အလှတရားနဲ့ ပြည့်စုံတဲ့ အပြင် ထူးခြားပြီး စမတ်ကျတဲ့ အမျိုးသမီး (၇) ဦး

လူဆိုတာကတော့ ဘယ်သူမှ အဖက်ဖက်မှာပြီးပြည့်စုံနေတာဆိုတာမရှိနိုင်ပါဘူး။ ဒါပေမယ့်လည်းတစ်ချို့လူတွေကတော့ Perfect ဖြစ်နေတယ်လို့ထင်ရအောင်ကို အဖက်ဖက်မှာထူးချွန်ကြတာမျိုးရှိပါတယ်။ အဲ့ဒီလိုထူးချွန်တဲ့ ကမ္ဘာကျော်တွေထဲကမှ စမတ်အကျဆုံးလို့ ဆိုနိုင်ပြီး လူအများအားကျရတဲ့ အမျိုးသမီး (၇) ဦးကိုဖော်ပြလိုက်ရပါတယ်။  shwekhitonlinetv.com

၁။ Rachel Weisz

ဗြိတိန်သရုပ်ဆောင် Rachel Weisz ကတော့ရွှေကမ္ဘာလုံးဆုနဲ့ အော်စကာဆုတွေကို ဆွတ်ခူးထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ပညာကောင်းရုံတင်မကဘဲ အခြားနေရာတွေမှာလည်းထူးချွန်တဲ့သူဖြစ်ပါတယ်။ နာမည်ကျော် ကမ်းဘရစ်တက္ကသိုလ် (Cambridge University) ကနေ အင်္ဂလိပ်စာပေနဲ့ဘွဲ့ရခဲ့သူဖြစ်ပြီး တက္ကသိုလ်တက်နေစဉ်ကာလမှာလည်း Cambridge Talking Tongue ဆိုတဲ့ပြဇာတ်အဖွဲ့ကို ပူးပေါင်းတည်ထောင်ခဲ့တဲ့သူဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး သူမဟာ မိခင်အင်္ဂလိပ်ဘာသာစကားအပြင် အခြားဘာသာစကား (၃) မျိုးကိုလည်းကျွမ်းကျင်စွာ ပြောဆိုနိုင်ပါတယ်။ shwekhitonlinetv.com

၂။ Shakira

ကိုလံဘီယာအဆိုတော်တစ်ဦးဖြစ်တဲ့ Shakira ကတော့ စင်မြင့်ထက်က အဆိုအကတွေနဲ့ ပရိသတ်အထင်ကြီးလေးစားမှုကို ရယူထားနိုင်တဲ့သူဖြစ်သလို အိုင်ကျူ (၁၄၀) အထိရှိတဲ့ ဉာဏ်ကောင်းသူတစ်ဦးလည်းဖြစ်ပါတယ်။ သူမအနေနဲ့ နာမည်ကျော်သီချင်းတွေကို ရေးစပ်နိုင်စွမ်းရှိသလို ဘာသာစကားပေါင်း (၆) မျိုးကိုလည်း ကျွမ်းကျင်စွာပြောဆိုနိုင်စွမ်းရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၃။ Emma Watson

ဟယ်ရီပေါ်တာဇာတ်လမ်းထဲက ဗြိတိန်မင်းသမီးလေး Emma Watson ဟာ ဇာတ်လမ်းထဲမှာငယ်စဉ်ကတည်းက ဉာဏ်ကောင်းသူဖြစ်သလို တစ်ကယ့်အပြင်ကလက်တွေ့ဘဝမှာလည်း အိုင်ကျူမြင့်မားတဲ့သူတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ ငယ်စဉ်ဘဝနဲ့ ဆယ်ကျော်သက်ဘဝတွေမှာတော့ ဇာတ်လမ်းရိုက်ကူးရေးတွေနဲ့ အချိန်အများစုကိုကုန်ဆုံးခဲ့ရတာကြောင့် တစ်နေ့ကို (၅) နာရီလောက်ပဲ ကျူရှင်ဆရာခေါ်ပြီး စာသင်ခဲ့ရတဲ့သူဖြစ်ပါတယ်။ အထက်တန်းအောင်မြင်ပြီးနောက်မှာတော့ သူမအနေနဲ့ Brown University မှာ အင်္ဂလိပ်စာပေအထူးပြုနဲ့ တက္ကသိုလ်တက်ရောက်နိုင်ခဲ့ပါတယ်။ shwekhitonlinetv.com

၄။ Natalie Portman

အစ္စရေးနွယ်ဖွားမင်းသမီးတစ်ဦးဖြစ်တဲ့ Natalie Portman ကလည်းငယ်စဉ်ကလေးဘဝထဲက အနုပညာလမ်းကြောင်းပေါ်ရောက်ရှိပေမယ့် သူမရဲ့မိဘတွေက ပညာရေးကိုလည်းအလေးထားစေခဲ့ပါတယ်။ သူမဟာအနုပညာလောကမှာ အော်စကာဆုရယူနိုင်ခဲ့ပြီး မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့သလို ပညာရေးဘက်မှာလည်း ထူးချွန်တဲ့သူဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ ဟားဗက်တက္ကသိုလ် (Havard University) ကနေစိတ်ပညာအထူးပြုနဲ့ ဘွဲ့ရထားသူဖြစ်သလို အစ္စရေးနိုင်ငံ ဂျေရုစလင်မြို့က ဟီဘရူးတက္ကသိုလ် (Hebrew University) မှာလည်းတက်ရောက်ပညာသင်ကြားခဲ့သူဖြစ်ပါတယ်။ သူမရဲ့ အိုင်ကျူက (၁၄၀) အထိရှိပြီး လက်ရှိမှာ ဟားဗက်တက္ကသိုလ် သုတေသနအဖွဲ့မှာ လက်ထောက်တစ်ဦးအဖြစ်တာဝန်ယူထားပါတယ်။ ဒါတင်မကသေးဘဲသူမအနေနဲ့ သိပ္ပံဂျာနယ်ကိုလည်း ထုတ်ဝေခဲ့သူဖြစ်ပါတယ်။ တက်ကျွမ်းတဲ့ဘာသာစကားကတော့ (၅) မျိုးပါ။ shwekhitonlinetv.com

၅။ Kate Beckinsale

သာမန်လူတစ်ဦးဟာပျမ်းမျှအားဖြင့် အိုင်ကျူ (၈၅) ကနေ (၁၁၅) လောက်အထိရှိနိုင်ပါတယ်။ ဒါပေမယ့် ဗြိတိန်မင်းသမီးတစ်ဦးဖြစ်တဲ့ Kate Beckinsale ကတော့ အိုင်ကျူ (၁၅၈) တောင်ရှိပါတယ်။ ဒါဟာကမ္ဘာ့လူဦးရေရဲ့ (၁) ရာခိုင်နှုန်းသာရှိတဲ့ လူတန်းစားထဲမှာပါဝင်နေတာလည်းဖြစ်ပါတယ်။ သူမအနေနဲ့ အောက်စဖို့ဒ်တက္ကသိုလ် (Oxford University) ကနေဘွဲ့ရရှိခဲ့တာဖြစ်ပြီး မိခင်ဘာသာစကားအပြင် ပြင်သစ်၊ ဂျာမန်နဲ့အခြားဘာသာစကားအတော်များများကိုလည်း တက်ကျွမ်းတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၆။ Alicia Keys

အသက် (၄၁) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန်အဆိုတော် Alicia Keys ကတော့ R&B သီချင်းကြိုက်တဲ့သူတွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ သူမဟာရုပ်ချောပြီး အသံလည်းကောင်းမွန်လှသလို သီချင်းရေးစပ်သီကုံးရာမှာလည်း ထူးချွန်လှတာကြောင့် ဟောလိဝုဒ်မှာအလေးစားရဆုံး ပညာတက်တစ်ဦးလည်းဖြစ်ပါတယ်။ သူမရဲ့ အိုင်ကျူကတော့ (၁၅၄) အထိရှိပြီး အသက် (၁၆) နှစ်အရွယ်မှာ အနုပညာအသက်မွေးကျောင်းကနေ အမြင့်ဆုံးဂုဏ်ထူးရရှိခဲ့တာကြောင့် ကိုလံဘီယာတက္ကသိုလ် (Columbia University) ရဲ့ ဖိတ်ကြားခြင်းကိုခံခဲ့ရတဲ့သူပါ။ အခုနောက်ပိုင်းမှာတော့ ပရဟိတလုပ်ငန်းတွေကို ပိုအာရုံစိုက်ပြီးလုပ်ကိုင်နေတဲ့သူလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Salma Hayek

Salma Hayek ကတော့ မက္ကဆီကိုရုပ်ရှင်သရုပ်ဆောင်နဲ့ ထုတ်လုပ်သူတစ်ဦးဖြစ်ပါတယ်။ သူမဟာ အိုင်ကျူ (၁၄၄) အထိရှိသလို Dyslexia ရောဂါရှိသူလည်းဖြစ်ပါတယ်။ ဘာသာစကား (၅) မျိုးကိုကျွမ်းကျင်စွာပြောတက်သလို စီးပွားရေးလုပ်ငန်းကျွမ်းကျင်မှုကြောင့် Forbes မဂ္ဂဇင်းရဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲကတစ်ယောက်အဖြစ်လည်းသတ်မှတ်ခံထားရသူဖြစ်ပါတယ်။ ရုပ်ဆင်းသွင်ပြင်လှပသလို ကောင်းမွန်တဲ့ပင်ကိုအရည်အချင်းတွေကိုပိုင်ဆိုင်ထားတဲ့ Salma Hayek ဟာ အမျိုးသမီးတွေရဲ့ စီးပွားရေးနဲ့လူမှုရေး ရုန်းကန်လှုပ်ရှားမှုအစီအစဉ်တွေမှာလည်း တက်ကြွစွာပါဝင်နေတဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။