ကမ္ဘာတစ်လွှားက ဘီယာမြို့တော် (၇) မြို့

အခုတစ်ခေါက်မှာတော့ ဘီယာကိုနှစ်ခြိုက်စွာသောက်သုံးတက်တဲ့သူတွေအတွက် သွားရောက်လည်ပတ်ဖို့အကောင်းဆုံး ဘီယာမြို့တော်တွေအကြောင်းဖော်ပြပေးချင်ပါတယ်။ ဘယ်မြို့တွေက ဘယ်လိုအကြောင်းပြချက်တွေနဲ့ Beer Lover တွေကိုဆွဲဆောင်နေမလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်ပါဦးနော် …. shwekhitonlinetv.com

၁။ Munich – Germany

၁၅၈၉ ခုနှစ်ကစတင်ထုတ်လုပ်ခဲ့တဲ့ သက်တမ်းရင့် Hofbräuhaus Beer အပြင် အခြားနာမည်ကျော် ဘီယာအမှတ်တံဆိပ်များစွာကလည်း ဂျာမနီနိုင်ငံမြူးနစ်မြို့မှာအခြေစိုက်တည်ရှိတာဖြစ်ပါတယ်။ နောက်ပြီး Oktoberfest လိုမျိုးဘီယာပွဲတော်ကိုနှစ်စဉ်ကျင်းပနေတဲ့ မြူးနစ်မြို့ကတော့ ဘီယာကြိုက်သူတွေအတွက် သွားရောက်လည်ပတ်ဖို့အထူးတလည် ညွှန်းနေစရာမလိုတဲ့မြို့တစ်မြို့ဖြစ်စေခဲ့ပါတယ်။ shwekhitonlinetv.com

၂။ Dublin – Ireland

အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့ကတော့ သူ့မှာရှိတဲ့ဘီယာဆိုင်တွေ၊ အရက်ဘားတွေနဲ့ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ထားတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ နှစ်ချို့ဘီယာအရသာကောင်းကောင်းကိုခံစားလိုသူတွေအတွက်လည်း (၁၇၅၉) ခုနှစ်ကတည်းကတည်ထောင်ထားတဲ့ Guinness အမှတ်တံဆိပ်ဘီယာချက်စက်ရုံရှိတာကြောင့် ဒဗ္ဗလင်မြို့ဟာ ဘီယာကြိုက်နှစ်သက်တဲ့သူတွေအနေနဲ့ သွားရောက်လည်ပတ်သင့်တဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Portlan – US

အမေရိကန်နိုင်ငံ အော်ရီဂွှန်ပြည်နယ်က ပို့သ်လန်းမြို့ဟာလည်း ဘီယာကြိုက်နှစ်သက်သူတွေအတွက် သွားရောက်လည်ပတ်ချင်စရာအိပ်မက်မြို့တစ်ခုဖြစ်ပါတယ်။ ပို့သ်လန်းမှာတော့ အရသာကွဲပြားလှတဲ့ ဘီယာအမျိုးအစားများစွာရှိသလို အကောင်းဆုံး Ale Beer (သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များဖြင့် အဓိကထားချက်လုပ်ထားသော ဘီယာတစ်မျိုး) တွေလည်းရှိပါတယ်။ ပို့သ်လန်းမြို့ရဲ့ Trademark တစ်ခုကတော့ မတူညီတဲ့ဘီယာသေးငယ်တဲ့ခွက်ကလေးတွေနဲ့ထည့်ပြီးသောက်သုံးတဲ့ Microbreweries စတိုင်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ London – UK

နာမည်ကျော် ပရီးမီးယားလိဂ်ဘောလုံးပွဲစဉ်တွေကို ဘီယာလေးစုပ်ရင်း ကြည့်ရှုချင်တဲ့သူတွေကိုတော့ လန်ဒန်မြို့ကနေကြိုဆိုလျှက်ရှိပါတယ်။ ဒါမှမဟုတ်လည်း သိမ်းမြစ်ရဲ့အလှကိုခံစားရင်း ဘီယာသောက်သုံးကာ အပန်းဖြေလိုသူတွေအတွက် သိမ်းမြစ်နံဘေးက အရက်ဘားတွေကအသင့်ရှိနေတာကြောင့် လန်ဒန်ဟာလည်း ယမကာလုလင်တွေအတွက် ဦးစားပေးသွားရောက်လည်ပတ်သင့်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Prague – Czech Republic

ကမ္ဘာပေါ်မှာတစ်ဦးချင်းဘီယာသောက်သုံးမှုအများဆုံးဖြစ်တဲ့ ချက်သမ္မတနိုင်ငံဟာလည်း ဘီယာကြိုက်နှစ်သက်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် မေ့မထားသင့်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ (၆) ရာစုလောက်ကတည်းက ဘီယာချက်လုပ်သောက်သုံးခဲ့ကြတဲ့ အလေ့အထရှိတဲ့ ချက်နိုင်ငံဟာ နာမည်ကျော် Pilsner Beer၊ Tanker Beer တွေရဲ့မွေးရပ်ဇာတိလည်းဖြစ်ပါတယ်။ အထူးသဖြင့်တော် မြို့တော် ပရာ့ဂ် (Prague) ကဖော်ရွေပျူငှာတဲ့ စားသောက်ဆိုင်တွေက ဘီယာသမားတွေကို ဆွဲဆောင်နေမှာအမှန်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ Edinburgh – Scotland

ဘီယာချက်လုပ်ခြင်းနဲ့သက်ဆိုင်တဲ့ ဘွဲ့ဒီဂရီတွေ၊ အသိအမှတ်ပြုလတ်မှတ်တွေကိုပေးအပ်နေတဲ့ တက္ကသိုလ်တစ်ခုက စကော့တလန်နိုင်ငံ အီဒင်ဘာ့ဂျ်မြို့မှာတည်ရှိတာဖြစ်ပါတယ်။ ဒါ့အပြင်များပြားစုံလင်လှတဲ့ ဘီယာချက်စက်ရုံတွေ၊ အရသာဆန်းပြားလှတဲ့ ဘီယာတွေဟာလည်း အီဒင်ဘာ့ဂျ်မြို့မှာရှိနေပါတယ်။ ဒါကြောင့် အီဒင်ဘာ့ဂျ်ကိုသွားရောက်လည်ပတ်ခဲ့မယ်ဆိုရင်တော့ သင့်ဘဝမှာတစ်ခါမှ မမြည်းစမ်းဖူးတဲ့ ဘီယာအရသာတွေကို မြည်းစမ်းခွင့်ရမှာ အသေအချာပါပဲ။ shwekhitonlinetv.com

၇။ Vienna – Austria

သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ကလည်း ဥရောပမှာ အကောင်းဆုံးစားသောက်ဆိုင်တွေနဲ့ ဘီယာယဉ်ကျေးမှုကြောင့် ကမ္ဘာလှည့်ခရီးသွားတွေအတွက် သွားရောက်လည်ပတ်သင့်တဲ့ မြို့တော်တစ်ခုဖြစ်ပါတယ်။ တစ်ကယ်လို့သင့်အနေနဲ့ ဗီယင်နာမြို့ကိုသွားရောက်ခဲ့မယ်ဆိုရင်တော့ နာမည်ကျော်ဘီယာတွေကိုချက်လုပ်ပြီး ရောင်းချပေးနေတဲ့ Sieben Stern Brau ကိုတော့ သွားဖြစ်အောင်သွားဖို့တိုက်တွန်းချင်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။