာ တရုတ်ရေငုပ်သင်္ဘောတစ်စီးက ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာလည်း ပါဝင်ခဲ့ပါတယ်။ shwekhitonlinetv.com

၄။ Amelia Earhart

အေမီလီယာအားဟန့်ဆိုတာကတော့ အမေရိကန်စွန့်ဦး လေယာဉ်မောင်းသူတစ်ဦးဖြစ်ပြီး အတ္တလန္တိတ်သမုဒ္ဒရာကို လေယာဉ်နဲ့ ပထမဆုံးတစ်ကိုယ်တော် ဖြတ်သန်းမောင်းနှင်ခဲ့တဲ့အမျိုးသမီးလည်းဖြစ်ပါတယ်။ အေမီလီယာဟာ ၁၉၃၇ ခုနှစ် ဇူလိုင်လ ၂ ရက်တွမှာ အဖော်တစ်ဦးနှင့်အတူ လော့ခ်ဟိ (Lockheed) အမျိုးအစားလေယာဉ်ဖြင့် ပျံသန်းခဲ့စဉ် ဟောင်းလန်း (Howland) ကျွန်းအနီး ပစိဖိတ်သမုဒ္ဒရာပေါ်မှာ ပျောက်ဆုံးသွားခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com

သူမရဲ့ နောက်ဆုံးဆက်သွယ်မှုကို အနီးဝန်းကျင်မှာရှိနေတဲ့ အီတက်စ်ကာ (Itasca) သင်္ဘောက လက်ခံရရှိခဲ့ပြီး အဆိုပါသင်္ဘောအနေနဲ့ သူမကို ဟောင်းလန်ကျွန်း (Howland Island) ပေါ်မှာရောက်ရှိနေတယ်လို့ ထင်မြင်ခဲ့ကြပါတယ်။ ယုံကြည်ခဲ့ရသည်။ တစ်ကယ်တမ်းမှာတော့ အေမီလီယာဟာ ကျွန်းကနေ အနည်းဆုံး ရှစ်မိုင်လောက်ဝေးတဲ့ နေရာမှာ ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ အီတက်စ်ကာ (Itasca) သင်္ဘောအနေနဲ့ မီးခိုးမိုးတိမ်ကြီးများဖြစ်ပေါ်စေတဲ့ အချက်ပြမီးများကို လွှတ်တင်ခဲ့ပေမယ့်လည်း ဘယ်လိုတုံ့ပြန်ဆက်သွယ်မှုမျိုးကိုမှပြန်လည်မရရှိခဲ့ကြောင်းသိရပါတယ်။ shwekhitonlinetv.com

အေမီလီယာအားဟန့်ပျောက်ဆုံးသွားခြင်းကို တော့ ပင်လယ်ထဲသို့လေယာဉ်ပျက်ကျသွားခြင်းအပါအဝင် ထင်မြင်ယူဆချက်မျိုးစုံပြောကြသပေမယ့် လေယာဉ်အစိတ်အပိုင်းတစ်စုံတစ်ရာကိုတော့ ယနေ့တိုင် ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိသေးပါဘူး။ shwekhitonlinetv.com

၅။ Edward V of England

အင်္ဂလန်မှ မင်းသား Prince Edward V ဟာ အင်္ဂလန်ဘုရင် King Edward IV နဲ့ မိဖုရား Queen Woodville တို့ရဲ့အကြီးဆုံးသားဖြစ်ပါတယ်။ ဖခင်ဖြစ်သူကွယ်လွန်ချိန်မှာတော့ အသက် (၁၂) နှစ်သာရှိသေးတဲ့ မင်းသား Edward V က King Edward V ဖြစ်လာဖို့ရှိနေခဲ့ပါတယ်။ ဒါပေမယ့် အသက်ငယ်ရွယ်သေးတာကြောင့် သူ့ရဲ့ဦးရီးတော်နဲ့ Richard III တို့ကထီးနန်းကာကွယ်စောင့်ရှောက်သူတွေအဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါပေမယ့် တစ်လအကြာမှာတော့ လန်ဒန်မျှော်စင်ပေါ်မှာအစောင့်အကြပ်တွေနဲ့ နေကြတဲ့ Edward V နဲ့ သူ့ရဲ့ (၁၀) နှစ်အရွယ် ညီတော် York မြို့စား Richard of Shrewsbury တို့ဟာပျောက်ချင်းမလှပျောက်သွားခဲ့ကြပြီး နောက်နောင် ဘယ်အခါမှပြန်တွေ့ရချင်းမရှိတော့ပါဘူး။ King Richard III က သ-တ်ပစ်ခဲ့တယ်လို့ ကောလဟလတွေတော့ ထွက်ပေါ်ခဲ့ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။