ဆားငန်ရေ (၁) လီတာခွဲကို (၄၅) ရက်ကြာအလင်းရောင်အဖြစ် ပြောင်းလဲပေးနိုင်မယ့် မီးအိမ်

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်ကုန်များကိုသုတေသနပြုလုပ်ပြီးထုတ်လုပ်နေတဲ့ E-Dina ကုမ္ပဏီနဲ့ နှင့် WPP ရဲ့ Wunderman Thompson Colombia ဌာနတို့ပူးပေါင်းပြီးတော့ ဆားငန်ရေကနေ လျှပ်စစ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးနိုင်တဲ့ ကိရိယာကိုတီထွင်ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ shwekhitonlinetv.com

WaterLight လို့ခေါ်တဲ့ဒီမီးအိမ်လေးက ဆားငန်ရေ (၁) လီတာခွဲကို (၄၅) ရက်ကြာအလင်းရောင်အဖြစ်ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီမီးအိမ်လေးမှာ USB Port တွေလည်းပါတာကြောင့် ဖုန်းအားသွင်းတာလိုမျိုး အခြားအရာတွေကိုပါလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

WHO ရဲ့စစ်တမ်းတွေအရဆိုရင်တော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လူဦးရေ သန်း (၈၄၀) လောက်ကလက်ရှိအချိန်မှာလျှပ်စစ်မီးကို အသုံးပြုခွင့်မရကြသေးပါဘူးလို့သိရပါတယ်။ ဒီလိုအခြေအနေမှာ ဒီပစ္စည်းလေးက သမရိုးကျရုပ်ကြွင်းလောင်စာအရင်းအမြစ်များ အသုံးပြုမှုကို လျော့ချပေးနိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

WaterLight ဟာ Ionisation ဖြစ်စဉ်နဲ့အလုပ်လုပ်တာဖြစ်ပါတယ်။ ဆားငန်ရေဟာထဲမှာ ပါဝင်တဲ့လျှပ်စီးရည် အိုင်းယွန်းဟာ ဒီဝါးမီးအိမ်လေးအတွင်းမှာရှိတဲ့ မဂ္ဂနီဆီယမ် ဓာတ်ပြုတဲ့အခါစွမ်းအင်အဖြစ်ကိုပြောင်းလဲသွားပါတယ်။ ပိုပြီးတိတိကျကျပြောရရင်တော့သူ့မှာ အထူးဒီဇိုင်းထုတ်ထားတဲ့ အီလက်ထရောနစ်ဆားကစ်တစ်ခုရှိပါတယ်။ shwekhitonlinetv.com

အဲ့ဒီဆားကစ်က ဆားငန်ရေမှာရှိတဲ့ အိုင်းယွန်းတွေရဲ့ရွေ့လျားမှုကို ပိုမိုကျယ်ပြန့်သွားစေပြီး စွမ်းအင်အဖြစ်ကိုပြောင်းလဲပေးတာပဲဖြစ်ပါတယ်။ ဒီလို အီလက်ထရောနစ်ဆားကစ်တစ်ခုရှိမှသာ ဆားငန်ရည်ကထွက်ပေါ်လာတဲ့ လျှပ်ခေါင်းတွေဟာ လျှပ်စစ်စွမ်းအင်အဖြစ် စီးဆင်းမှာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီဆားကစ်လေးဟာ အရွယ်အစားအားဖြင့်ကြည့်ရင် အလွန်သေးငယ်ပေမယ့် သူ့ရဲ့စွမ်းအားကတော့ ကြီးမားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆားငန်ရေ (၁) လီတာကနေ လျှပ်စစ်ဓါတ်အား (၅၀၀) ဝပ်အထိထုတ်ယူပေးနိုင်လို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီအရာကိုတီထွင်ဖို့ စတင်စိတ်ကူးဖြစ်ပေါ်ခဲ့တာကတော့ ကိုလံဘီယာ-ဗင်နီဇွဲလားနယ်စပ်က La Guajira ကျွန်းဆွယ်ဒေသတစ်ခုဖြစ်တဲ့ Wayuu ကိုရောက်ရှိခဲ့စဉ်ကဖြစ်ပြီး ၎င်းတို့ရဲ့ရိုးရာအလေ့အထနဲ့ အလုပ်အကိုင်၊ လူနေမှုဘဝတွေရဲ့လှုံ့ဆော်မှုကြောင့်ဖြစ်ကြောင်း Wundermann Thompson မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ shwekhitonlinetv.com

ဒီ မီးအိမ်လေးကြောင့် တံငါသည်တွေဟာ ညဘက်မှာလည်းငါးဖမ်းထွက်နိုင်ခဲ့သလို အရင်ကဖယောင်းတိုင်နဲ့ စာကြည့်ခဲ့ရတဲ့ကလေးတွေဟာလည်း အခုဆိုရင် ဒီမီးအိမ်လေးကအလင်းရောင်နဲ့စာကြည့်နိုင်ပြီဖြစ်ပါတယ်။ နောက်ပြီး ရိုးရာ Kanas (အဝတ်အထည်၊ လက်ပတ်ကြိုးစသဖြင့်လက်မှုလုပ်ငန်းများ) ယက်လုပ်သူ အမျိုးသမီးတွေဟာလည်း ညဘက်တွေမှာပါ အလုပ်လုပ်လို့ရပြီဖြစ်လို့ အပ်ထည်တွေကို ပိုမိုလက်ခံနိုင်ပြီဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါကြောင့် ဝေးလံခေါင်သီပြီး လျှပ်စစ်မီးမရနိုင်တဲ့ဒေသတွေအတွက်တော့ Waterlight ဟာ သယ်ဆောင်ရလွယ်ပြီး အလွန်အသုံးဝင်မယ့်ပစ္စည်းတစ်ခုဖြစ်လာမှာတော့ အမှန်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply