တခြားနိုင်ငံကို သွားရောက်ဖို့ ပိတ်ပင်ခံထားရတဲ့ ဆယ်လီ (၁၀) ဦး

ကမ္ဘာပေါ်မှာအကြောင်းအမျိုးမျိုးကြောင့် မိခင်နိုင်ငံကနေအခြားကမ္ဘာ့နိုင်ငံတစ်ချို့ကိုသွားရောက်လို့မရတဲ့သူတွေအများအပြားရှိပါတယ်။ ဒီထဲမှာ ကမ္ဘာကျော် ဆယ်လီတွေလည်းပါဝင်လို့နေပါတယ်။ သူတို့ထဲကမှ အထင်ရှားဆုံးဖြစ်ရပ်တွေနဲ့ နိုင်ငံအချို့ရဲ့ ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းခံခဲ့ရသူတွေကတော့ ….. shwekhitonlinetv.com

၁။ လေဒီဂါဂါ (အင်ဒိုနီးရှား)

ဆက်ဆီ ကျလွန်းသလို ထူးထူးဆန်းဆန်းဖက်ရှင်တွေဝတ်ဆင်တက်တဲ့ လေဒီဂါဂါ ကတော့အင်ဒိုနီးရှားနိုင်ငံကို သွားရောက်လို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အစ္စလာမ်ဘာသာဝင်အများစုနေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံက ပြည်သူတွေဟာ သူ့ရဲ့ဝတ်စားဆင်ယင်ပုံနဲ့ ဖျော်ဖြေပွဲတွေမှာ ရဲတင်းလွန်းတဲ့အဖော်အချွတ်တွေကို လက်သင့်မခံကြလို့ပဲဖြစ်ပါတယ်။ လေဒီဂါဂါအနေနဲ့အင်ဒိုနီးရှားနိုင်ငံမှာ ဖျော်ဖြေပွဲလုပ်ဖို့စီစဉ်ခဲ့ဖူးပြီး ကြိုတင်လက်မှတ် (၅၀၀၀၀) လောက်ရောင်းချထားခဲ့ပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှားနိုင်ငံက ဆန္ဒပြသူတွေကြောင့် ရဲတွေကသူ့ရဲ့လုံခြုံရေးကို တာဝန်မယူနိုင်ဘူးဆိုပြီး နောက်ဆုံးမှာ ဖျော်ဖြေပွဲပြုလုပ်ဖို့ အစီအစဉ်ကိုဖျက်သိမ်းခဲ့ရပါတယ်။ shwekhitonlinetv.com

၂။ ဟယ်ရစ်ဆင်ဖို့ဒ် (တရုတ်)

Indiana Jones မင်းသားကြီး ဟယ်ရစ်ဆင်ဖို့ဒ်ကတော့ တရုတ်နိုင်ငံက မဟာတံတိုင်းကြီးနဲ့ Forbidden City တို့ကိုဘယ်တော့မှ သွားရောက်လည်ပတ်ကြည့်ရှုလို့မရနိုင်တဲ့သူဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ တရုတ်အစိုးရကိုဒေါသအကြီးအကျယ်ထွက်စေမယ့် တိဗက်ထောက်ခံရေး စကားတွေကိုပြောကြားခဲ့လို့ တရုတ်နိုင်ငံက သူ့ကိုပြည်ဝင်ခွင့်ပိတ်ထားလို့ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ခရစ္စဘရောင်း (ယူနိုက်တက်ကင်းဒမ်း)

နာမည်ကျော် ပုဂ္ဂိုလ်တွေကို ပြည်ဝင်ခွင့်ပိတ်ပင်ထားတဲ့နိုင်ငံအများစုက အာရှနိုင်ငံတွေဖြစ်ပါတယ်။ ဒါပေမယ့် နာမည်ကျော်အမေရိကန် အဆိုတော်တစ်ဦးဖြစ်တဲ့ ခရစ္စဘရောင်းကိုတော့ ဥရောပတိုက်မှာရှိတဲ့ ယူနိုက်တက်ကင်းဒမ်းက ပြည်ဝင်ခွင့်ပိတ်ပင်ထားပါတယ်။ အကြောင်းကတော့ သူရဲ့ ချစ်သူဟောင်းဖြစ်တဲ့ ရီဟားနားကို ကိုယ်ထိလက်ရောက် ထိုးကြိတ်စော်ကားခဲ့တာကြောင့်ပါ။ shwekhitonlinetv.com

၄။ ဘီယွန်းဆေး (မလေးရှား)

ဘီယွန်းဆေးကလည်း လေဒီဂါဂါ နည်းတူပါပဲ။ ဆက်ဆီကျလွန်းတဲ့ ဝတ်စားဆင်ယင်မှုနဲ့ လိင်ဆွဲဆောင်မှု ပြင်းထန်တဲ့ ဖျော်ဖြေမှုပုံစံတွေကြောင့် မလေးရှားနိုင်ငံက ပြည်ဝင်ခွင့်ပိတ်ပင်ထားခြင်းကို ခံရတဲ့သူပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ မလေးရှားအနေနဲ့ ဒါကိုပယ်ဖျက်ပေးဖို့အတွက် စဉ်းစားနေတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၅။ စနုဒေါ့ (နော်ဝေ)

Mary Jane ချစ်သူဖြစ်တဲ့ ရက်ပါကြီးစနုဒေါ့ကတော့ နော်ဝေနိုင်ငံကိုသွားရောက်လည်ပတ်ဖို့မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နော်ဝေနိုင်ငံရဲ့ မူးယစ်ဆေးဝါး ဥပဒေတွေကြောင့် သွားရင်တော့သူ့ဘာသာ ဘာကောင်ဖြစ်ဖြစ် ဖမ်းပြီးအနည်းဆုံးထောင် (၂) နှစ်ချခံရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ မိုက်တန်ဆန် (နယူးဇီလန်)

နယူးဇီလန်နိုင်ငံကတော့ မုဒိမ်းမှုနဲ့ပြစ်ဒဏ်ကျခံရဖူးတဲ့သူတွေကို ပြည်ဝင်ခွင့်မပေးတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် ၁၉၉၂ ခုနှစ်တုန်းက မုဒိမ်းမှုနဲ့ ထောင်ကျဖူးတဲ့ မိုက်တန်ဆန်ဟာလည်း နယူးဇီလန်နိုင်ငံက ပြည်ဝင်ခွင့်မပေးတဲ့ သူတွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်ခဲ့ရပါတယ်။ shwekhitonlinetv.com

၇။ ကေတီပယ်ရီ (တရုတ်)

နာမည်ကျော် ဗြိတိန်အဆိုတော်တစ်ဦးဖြစ်တဲ့ ကေတီပယ်ရီကလည်း ဖျော်ဖြေပွဲတစ်ခုမှာ တိဗက်ကိုထောက်ခံကြောင်း သွယ်ဝိုက်ဖော်ပြထားတဲ့ နေကြာပန်းဝတ်စုံကို ဝတ်ပြီးဖျော်ဖြေခဲ့လို့ တရုတ်နိုင်ငံရဲ့ ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။ shwekhitonlinetv.com

၈။ ဂျက်စတင်ဘီဘာ (အာဂျင်တီးနား)

ဂျက်စတင်ဘီဘာကတော့ အာဂျင်တီးနားနိုင်ငံကိုဖျော်ဖြေးရေးအစီအစဉ်တစ်ခုနဲ့ သွားရောက်ခဲ့တုန်းက အာဂျင်တီးနားနိုင်ငံအလံကို မလေးမစားပြုလုပ်ခဲ့သလို ဓာတ်ပုံသတင်းထောက်တစ်ဦးကိုလည်း တိုက်ခိုက်ခဲ့ဖူးပါတယ်။ ဒီအတွက် အာဂျင်တီးနားအစိုးရက သူ့ကိုအရေးမယူခဲ့ပေမယ့် ခြွင်းချက်အနေနဲ့ ဘီဘာကတော့ အာဂျင်တီးနားကိုနောက်တစ်ခါ ဘယ်တော့မှခြေမချတော့ပါဘူးလို့ ကတိပေးခဲ့ရပါတယ်။ shwekhitonlinetv.com

၉။ ဆယ်လီနာဂိုးမက်ဇ် (ရုရှား)

ရုရှားနိုင်ငံဟာ လိင်တူချစ်သူတွေကို အားပေးခြင်းမရှိတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဆယ်လီနာဂိုးမက်ဇ်ဟာ ရုရှားအစိုးရကို ဒီအတွက်နဲ့ ဝေဖန်ပြောဆိုမှုတွေပြုလုပ်ဖူးတာကြောင့် ရုရှားနိုင်ငံက သူမကိုပြည်ဝင်ခွင့်ပိတ်ပင်ထားတာဖြစ်ပါတယ်။ နောက်ပြီး တိဗက်ကိုထောက်ခံမှုပြုတဲ့သူမို့လို့ တရုတ်ကလည်း သူမကို ပြည်ဝင်ခွင့်မပေးပါဘူး။ shwekhitonlinetv.com

၁၀။ Akon (သီရိလင်္ကာ)

နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ Akon ကတော့သူ့ရဲ့ သီချင်းဗီဒီယိုတစ်ခုကြောင့် သီရိလင်္ကာနိုင်ငံရဲ့ ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။ သူ့ရဲ့ Sexy Chick ဆိုတဲ့ သီချင်းဗီဒီယိုထဲမှာ မော်ဒယ်လ်တွေဟာ ရေကူးဝတ်စုံတွေနဲ့ ဗုဒ္ဓရုပ်တုအနီးတစ်ဝိုက် အမြင်မသင့်စွာကခုန်နေတာကြောင့် သီရိလင်္ကာနိုင်ငံက အခုလိုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။