စကြဝဠာနဲ့ ပတ်သတ်တဲ့ လျှို့ဝှက်ဆန်းကြယ်မှု (၁၀) မျိုး

စကြဝဠာဆိုတာကတော့ လျှို့ဝှက်ဆန်းကြယ်မှုတွေ၊ မယုံကြည်နိုင်လောက်စရာအဖြစ်အပျက် အကြောင်းတရားတွေနဲ့ပြည့်နှက်နေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ စကြဝဠာကြီးရဲ့အကြောင်းကို လူသားတွေအနေနဲ့တစ်နေ့ထက်တစ်နေ့ ပိုမိုသိရှိနိုင်အောင်ကြိုးပမ်းလျှက်ရှိရာကနေ သိရှိလာခဲ့တဲ့ စိတ်ဝင်စားဖွယ်အချက်အလက်တစ်ချို့ကို ရွှေခေတ်ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပါရစေနော် ….. shwekhitonlinetv.com

၁။ ကြီးမားတဲ့ရေခိုးရေငွေ့တိမ်တိုက်ကြီး

နက္ခတဗေဒပညာရှင်တွေဟာ ကမ္ဘာကနေအလင်းနှစ် (၁၀) ဘီလီယံကွာဝေးတဲ့နေရာမှာထုထည်ကြီးမားလွန်းတဲ့ ရေခိုးရေငွေ့တိမ်တိုက်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီရေခိုးရေငွေ့တိမ်တိုက်ကြီးထဲမှာပါဝင်နိုင်တဲ့ ရေပမာဏကတော့ ကမ္ဘာပေါ်ကရေအားလုံးရဲ့ အဆ (၁၄၀) လောက်ရှိပါတယ်။ shwekhitonlinetv.com

၂။ တဖြည်းဖြည်းကျုံ့လာတဲ့ ဂျူပီတာဂြိုဟ်ပေါ်က အနီရောင်မုန်တိုင်းကြီး

လွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းလေ့လာမှုတွေအရ နှစ်သန်းပေါင်းများစွာကတည်းကဖြစ်တည်နေတဲ့ ဂျူပီတာပေါ်ကအနီရောင် အစက်ကြီးဟာ တဖြည်းဖြည်းကျုံ့လာနေကြောင်း တွေ့ရှိရပါတယ်။ ဒီအနီရောင် အစက်ကြီးဟာ ဂျူပီတာဂြိုဟ်ပေါ်မှာနှစ်ပေါင်းများစွာဖြစ်ပေါ်နေတဲ့ မုန်တိုင်းကြီးတစ်ခုလည်းဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ကထုတ်ပြန်မှုတစ်ခုမှာ ဒီအနီရောင်အစက်ကြီးရဲ့အရွယ်အစားဟာ ကမ္ဘာရဲ့အရွယ်အစားထက် (၁.၃) ဆလောက်ပိုကြီးပြီး လက်ရှိအချိန်မှာတော့ ကမ္ဘာနဲ့ရွယ်တူအနေအထားလောက်ထိကို ကျုံ့သွားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ အာကာသထဲမှာကြယ်တွေဘယ်လောက်ရှိသလဲ ?

ဒီမေးခွန်းရဲ့အဖြေကိုအတိအကျဖြေနိုင်တဲ့သူတော့တစ်ယောက်မှမရှိပါဘူး။ နဂါးငွေ့တန်းဂလက်ဆီ (Milky Way Galaxy) တစ်ခုတည်းမှာကြယ်ပေါင်း (၂၀၀) ဘီလီယံကနေ (၄၀၀) ဘီလီယံအထိရှိနေတာဖြစ်ပြီး စကြဝဠာထဲမှာ အဲ့ဒီလီ ဂလက်ဆီတွေကလည်း ဘီလီယံနဲ့ချီပြီးရှိနေနိုင်တာကြောင့်ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ဟေလီကြယ်တံခွန်ကိုမှတ်တမ်းတင်ခြင်း

တရုတ်လူမျိုးတွေဟာ ဘီစီ ၂၄၀ အစောပိုင်းကာလတွေကတည်းက ဟေလီကြယ်တံခွန်ရဲ့အကြောင်းကို စတင်မှတ်တမ်းတင်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ၁၄၀ ဘီစီနောက်ပိုင်းမှာတော့ ကမ္ဘာနဲ့တစ်ဝန်းလုံးမှာ ဟေလီကြယ်တံခွန်နဲ့ ပတ်သက်တဲ့အချက်အလက်တွေကို အဆက်မပြတ်မှတ်တမ်းတင်မှုတွေရှိလာပါတယ်။ လာမယ့် ၂၀၆၁ ခုနှစ်မှာတော့ ဟေလီကြယ်တံခွန်ကို ကမ္ဘာကနေမြင်တွေ့ရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ နောက်နှစ်သန်း (၁၀၀) လောက်ထိရှိနေမယ့် လကမ္ဘာပေါ်ကခြေရာများ

အပိုလိုအာကာသယာဉ်မှုးတွေရဲ့ လကမ္ဘာပေါ်ကခြေရာတွေဟာ နောင်နှစ်သန်းပေါင်းများစွာအထိမပျောက်ပျက်ဘဲ တည်ရှိနေမှာပါ။ ဘာကြောင့်လဲဆိုတော့လပေါ်မှာရေမရှိသလို မြေပြင်ကခြေရာတွေကို တိုက်စားသွားမယ့် လေထုလည်းမရှိလို့ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ တန်ဖိုးကြီးလွန်းတဲ့ အာကာသဝတ်စုံများ

NASA က အာကာသယာဉ်မှုးတွေဝတ်ဆင်တဲ့ ပုံမှန်အာကာသဝတ်စုံတစ်ခုဟာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၁၂) သန်းဝန်းကျင်ရှိပါတယ်။ အထူးပြုလုပ်ထားတဲ့အချို့ဝတ်စုံတွေကတော့ ဒီထက်ပိုကုန်ကျစရိတ်များပါတယ်။ ကုန်ကျစရိတ်ရဲ့ (၇၀) ရာခိုင်နှုန်းကတော့ အာကာသဝတ်စုံမှာပါတဲ့ ကျောပိုးအိတ်နဲ့ ထိန်းချုပ်မှုစနစ်တို့ကြောင့်ဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ အမေရိကန်နိုင်ငံထက်သေးငယ်တဲ့ ပလူတိုဂြိုဟ်

ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုအဖြစ် ပြောင်းလဲသတ်မှတ်ခြင်းခံခဲ့ရတဲ့ ပလူတိုဂြိုဟ်ရဲ့ အရွယ်အစားဟာ အမေရိကန်နိုင်ငံထက်တောင်သေးငယ်လှပါတယ်။ ပလူတိုဂြိုဟ်ရဲ့ အီကွေတာပတ်ပတ်လည်မှာလမ်းလျှောက်သွားတာဟာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ကနေ အမေရိကန်နိုင်ငံ ဒန်ဗာမြို့ကို လမ်းလျှောက်သွားရမယ့် အကွာအဝေးလောက်ပဲရှိပါတယ်။ shwekhitonlinetv.com

၈။ ကမ္ဘာရဲ့အဝေးကိုထွက်ပြေးနေတဲ့ လ

လ ဟာနှစ်စဉ်နှစ်တိုင်း ကမ္ဘာကနေ (၃.၈) စင်တီမီတာလောက်ကွာဝေးလာလျှက်ရှိပါတယ်။ ဒါဟာတစ်ချိန်မှာ ကမ္ဘာမြေရဲ့ဆွဲအားကနေလွတ်ထွက်သွားမယ့် သဘောဖြစ်ပါတယ်။ ဒါပေမယ့်ဒီလိုဖြစ်ဖို့ဆိုတာကတော့ နှစ်ပေါင်း ဘီလီယံနဲ့ချီပြီးကြာမြင့်ဦးမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ တိတ်ဆိတ်လွန်းတဲ့ အာကာသ

အာကာသထဲမှာ လေထုမရှိပါဘူး။ ဒါဟာ အသံတွေကိုကြားနိုင်ဖို့အတွက် ကြားခံနယ်မရှိဘူးဆိုတဲ့အဓိပ္ပါယ်လည်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့အာကာသထဲက အာကာသယာဉ်မှုးတွေဟာ အာကာသဟင်းလင်းပြင်ထဲမှာတစ်နေရာနဲ့တစ်နေရာဆက်သွယ်ဖို့အတွက် ရေဒီယိုလှိုင်းတွေကိုသာအသုံးပြုကြရပါတယ်။ shwekhitonlinetv.com

၁၀။ ပထမဆုံးရိုက်ကူးနိုင်ခဲ့တဲ့ တွင်းနက်တစ်ခုရဲ့အရွယ်အစား

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာတော့ ကမ္ဘာကနေအလင်းနှစ် (၃၁၀) ဘီလီယံမှာတည်ရှိနေတဲ့ တွင်းနက် (Black Hole) တစ်ခုကိုဓာတ်ပုံရိုက်ကူးနိုင်ခဲ့ပါတယ်။ အဆိုပါဓာတ်ပုံအရ ဒီတွင်းနက်ရဲ့အရွယ်အစားဟာ ကမ္ဘာထက်အဆပေါင်း (၃) သန်းလောက်ကြီးမားတယ်လို့ ဆိုကြပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။