လူတွေကို ထိတ်လန့်စေခဲ့တဲ့ ကမ္ဘာ့အထူးဆန်းဆုံး မိုးရွာသွန်းခြင်း (၅) မျိုး

၁။ ပင့်ကူမိုး

Anelosimus Eximius လို့အမည်ရတဲ့ ပင့်ကူမျိုးစိတ်တစ်မျိုးဟာ အပင်ခပ်မြင့်မြင့်တွေပေါ်မှာ ပင့်ကူအိမ်တွေဖွဲ့ပြီးနေတက်တဲ့ ပင့်ကူမျိုးစိတ်တစ်မျိုးပါ။ မိတ်လိုက်တဲ့ရာသီဆိုရင်တော့ ပင့်ကူအိမ်တွေကို ရှုပ်ထွေးစွာဆောက်လုပ်ထားတက်ကြပါသေးတယ်။ မှတ်တမ်းတွေအရ (၁၉၇၀) မှာ တိုက်ခက်ခဲ့တဲ့လေပြင်းတွေကြောင့် ဒီပင့်ကူတွေဟာ ကမ္ဘာအရပ်ရပ်ကို ပျံနှံ့ရောက်ရှိသွားကာ ပင့်ကူမိုးသဖွယ်ရွာချခဲ့ပါသတဲ့။ shwekhitonlinetv.com

၂။ ဖားမိုး

တစ်ခါက အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ်မှာ မိုးပေါ်ကနေဖားတွေအများအပြား ရွာချခဲ့တဲ့ဖြစ်ရပ်ကို ကြုံတွေ့ခဲကြရပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းကတော့ လေဆင်နှာမောင်းတစ်ခုက ရေကန်တွေ ရေအိုင်တွေက ဖားတွေကို ဆွဲငင်သွားပြီး အဆိုပါနေရာမှာ မိုးနှင့်အတူ ပြန်လည်ရွာသွန်းခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ တီကောင်မိုး

၁၉၉၅ ခုနှစ်လောက်မှာတော့ ယူကေမှာရှိတဲ့ ဘောလုံးအသင်းတစ်သင်းဟာ ဘောလုံးကစားနေစဉ်မိုးပေါ်ကနေ တီကောင်တွေအများအပြားကျရောက်လာလို့ အိမ်ထဲအကုန်ပြန်ဝင်ပြေးခဲ့ရတဲ့ ဖြစ်ရပ်နဲ့ကြုံတွေ့ခဲ့ရပါတယ်။ အဲ့ဒီအချိန်က အဲ့ဒီနေရာမှာ လေဆင်နှာမောင်းလို လေပြင်းတိုက်ခတ်တာမျိုးလို မရှိဘဲ ရာသီဥတုကသာယာနေလို့ အဲ့ဒီတီကောင်တွေ ဘယ်ကဘယ်လိုကျလာတာလဲဆိုတာ အခုထိတော့ ပဟေဠိဆန်တဲ့ ဖြစ်ရပ်အဖြစ် မှတ်တမ်းဝင်နေခဲ့ပါတယ်။ shwekhitonlinetv.com

၄။ ပိုက်ဆံမိုး

(၁၉၅၀) ပြည့်လွန်နှစ်များမှာတော့ ပြင်သစ်နိုင်ငံအလယ်ပိုင်းက မြို့လေးတစ်မြို့မှာ နေထိုင်တဲ့သူတွေဟာ ကောင်းကင်ပေါ်ကနေ ဖရန့်ငွေတွေကျဆင်းနေတာကို တွေ့ရှိ ကြုံတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ ဒီလို ထူးဆန်းတဲ့ဖြစ်ရပ်ဟာ ဘာကြောင့်ဖြစ်ပေါ်လာသလဲ ဆိုတာကိုတော့ ဘယ်သူမှသေချာမသိပါဘူး။ shwekhitonlinetv.com

၅။ သွေးမိုး

ကိုလံဘီယာနိုင်ငံမှာ ၁၉၆၀ ခုနှစ်က အနီရောင်အရည်တွေမြို့တစ်မြို့လုံးဖုံးလွှမ်းခဲ့တဲ့ ဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မိုးပေါ်ကကျလာတဲ့ ဒီအနီရောင်အရည်တွေကို သိပ္ပံပညာရှင်တွေစမ်းသပ်တဲ့ အခါမှာတော့ သွေးတွေဖြစ်ကြောင်းသိခဲ့ရပါတယ်။ ဒေသခံ ပုရောဟိတ်တွေကတော့ ဒါဟာ မြို့ကို အုပ်ချုပ်တဲ့သူတွေအနေနဲ့ မူဝါဒလမ်းစဉ်တွေကို ပြောင်းလဲဖို့လိုအပ်ကြောင်းနိမိတ်ပြတာဖြစ်တယ်လို့ဆိုကြပါတယ်။ ဒီဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ ဒီမြို့ကလေးမှာ သွေးထွက်သံယိုဖြစ်တဲ့ သတင်းတွေမကြားရသလောက် ရှားပါးခဲ့ပါတယ်တဲ့။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။