အခုအချိန်အထိ သိပ္ပံပညာဖြင့် ဖြေရှင်းမရနိုင်သေးတဲ့ ထူးခြားဆန်းကြယ် ဓာတ်ပုံ (၇) ပုံ

တစ်ခါတစ်ရံမှာအင်တာနက်သုံးစွဲသူတွေအနေနဲ့ အင်တာနက်ပေါ်မှာတွေ့မြင်ရတဲ့ အထူးအဆန်းပုံတွေကြောင့် အငြင်းပွားရတာမျိုးတွေကြုံရတက်ပါတယ်။ ဒီလိုမျိုး လူသားဦးနှောက်ကို ဒွိဟဖြစ်စေမယ့်အကြောင်းအရာမျိုးတွေကိုစိတ်ဝင်စားသူတွေအနေနဲ့ အခုဖော်ပြမယ့်အကြောင်းအရာလေးတွေကို ဖတ်ကြည့်သင့်ပါတယ်။ shwekhitonlinetv.com

၁။ မဲခေါင်မြစ်ထဲက မီးလုံးများ

ဒီအရာတွေကတော့ ထိုင်းနိုင်ငံ မဲခေါင်မြစ်ထဲမှာတစ်ခါတစ်ရံ တွေ့ရတဲ့အရာတွေဖြစ်ပါတယ်။ မီးလုံးလိုလို တောက်ပနေတဲ့အလုံးတွေဟာ လေထဲကိုမြောက်တက်ပြီးတဖြည်းဖြည်းပျောက်ကွယ်သွားတာဖြစ်ပါတယ်။ ဒါကိုတော့တစ်ချို့သူတွေက အလိမ်အညာတွေ လှိမ့်လုံးတွေလို့ဆိုကြပေမယ့် တစ်ကယ်တွေ့မြင်ဖူးတဲ့သူတွေကလည်း အများအပြားရှိနေပါတယ်။ ဒီအရာတွေက ဘယ်လိုအကြောင်းကြောင့်ဖြစ်ပေါ်လာသလဲဆိုတာကိုတော့ ကိုယ်တိုင်မြင်တွေ့ခဲ့သူတွေအနေနဲ့ ရှင်းပြနိုင်ခြင်းတော့မရှိပါဘူး။ shwekhitonlinetv.com

၂။ ရေအောက်ထဲမှ ထူးဆန်းတဲ့ပစ္စည်းတစ်ခု

၂၀၁၁ ခုနှစ်တုန်းက ဆွီဒင်က ရတနာမုဆိုးတွေဟာ ဘောလ်တစ်ပင်လယ်မြောက်ပိုင်းကနေရာတစ်ခုမှာ ရေငုပ်ပြီးရတနာရှာဖွေရေးပြုလုပ်ခဲ့ကြပါတယ်။ တစ်နေရာအရောက်မှာတော့ သူတို့အနေနဲ့ အမျိုးအမည်မသိတဲ့ အရာကြီးတစ်ခုကိုတွေ့ရှိခဲ့ကြပါတယ်။ အဲ့ဒါကြောင့်သူတို့အဖွဲ့ဟာ ဒီအရာကိုအနီးကပ်လေ့လာဖို့အတွက် ကြိုးစားခဲ့ကြပါတယ်။ အဲ့ဒီအရာအနီးကိုရောက်တဲ့အချိန်မှာတော့ သူတို့မှာပါလာတဲ့ အီလက်ထရောနစ်ပစ္စည်းတွေအားလုံး အသုံးပြုမရဘဲဖြစ်ကုန်ပါတယ်။ ဒါနဲ့ပဲသူတို့လည်းထိတ်လန့်ပြီး အဲ့ဒီနေရာကနေအမြန်ဆုံးထွက်ခွာခဲ့ကြပါတယ်။ အဝေးကနေရိုက်ကူးမိတဲ့ပုံအရတော့ တစ်ချို့က နစ်မြုပ်နေတဲ့ UFO တစ်ခုဆိုပြီး ထင်ကြေးပေးကြပါတယ်။ shwekhitonlinetv.com

၃။ ကန္တာရထဲက စက်ဝိုင်းပုံများ

အာဖရိကတိုက်မှာရှိတဲ့ နာမစ် (Namib) ကန္တာရထဲမှာတော့ စက်ဝိုင်းပုံသဏ္ဍာန်အရာတွေအများအပြားပြန့်ကျဲလို့နေပါတယ်။ ဒါတွေကို နတ်သမီးစက်ဝိုင်းများ (Fairy Circles) ဆိုပြီး ဓာတ်ပုံဆရာကတော့နာမည်ပေးပြီး အင်တာနက်မှာတင်ထားခဲ့ပါတယ်။ ဒီပုံကိုမြင်တွေ့သူတွေကတော့ ဒီအရာတွေနဲ့ပတ်သတ်ပြီး အမျိုးမျိုးထင်ကြေးပေးနေကြပါတယ်။ ဒီအရာတွေက ခြတောင်ပို့တွေ၊ မိုးနည်းဒေသမှာပေါက်တက်တဲ့ မြက်ပင်တွေ စသဖြင့်ပေါ့။ နောက်ပိုင်းမှာတော့ ဒီအရာတွေက မြက်ပင်တွေဖြစ်ကြောင်းသွားရောက်လေ့လာမှုတွေအရသိရှိခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဘာကြောင့် အကွင်းအကွင်းတွေဖြစ်နေရသလဲဆိုတာတော့ ဘယ်သူမှမရှင်းပြနိုင်သေးပါဘူး။ shwekhitonlinetv.com

၄။ အငြင်းပွားနေဆဲ ပန်းကန်ပြားပျံပုံရိပ်တစ်ခု

ပန်းကန်ပြားပျံတွေ၊ ဂြိုဟ်သားတွေက လူသားတွေကိုခေါ်ဆောင်သွားတာတွေ စတဲ့သတင်းတွေက ၁၉၅၀ ပြည့်နှစ်နောက်ပိုင်းမှာစတင်ပြီး ကျယ်ကျယ်ပြန့်ပြန့်ကြားလာရပါတယ်။ ဂြိုဟ်သားတွေတစ်ကယ်ရှိတာကို ယုံတဲ့သူနဲ့ မယုံတဲ့သူတွေဆိုပြီးလည်း အငြင်းအခုံတွေဖြစ်လာကြာပါတယ်။ ဒီပုံကတော့ အဲ့ဒီလိုငြင်းခုံမှုအရှိန်ကို မြင့်တက်စေခဲ့တဲ့ပုံဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ လူ့ဘီလူးကြီးရဲ့လက်ချောင်း

Gregor Sporri ဆိုတာကတော့ ဆွစ်ဇာလန်နိုင်ငံကရှေးဟောင်းပစ္စည်းစုဆောင်းသူတစ်ဦးပါ။ သူ့မှာရှိတဲ့ အရာတစ်ခုကတော့စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဒီအရာကတော့ ဧရာမလက်ချောင်းကြီးတစ်ခုဖြစ်ပြီး အီဂျစ်က သင်္ချိုင်းတူးဖော်သူတွေဆီကနေရရှိခဲ့တာလို့ သိရပါတယ်။ ဒီလက်ချောင်းရဲ့အရှည်က (၃၈) စင်တီမီတာလောက်ရှိပြီး သာမန်လူတစ်ယောက်ရဲ့ လက်ချောင်းထက် (၃) ဆကျော်ပိုရှည်နေပါတယ်။ သူကတော့ ဒါဟာရှေးတုန်းက လူ့ဘီလူးကြီးတွေကမ္ဘာပေါ်မှာအမှန်တစ်ကယ်ရှိခဲ့တဲ့သက်သေလို့ဆိုပါတယ်။ တစ်ချို့ကတော့ဒါဟာ ရွှံ့နဲ့ပြုလုပ်ထားတဲ့အလိမ်အညာတွေသာဖြစ်တယ်လို့ဆိုကြပါတယ်။ shwekhitonlinetv.com

၆။ လပေါ်က ပိရမစ်

ပိရမစ်တွေဟာ ဂြိုဟ်သားတွေရဲ့အမှတ်အသားတွေလို့ပုံပြင်တွေ ဒဏ္ဍာရီတွေမှာဆိုထားတာတွေရှိပါတယ်။ တစ်ကယ်လို့များဒါဟာအမှန်ဆိုရင်တော့ ဂြိုဟ်သားတွေဟာစကြဝဌာထဲမှာလှည့်လည်သွားလာနေသူတွေဖြစ် နိုင်ပါတယ်။ ဒီပုံကတော့ လပေါ်ကပိရမစ်ဆိုပြီးနာမည်ကြီးနေတဲ့ပုံဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ လပေါ်ကိုဂြိုဟ်သားတွေက ရောက်နှင့်ခဲ့ပြီးပြီလို့ဆိုရမှာဖြစ်ပြီး ဘယ်လိုမျိုးနည်းပညာတွေနဲ့ လလိုနေရာမျိုးမှာ အဆောက်အဦးတည်ဆောက်ခဲ့သလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ သုတေသီတွေကို ခေါင်းစားစေခဲ့တဲ့ရှာဖွေတွေ့ရှိမှုတစ်ခု

ဒီအရာလေးကတော့ တရုတ်နိုင်ငံကနှစ်ပေါင်း (၄၀၀) ကျော်သက်တမ်းရှိတဲ့အုတ်ဂူတစ်ခုထဲကနေတွေ့ရှိခဲ့တာပါ။ သုတေသီတွေရဲ့ ရှာဖွေတွေ့ရှိမှုတွေထဲမှာ နားလည်ရအခက်ဆုံး လျှို့ဝှက်ဆန်းကြယ်ပစ္စည်းတစ်ခုဆိုရင်လည်းမမှားပါဘူး။ ဒီလက်စွပ်ကလေးရဲ့ပုံစံက ဒီနေ့ခေတ် ဆွစ်ဇာလန်နိုင်ငံလုပ် နာရီပုံစံလေးဖြစ်နေတာက စိတ်ဝင်စားဖို့အကောင်းဆုံးအချက်ဖြစ်နေတာပါ။ ရှေးနှစ်ပေါင်း (၄၀၀) ကျော်တုန်းက ဒီလိုပုံစံမျိုးကိုဘယ်လိုများလုပ်ခဲ့တာလဲ၊ ဒါမှမဟုတ်လည်း အလုံပိတ်ထားပြီး မြေအောက်နစ်မြုပ်နေတဲ့အုတ်ဂူထဲကိုဒီလက်စွပ်လေးက ဘယ်လိုများရောက်နေရတာလဲ ? အတော်လေးကိုရူးချင်စရာကောင်းလှတဲ့ ရှာဖွေတွေ့ရှိမှုပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။