သာမန်လူတွေစားရဲမှာ မဟုတ်တဲ့ အမေရိကန်နိုင်ငံက ဟင်းလျာ (၈)မျိုး အကြောင်း

ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံအသီးသီး ဒေသအသီးသီးမှာတော့ ကွဲပြားခြားနားတဲ့စားသောက်မှုပုံစံတွေကို တွေ့မြင်နိုင်ပါလိမ့်မယ်။ ဒီတစ်ခေါက်မှာတော့ အမေရိကန်နိုင်ငံရဲ့ ဒေသအချို့က စားသောက်ဆိုင်တွေမှာရှိတဲ့ ဆန်းဆန်းပြားပြားဟင်းလျာမီနူးလေးတွေကို လေ့လာကြည့်ရအောင်နော် ….. shwekhitonlinetv.com

ကန္တာရပင်ကြော်

ကန္တာရပင်တွေဟာကြမ်းတမ်းလှတဲ့ရာသီဥတု ပတ်ဝန်းကျင်အခြေအနေတွေမှာကောင်းစွာရှင်သန်နိုင်တဲ့ အပင်တွေဖြစ်ပါတယ်။ ဒီအပင်တွေကိုကြော်စားဖို့ဆိုတာကတော့ လူအတော်များများစဉ်းစားမိမှာမဟုတ်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် အရီဇိုးနားပြည်နယ်ကိုရောက်ရင်တော့ ကန္တာရဆူးပင်ကြော်တွေရတဲ့ စားသောက်ဆိုင်တွေကို သင့်အနေနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

သေမင်းဘာဂါ

Quadruple Bypass Burger ဆိုတာကတော့ကမ္ဘာပေါ်မှာအန္တရာယ်အများဆုံး အစားအစာတစ်ခုဖြစ်ပါတယ်။ အကြောင်းကတော့ ဒီဘာဂါတွေမှာ ကယ်လိုရီ (၂၀,၀၀၀) လောက်ပါဝင်နေလို့ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ လတ်စ်ဗေးဂတ်စ်မှာ ဒီလိုဘာဂါတွေကိုရရှိနိုင်ပြီး စားသုံးမယ့်သူတွေအနေနဲ့ တစ်စုံတစ်ခုဖြစ်ခဲ့ရင်ရောင်းချသူနဲ့မသက်ဆိုင်ကြောင်း သဘောတူလက်မှတ်လိုမျိုး လက်မှတ်ထိုးရတယ်လို့လည်းသိရပါတယ်။ shwekhitonlinetv.com

နွားဦးနှောက်ကြော်

အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်ကဒေသခံတွေအတွက်တော့ နွားဦးနှောက်ကြော် ညစာကအလွန်ကောင်းမွန်ပြီး အရသာရှိလွန်းတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ နွားရူးရောဂါကာကွယ်ရေးကြောင့် ဆိုင်ကြီးအချို့မှာသာမှာယူစားသောက်နိုင်တဲ့ အစားအစာတစ်ခုလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

တံတွေးဟင်းချို

ဒီခေါင်းစဉ်ကိုမြင်ပြီး သင့်အနေနဲရွံရှာမိမယ်ထင်ပါတယ်။ ဒါပေမယ့် ဒီတံတွေးဟင်းချိုက လူတွေရဲ့တံတွေးတွေနဲ့ပြုလုပ်ထားတာမဟုတ်ဘဲ ငှက်တွေရဲ့တံတွေးနဲ့ပြုလုပ်ထားတာပါ။ မြန်မာနိုင်ငံမှာဆိုရင်တော့ ငှက်သိုက်လို့ခေါ်ဝေါ်သုံးစွဲမယ်ထင်ပါတယ်။ အမေရိကန်မှာတော့ ဒီဟင်းချိုက ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်စွမ်းရှိလို့ အတော်လေးကိုရေပန်းစားပါတယ်။ shwekhitonlinetv.com

ဝက်သွေးရေခဲမုန့်

ရေခဲမုန့်ကတော့ လူကြီးရော ကလေးပါကြိုက်နှစ်သက်ကြတဲ့ သရေစာတစ်ခုဖြစ်ပါတယ်။ ရေခဲမုန့်ကို နေရာဒေသအလိုက် မတူညီတဲ့ပစ္စည်းတွေနဲ့ အရသာအမျိုးမျိုးရရှိအောင်ပြုလုပ်တက်ကြပေမယ့် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီက ရေခဲမုန့်တစ်မျိုးကိုပြုလုပ်ထားတဲ့ အရာကိုသိရင်သင့်အနေနဲ့ မအံ့သြဘဲနေနိုင်မယ်မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီမှာရောင်းတဲ့ ရေခဲမုန့်အချို့ဟာ ဝက်သွေးတွေနဲ့ ပြုလုပ်ထားလို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ငါးအရှင်ဟင်းလျာ

သတ္တဝါတွေကိုအစိမ်းစားရတာဟာ လူအတော်များများအတွက်တော့ အတော်လေးကိုမသတီစရာကောင်းတဲ့ကိစ္စဖြစ်မယ်ထင်ပါတယ်။ အသက်ရှိနေတဲ့ အရှင်ဆိုလျင်တော့ ပြောစရာလိုမယ်မထင်ပါဘူး။ ဒါပေမယ့်လည်း အမေရိကန်နိုင်ငံရဲ့ စားသောက်ဆိုင်တွေမှာ အသက်ရှိနေသေးပြီး လှုပ်ရှားနေတဲ့ ငါးဟင်းလို ဟင်းလျာမျိုးကတော့ ဒေသခံတွေအတွက် အထူးအဆန်းမဟုတ်တော့ပါဘူး။ shwekhitonlinetv.com

ဝှေးစေ့ဟင်းလျာများ

တစ်ကယ်လို့ သင်ကအမေရိကန်နိုင်ငံရဲ့တောင်ပိုင်း ဒါမှမဟုတ် အနောက်အလည်ပိုင်းကမြို့ကြီးတွေကို အလည်အပတ်သွားခဲ့မယ်ဆိုရင်တော့ အဲ့ဒီက စားသောက်ဆိုင်တွေမှာ တစ်မူထူးခြားတဲ့ ဟင်းလျာမီနူးတစ်မျိုးကို တွေ့မြင်ရနိုင်ပါတယ်။ အဲ့ဒါကတော့ နွားရိုင်းဝှေးစေ့ဟင်းလျာပဲဖြစ်ပါတယ်။ အဲ့ဒီက စားသောက်ဆိုင်တွေမှာ နွားရိုင်းဝှေးစေ့အပြင် ဆိတ် နှင့် သိုး တွေရဲ့ဝှေးစေ့တွေကိုလည်း ညစာအဖြစ်သုံးဆောင်နိုင်ပါတယ်။ shwekhitonlinetv.com

ခြင်္သေ့ဟင်းလျာ

အမေရိကန်နိုင်ငံမှာ ထူးဆန်းတဲ့အစားအစာအမျိုးမျိုးရှိတဲ့အနက် ဒီတစ်မျိုးကတော့အတော်လေးကို စိတ်ဝင်စားဖို့ကောင်းပြီး မြည်းစမ်းကြည့်ချင်စရာကောင်းလှပါတယ်။ ဘာကြောင့်လဲဆိုတော့ တောဘုရင်ရဲ့ အသားကိုဟင်းလျာအဖြစ်ချက်ပြုတ်ပြီးစားရမှာလေ။ ဒါပေမယ့် ဒီဟင်းလျာရဲ့ဈေးနှုန်းကတော့ အတော်လေးကို ကြီးမြင့်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။