စားမိရင် အန္တရာယ်ဖြစ်စေနိုင်တဲ့ ကမ္ဘာ့ အစပ်ဆုံး ငရုတ်သီးများ အကြောင်း

ပရိသတ်ကြီးကို အခုတစ်ခါပြောပြပေးမယ့် အကြောင်းအရာလေးကတော့ စားမိရင် အန္တရာယ် ဖြစ်စေနိုင်တဲ့ ကမ္ဘာ့အစပ်ဆုံး ငရုတ်သီးတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ကမ္ဘာ့အစပ်ဆုံး ငရုတ်သီးတွေ အကြောင်း မပြောခင်မှာ ငရုတ်သီး တစ်တောင့်ရဲ့ အစပ် ပမာဏကို တိုင်းတာတဲ့ ယူနစ်အကြောင်း ပြောပြပေးချင်ပါတယ် ။ ငရုတ်သီး ရဲ့ အစပ်ပမာဏကို SHU လို့ ခေါ်ပြီး အရှည်ကောက်ကတော့ Scoville Heat Unit လို့ ခေါ်ကြပါတယ် ။ ဒါ့ကြောင့်  ဘယ်ငရုတ်သီးတွေက ကမ္ဘာပေါ်မှာ အစပ်ဆုံး ဖြစ်မလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com

၁ ။ Carolina Reaper (2,200,000 SHU )

ကမ္ဘာ့အစပ်ဆုံး ငရုတ်သီး စာရင်းရဲ့ နံပါတ် ( ၁ ) နေရာမှာ ရှိနေတာကတော့ Carolina Reaper လို့ ခေါ်တဲ့ ငရုတ်သီးပဲ ဖြစ်ပါတယ် ။ ထို ငရုတ်သီးဟာ ( ၂၀၁၃ ) ခုနှစ်တည်းက ကမ္ဘာ့ အစပ်ဆုံး ငရုတ်သီး နေရာမှာ ရှိနေတာ ဖြစ်ပြီး ( ၂၀၁၈ ) ခုနှစ်မှာ ထပ်မံစမ်းသပ်ကြည့်ရာမှာတော့ ပါဝင်တဲ့ အစပ်ပမာဏဟာ ပိုပြီးတော့တောင် ပြင်းထန်နေတာ တွေ့ရှိခဲ့ကြပါတယ် ။ လက်ရှိမှာတော့ Carolina Repaer ရဲ့ ငရုတ်သီး အစပ် ပမာဏဟာ ( 2.2 Million ) SHU အထိတောင် ရှိပါတယ်တဲ့ ။ shwekhitonlinetv.com

Carolina Reaper ရဲ့ ငရုတ်သီးပုံစံဟာ တစ်ခြားငရုတ်သီးတွေ နဲ့ ပုံစံကွဲပြားပြီး အရှေ့ခေါင်းပိုင်း ကလည်း ထူးခြားတဲ့ ပုံစံရှိပါတယ် ။ အစပ်ပမာဏ ဟာ အတော်လေး ပြင်းထန်တာကြောင့် ပုံမှန် အစပ်စားနေကျသူတွေတောင် ဝါးနေရင်း မခံစားနိုင်လောက်အောင် စပ်တဲ့ အရသာကို ရသွားတယ်လို့ ပြောပြထားပါတယ် ။ shwekhitonlinetv.com

၂ ။ Trinidad Moruga Scorpion (2,009,231 SHU )

Trinidad Moruga Scorpion လို့ ခေါ်တဲ့ ငရုတ်သီး ရဲ့ အစွမ်းကတော့ စားမိတဲ့အခါ အစာအိမ်ကို ပျက်စီး စေနိုင်တဲ့ အပြင် အူတွေကို လောင်ကျွမ်းစေနိုင်ပါတယ်တဲ့ ။ ငရုတ်သီး အများစု ရဲ့ နာမည်တွေဟာ သူတို့ကို စိုက်ပျိုးခဲ့တဲ့ နေရာတွေကို အစွဲပြု ခေါ်ကြတာ ဖြစ်ပြီး အခု မြင်နေရတဲ့ ငရုတ်သီးဟာ ဆိုရင်လည်း ထရီနီဒက် နိုင်ငံ Mourga မှာ စိုက်ပျိုးတာမို့လို့ Trinidad Moruga Scorpion လို့ အမည်ပေးထားတာ ဖြစ်ပါတယ် ။ shwekhitonlinetv.com

ဒါ့အပြင် Trinidad Moruga Scorpion လို့ ခေါ်တဲ့ ငရုတ်သီး ဟာဆိုရင် ကမ္ဘာ့ အစပ်ဆုံး ငရုတ်သီး နေရာရဲ့ နံပါတ် ( ၂ ) နေရာကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ် ။ ဒီ ငရုတ်သီးရဲ့ အစပ် ပမာဏဟာ (2,009,231 SHU ) တစ်ကိုက်လေး ကိုက်မိလိုက်တာနဲ့ ပါးစပ်ထဲ ပူလောင်လာတဲ့ အရသာကို ချက်ချင်း ခံစား သွားစေမှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၃ ။ 7 Pot Douglah (1,853,936 SHU )

ကမ္ဘာ့ အစပ်ဆုံး ငရုတ်သီး စာရင်းရဲ့ နံပါတ် ( ၃ ) နေရာမှာ ရှိနေတာကတော့ 7 Pot Douglah လို့ခေါ်တဲ့ ငရုတ်သီးလေးပဲ ဖြစ်ပါတယ် ။ Chocolate 7 Pod လို့လည်း လူသိများကြတဲ့ 7 Pot Douglah ငရုတ်သီးလေးဟာဆိုရင် ရှားပါးပြီး အပူစပ်ဆုံးသော ငရုတ်သီးထဲမှာ ပါဝင်လို့ နေပါသေးတယ် ။ Douglah ငရုတ်သီးရဲ့ ပုံစံကတော့ အညိုရောင် နဲ့ ခရမ်းရောင်တို့လို့ အရောင်မျိုးတွေ ရှိပြီး မျက်နှာပြင်ပေါ်မှာ အဖုလေးတွေလည်း ရှိပါတယ် ။ shwekhitonlinetv.com

စစချင်းစိုက်ခါစတုန်းကတော့ Douglah ငရုတ်သီးတွေဟာ အစိမ်းရောင် ဖြစ်ပေမယ့် အသီးသီးပြီး အရွယ်ရောက်ချိန်မှာတော့ အညိုရင့်ရောင် ပုံစံကို ပြောင်းလဲသွားကြပါတယ် ။ တစ်ကယ်လို့ Douglah ငရုတ်သီးကို လှီးကြည့်လိုက်မယ်ဆိုရင် အတွင်းပိုင်းမှာ ပူလောင်စေတဲ့ capsaicin အဆီအရည်လေးတွေ အများကြီး စုနေတာကို တွေ့ရမှာပါ ။ ဒါ့ကြောင့်ပဲ 7 Pot Douglah ရဲ့ ငရုတ်သီး အစပ်ပမာဏဟာ (1,853,936 SHU ) အထိရှိတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄ ။ 7 Pot Primo (1,469,000 SHU )

7 Pot Primo လို့ ခေါ်ကြတဲ့ ဒီ ငရုတ်သီးလေးကတော့ ကမ္ဘာပေါ်က အစပ်ဆုံး ငရုတ်သီးတွေ ရဲ့ စာရင်း မှာ နံပါတ် ( ၄ ) နေရာကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ် ။ ဒီငရုတ်သီးလေး ရဲ့ ပုံစံက ထူးခြားပြီး အမြှီးပိုင်းက တော်တော်လေးကို ရှည်တာပဲ ဖြစ်ပါတယ် ။ 7 Pot Primo လို့ခေါ်တဲ့ ဒီ ငရုတ်သီးလေးကို ပန်းပင်ပညာရှင် တစ်ဦးဖြစ်တဲ့ Troy Primeaux ဆိုသူက စတင် စိုက်ပျိုးခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် 7 Pot Primo ငရုတ်သီးလေးဟာ Carolina Reaper ငရုတ်သီးပုံစံနဲ့ ဆင်တူပြီး ကြည့်လိုက်တာနဲ့ ဘယ်လောက်တောင် စပ်မလဲဆိုတာ သိသာလှပါတယ် ။ shwekhitonlinetv.com

7 Pot Primo ငရုတ်သီးလေးရဲ့ အစပ်ပမာဏဟာဆိုရင် (1,469,000 SHU ) အထိရှိပါတယ်တဲ့ ။ ဒါ့အပြင် ဒီ ငရုတ်သီး မျိုးစိတ်လေးတွေဟာ အတော်ကို ရှားပါးလှပြီး စျေးကွက်ထဲမှာ သူ့ရဲ့ မျိုးစေ့ အစစ်ကို ရဖို့ မလွယ်လှပါဘူး ။ နောက်ပြီး 7 Pot Primo ရဲ့ ငရုတ်သီး အမြှီးဟာ ကြောက်စရာ ကောင်းတဲ့ ပုံပေါက်တာကြောင့် တစ်ချို့ ငရုတ်သီး စိုက်သူတွေဟာဆိုရင် ဒီ ငရုတ်သီးလေးရဲ့ ပုံစံကို ပုံတူပွားဖို့တောင် ကြိုးစားကြပါသေးတယ်တဲ့ ။ shwekhitonlinetv.com

၅ ။ Trinidad Scorpion “Butch T” (1,463,700 SHU )

Trinidad Scorpion “Butch T” လို့ ခေါ်တဲ့ ငရုတ်သီးလေးကတော့ ( ၂၀၁၁ ) ခုနှစ်တုန်းက ဂရင်းနစ်စံချိန်တင်နိုင်ခဲ့တဲ့ ငရုတ်သီးလေးပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းမှသာ သူ့ထက် ပိုပြီး စပ်တဲ့ ငရုတ်သီးမျိုးစိတ်တွေ ပေါ်လာတာကြောင့် ဂရင်းနစ်စံချိန်ဟောင်း အဖြစ် ရှိခဲ့ပါတယ် ။ ဒါပေမယ့်လည်း ကမ္ဘာ့အစပ်ဆုံး ငရုတ်သီးစာရင်းထဲမှာတော့ နံပါတ် ( ၅ ) နေရာအထိ ချိတ်ဆွဲထားနိုင်ပါသေးတယ် ။ shwekhitonlinetv.com

အခု မြင်နေရတဲ့ ငရုတ်သီး မျိူးစိတ်ကို ဖန်တီးခဲ့သူကတော့ Butch Taylor ဖြစ်ပြီး ငရုတ်သီးရဲ့ အမြှီးပိုင်းဟာ ကင်းမြှီးကောက် အမြှီးလို ပုံစံဖြစ်နေတာကြောင့် Trinidad Scorpion “Butch T” ဆိုပြီး အမည်ရခဲ့တာ ဖြစ်ပါတယ် ။ ဒီ ငရုတ်သီးလေးကို စားလိုက်ရင် အတော်လေးကို ပူစပ်ပေမယ့် နူးညံ့တဲ့ အသီးတစ်ခုကို စားမိတဲ့ အရသာ မျိုးလည်း ခံစားစေရမှာ ဖြစ်ပါတယ် ။ နောက်ပြီး Trinidad Scorpion “Butch T” ရဲ့ ငရုတ်သီး မျိုးစေ့ကို ကမ္ဘာပေါ်က နေရာအတော်များများမှာ အလွယ်တကူ စိုက်ပျိူးနိုင်တယ်လို့လည်း သိရပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးခဲ့တာကတော့ စားမိရင် အန္တရာယ်ဖြစ်စေနိုင်တဲ့ ကမ္ဘာ့ အစပ်ဆုံး ငရုတ်သီးများ အကြောင်းပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော် ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com

Be the first to comment

Leave a Reply