ကမ္ဘာကျော် ဆယ်လီတွေကို အနီးကပ် စောင့်ရှောက်ပေးနေကြတဲ့ ဘော်ဒီဂတ်ကြီးတွေ အကြောင်း

ဒီတစ်ခေါက်ရွှေခေတ်ပရိသတ်တွေကိုဖော်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့နာမည်ကျော် ဆယ်လီတွေရဲ့ အထူးစပါယ်ရှယ်ဘော်ဒီဂတ်တွေအကြောင်းပဲဖြစ်ပါတယ်။ ဒီလို ဘော်ဒီဂတ်တွေနဲ့ဆိုရင်တော့ သူတို့ကိုခိုက်ရန်ပြုမူဖို့နေနေသာသာ အော်တိုလက်မှတ်ရေးခိုင်းဖို့တောင် လွယ်မယ်မထင်ပါဘူးနော် … shwekhitonlinetv.com

၁။ ဘီယွန်းဆေးနှင့်ဂျေဇီး

ဒီနာမည်ကျော် ဂီတမောင်နှံ (၂) ဦးကတော့ Live Show လိုဖျော်ဖြေပွဲတွေမှာ ပရိသတ်တွေရတိုက်ခိုက်မှုကို အကြိမ်ကြိမ်ခံခဲ့ရဖူးတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ နွေရာသီတုန်းကဆိုရင် သူတို့ရဲ့စင်ပေါ်မှာဖျော်ဖြေနေတုန်း အရက်မူးနေတဲ့ ပရိသတ်တစ်ဦးက စင်ပေါ်ပြေးတက်ပြီးရန်ပြုဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်ကံကောင်းထောက်မစွာပဲ သူတို့ရဲ့ သက်တော်စောင့်တွေက အလျင်အမြန် အဲ့ဒီပရိသတ်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ shwekhitonlinetv.com

ဒီဖြစ်ရပ်ဖြစ်ပြီးနောက်ပိုင်းမှာတော့ သူတို့ဟာ အတော်လေးကိုထိတ်လန့်တုန်လှုပ်သွားပုံရ ပြီး သက်တော်စောင့် အမြောက်အမြားကိုငှားရမ်းခဲ့ပါတယ်။ ဒီသက်တော်စောင့်တွေထဲက အယောက် (၃၀၀) လောက်ကတော့ သူတို့ရဲ့ ရှိုးပွဲတွေမှာလိုက်လံစောင့်ကြပ်ပြီး မတော်တဆဖြစ်ရပ်တွေနဲ့ ရုတ်တရက် တိုက်ခိုက်မှုတွေကို စောင့်ကြည်ကာကွယ်ရမှာဖြစ်ပါတယ်။ နောက်ထပ် (၅၀) လောက်ကတော့ သူတို့ရဲ့ စတိတ်စင်ပေါ်နဲ့ အနီးတဝိုက်မှာ စောင့်ကြပ်ဖို့ငှားရမ်းခဲ့တာပဲဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး သူတို့ရဲ့ သာမန်သွားလာလှုပ်ရှားမှုတွေမှာလည်း လိုက်လံစောင့်ကြပ်ပေးဖို့ နာမည်အကြီးဆုံး သက်တော်စောင့်တစ်ဦးဖြစ်တဲ့ ဂျူလိယက်ဒီဘိုးဝါး (Julius DeBoer) နဲ့ အဖွဲ့ကိုလည်းငှားရမ်းထားတယ် လို့သိရပါတယ်။ shwekhitonlinetv.com

၂။ အိန်ဂျလီနာဂျိုလီ

မိခင်ဖြစ်တဲ့ ကမ္ဘာကျော်မင်းသမီး အိန်ဂျလီနာဂျိုလီ ကတော့ သူနဲ့ သူ့ကလေး (၆) ယောက်အတွက် အနီးကပ်စောင့်ကြပ်ဖို့ နာမည်ကျော် သက်တော်စောင့် မာ့ခ်ဘီလီဂန် (Mark Billingham) ကိုငှားရမ်းထားတယ်လို့သိရပါတယ်။ ဘီလီကတော့ အရင်က အမေရိကန် အထူးတပ်ဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ S.W.A.T အဖွဲ့မှာ Sniper သမားအဖြစ် တာဝန်ထမ်းဆောင်ဖူးတဲ့သူ ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင်အခြားကိစ္စရပ်တွေအတွက်လည်း သက်တော်စောင့်တွေကို ငှားရမ်းထားသေးပါတယ်။ အဲ့ဒီအတွက် ဂျိုလီ အနေနဲ့ နှစ်စဉ်ဒေါ်လာ (၂) သန်းလောက်ကုန်ကျတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၃။ ရီဟားနား

နာမည်ကျော် အဆိုတော်ရီဟားနားကတော့ ပွဲတက်အခမ်းအနားတွေဆိုရင် သူ့အနားမှာ လှပတဲ့ ဝတ်စုံနဲ့ သက်တော်စောင့် (၅) ယောက်ထားရှိတဲ့သူဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ သာမန်နေ့မျိုးဆိုရင်တော့ သူ့နားမှာ သက်တော်စောင့် (၂) ယောက်လောက်သာထားချင်လည်းထားတယ်လို့သိရပါတယ်။ ရီးဟားနားဟာ သူတို့နဲ့ သူငယ်ချင်းမိတ်ဆွေပုံစံ ပွင့်လင်းတဲ့ဆက်ဆံရေးရှိတဲ့သူလည်း ဖြစ်ပြီး တစ်ခါတစ်ရံ သူတို့ကျောကုန်းပေါ်မှာ ကုန်းပိုးစီးပြီးသွားလာတာကို လည်းတွေ့မြင်နိုင်ပါတယ်။ shwekhitonlinetv.com

၄။ ကန်းဒရစ်လားမား

ဒီ Rapper ကတော့သူ့ရဲ့သက်တော်စောင့်တွေသာ အနားမှာရှိနေရင် ဘယ်အရာကိုမှမကြောက်ဖူးလို့ မီဒီယာတွေကို ပြောဖူးတဲ့သူပါ။ သူပြောတာကို ပိုတယ်လို့ထင်ရင်တော့ သူ့ရဲ့ သက်တော်စောင့်တွေကို တစ်ချက်ကြည့်လိုက်ပါဦးနော်။ ခန္ဓာကိုယ်အရွယ်အစားတွေက တကယ့်ကို သန်မာတဲ့ လူ့ဘီလူးကြီးတွေအတိုင်းပါပဲ။ သူတို့က အမြဲတမ်းတော့ ကန်းဒရစ်ဘေးနားမှာ ထင်ထင်ပေါ်ပေါ်မနေတက်ကြပေမယ့် တစ်စုံတစ်ခုဆိုရင် လက်သွက်ခြေသွက်စွာ အလျင်အမြန် ရောက်ရှိလာတက်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၅။ လေဒီဂါဂါ

ပရိသတ်သန်းပေါင်းများစွာရှိတဲ့ နာမည်ကျော်အဆိုတော် လေဒီဂါဂါကတော့ သူ့အနားမှာ အမြဲတမ်းလိုလို သက်တော်စောင့် (၄) ဦးဝန်းရံပြီး Public Area တွေနဲ့ အခမ်းအနားတွေကို တက်ရောက်လေ့ရှိသူဖြစ်ပါတယ်။ သူတို့ကအရပ်အမောင်း မတော်လေးမြင့်မားပြီး အနက်ရောင်ဝတ်စုံတွေကိုလည်း ဝတ်ဆင်ထားတက်ပါတယ်။ သူတို့အများဆုံးကြုံတွေ့ရပြီး တားဆီးပေးရတာကတော့ လေဒီဂါဂါဆီကိုအတင်း ပြေးလွှားဝင်ရောက်လာပြီး လက်မှတ်ထိုးခိုင်းဖို့ ကြိုးစားတဲ့သူတွေကိုပဲဖြစ်ပါတယ်။ ဒီထဲက ပီတာဗန်ဒါဗင်း (Peter Van Der Veen) ဆိုတဲ့ သက်တော်စောင့်တစ်ယောက်ကတော့ သူမအနားမှာ နှစ်ရှည်လများလိုက်လံစောင့်ကြပ် လာတဲ့သူဖြစ်ပြီး (၂၀၀၅) ခုနှစ်တုန်းက ကာယဗလပြိုင်ပွဲမှာ ဆုရထားတဲ့သူဖြစ်တယ်လို့လည်းသိရပါတယ်။ shwekhitonlinetv.com

၆။ ဒေးဗစ်ဘက်ခမ်းနှင့်ဗစ်တိုးရီးယားဘက်ခမ်း

အားကစားလောကနဲ့ဖက်ရှင်လောကမှာ အင်မတန်နာမည်ကြီးတဲ့ ဒီဇနီးမောင်နှံသက်တော်စောင့်တွေဘေးမှာ အမြဲစောင့်ကြပ်ဖို့ငှားရမ်းထားရသူတွေဖြစ်ပါတယ်။ ဒေးဗစ်ဘက်ခမ်းကားမောင်းပြီး တစ်နေရာရာသွားမယ်ဆိုလည်း အနောက်ကနေ ကား (၂) စီးနဲ့အမြဲတမ်းလိုက်လံစောင့်ရှောက်ရပါသတဲ့ ပရိသတ်ကြီးရေ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေးဗစ်က သူ့အနေနဲ့ မီဒီယာတွေကိုပြောကြားခဲ့တဲ့စကားတစ်ခုကလည်း တစ်ကယ့်ကို စိတ်မကောင်းစရာပါပဲ။ ဒေးဗစ်က “ကျွန်တော်အမြဲဖြစ်ချင်တဲ့ အိပ်မက်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ကျွန်တော့်မိသားစုနဲ့အတူ ဘယ်သူမှမပါဘဲ လွတ်လွတ်လပ်လပ် လမ်းမတွေပေါ်မှာ လျောက်သွားချင်တာပါ။ ဒါပေမယ့်လည်း သူတို့ရဲ့ လုံခြုံရေးက ပိုပြီးအရေးကြီးတယ်လေ” လို့ပြောခဲ့တာဖြစ်ပါတယ်။ သြော် … ကမ္ဘာကျော်တွေရဲ့ ဘဝက အားကျဖို့ကောင်းတာမှန်ပေမယ့် သာမန်လူတွေလို လွတ်လပ်မှုမျိုးတော့ မရကြရှာဘူးနော် … shwekhitonlinetv.com

၇။ ဂျနီဖာလိုပက်ဇ်

သူမရဲ့ တင်ပါးကို ဒေါ်လာ (၂၇) သန်းနဲ့ အာမခံထားရှိထားတယ်လို့ သတင်းတွေထွက်ခဲ့ဖူးတဲ့ နာမည်ကျော်အဆိုတော် ဂျနီဖာလိုပက်ဇ် ကတော့ အတော်လေးကိုစိတ်ကြီးတဲ့သက်တော်စောင့် တစ်ဦးကိုပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ တစ်ခါတုန်းက ဂျေလိုနဲ့သူ့ခင်ပွန်းဟာ ဟောလိဝုဒ်မြို့ရဲ့ နာမည်ကြီး ခရိတ်စားသောက်ဆိုင်ကအပြန်မှာ ဓာတ်ပုံရိုက်ဖို့ ကားပါကင်အနီးမှာစောင့်နေတဲ့ ပါပါရာဇီတစ်ယောက်ကို ကားနဲ့ဝင်တိုက်မလို လုပ်ခဲ့ဖူးတယ်လို့သိရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။