အင်တာနက်ပေါ် ပို့စ်တစ်ခုတင်တိုင်း ဒေါ်လာသန်းချီ ဝင်ငွေရနေတဲ့ ကမ္ဘာကျော်ဆယ်လီ (၁၀) ယောက်

Advertisements

Shwe Khit ပရိသတ်ကြီးကို ဒီနေ့တင်ဆက်ပေးသွားမယ့် အကြောင်းအရာကတော့ နာမည်ကျော် စီးပွားရေးမဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ Forbes ကထုတ်ပြန်လိုက်တဲ့ ပို့်စ်တစ်ခုတင်တိုင်း ဝင်ငွေအကောင်းဆုံး Celebrity (၁၀) ဦးအကြောင်းပဲဖြစ်ပါတယ်။ ကဲ … ဘယ်သူတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင် …. shwekhitonlinetv.com

၁။ C.Ronaldo

ရုပ်ရှင်သရုပ်ဆောင်တွေ အဆိုတော်တွေနဲ့ မော်ဒယ်လ်တွေ အများစုနေရာယူထားတဲ့ ဒီစာရင်းမှာ အားကစားလောကရဲ့ကြယ်တစ်ပွင့်ဖြစ်တဲ့ ပေါ်တူဂီ ဘောလုံးအကျော်အမော် စီရော်နယ်လ်ဒို ကလည်း၎င်းတို့နဲ့ အပြိုင်နှစ်စဉ် ရပ်တည်လာခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူရဲ့ ပို့တစ်ခုအတွက် ဝင်ငွေက ဒေါ်လာ(၉) သိန်းဖြစ်ပေမယ့် Follower ကတော့ (၃၂၅) သန်း အထိတောင်ရှိတာကြောင့် ဒီစာရင်းမှာ Follower အများဆုံးပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Dwayne Johnson

WWE Smart Down ပရိသတ်တွေ အနေနဲ့ The Rock လို့ သိထားကြတဲ့ အမေရိကန် သရုပ်ဆောင် Dwayne Johnson ကတော့ ဒီစာရင်းမှာပါဝင်လာတဲ့ တစ်ဦးတည်းသော အမျိုးသား သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ သူရဲ့ Instagram Followers ကတော့ (၂၆၀) သန်းဖြစ်ပြီး ပို့စ်တစ်ခုအတွက် ဝင်ငွေကတော့ ဒေါ်လာ (၈.၄) သိန်းဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Ariana Grande

အသက် (၂၇) နှစ်ရှိပြီဖြစ်တဲ့ အမေရိကန် အဆိုတော်နှင့်သရုပ်ဆောင် Ariana Grande ကတော့ Follower (၂၅၂) သန်းထိပိုင်ဆိုင်ထားပြီး ပို့စ်တစ်ခုအတွက် ဝင်ငွေကတော့ ဒေါ်လာ (၈.၃) သိန်းထိရှိပါတယ်။ shwekhitonlinetv.com

၄။ Kylie Jenner

အသက် (၂၃) နှစ်အရွယ်သာရှိသေးတဲ့ အမေရိကန်နာမည်ကြီး မော်ဒယ် Kylie Jenner ကတော့ ဒီစာရင်းမှာ နံပါတ် (၄) နေရာကရပ်တည်နေပါတယ်။ သူမဟာ လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ Instagram မှာ Follower သန်း (၂၅၆) အထိရှိတယ်လို့ သိရပြီး Instagram မှာ ကြော်ငြာပို့စ်တစ်ခုတင်တိုင်း ဝင်ငွေ ဒေါ်လာ (၈.၁) သိန်းကျော်ရရှိတယ်လို့လည်းသိရပါတယ်။ shwekhitonlinetv.com

၅။ Selena Gomez

ယခင်က Followers အများဆုံးနဲ့ ဒီစာရင်းကို ၂၀၁၇ ခုနှစ်အထိ ထိပ်ဆုံးက ဦးဆောင်လာခဲ့တဲ့ အမေရိကန်အဆိုတော်မလေး Salena Gomez ကတော့ ပို့စ်တစ်ခုအတွက် ဝင်ငွေ (၈) သိန်းသာရရှိတော့ တာကြောင့် အဆင့် (၅) နေရာအထိရောက်ရှိသွားခဲ့ပါတယ်။ Followers ကတော့ လက်ရှိအချိန်မှာ (၂၅၀) သန်းထိရှိပါတယ်။ shwekhitonlinetv.com

၆။ Kim Kardashian

သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်း အလှနဲ့ ပုရိသတွေကိုဖမ်းစားထားတဲ့ အမေရိကန်မော်ဒယ်လ် Kim Kaedashian ဟာလည်း Follower သန်း (၂၄၃) ကျော်နဲ့အတူ ပို့စ်တစ်ခုအတွက် ဝင်ငွေကလည်း (၇.၈) သိန်းအထိရှိလာတာကြောင့် ဒီစာရင်းမှာ ဆက်လက်ပါဝင်နေခဲပါတယ်။ shwekhitonlinetv.com

၇။ Messi

အားကစားလောကမှ နောက်ထပ်အကျော်အမော်တစ်ဦးဖြစ်ပါတယ်။ Messi ကတော့ Followers (၂၄၆) သန်းအထိရှိလာပြီဖြစ်ပြီး ပို့စ်တစ်ခုအတွက်ဝင်ငွေကလည်း (၇.၆) သိန်းအထိရှိလာပြီဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ Beyonce

အမေရိကန်နာမည်ကျော် အဆိုတော်တစ်ဦးဖြစ်တဲ့ Beyonce ကတော့ မနှစ်ကထက် အဆင့်ကျသွားတယ်လို့ဆိုရမှာပါ။ သူမကတော့ လက်ရှိအချိန်မှာ Followers (၁၉၈) သန်းပိုင်ဆိုင်ထားပြီး ဝင်ငွေ (၆.၃) သိန်းရရှိနေသူဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ Justin Bieber

ဂီတနဲ့ပတ်သတ်တဲ့လှုပ်ရှားမှုတွေကို ပြန်လည်ပြုလုပ်လာတဲ့ အဆိုတော် Justin Bieber ဟာလည်း Top (10) စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ သူ့ရဲ့ ဝင်ငွေကတော့ (၆) သိန်းဖြစ်ပြီး Followers (၁၈၈) သန်းပိုင်ဆိုင်ထားတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၁၀။ Taylor Swift

ဒီနှစ်မှာတော့ အမေရိကန် Pop ဘုရင်မတစ်ဦးဖြစ်တဲ့ Taylor Swift ဟာလည်း Ariana Grande , Salene Gomez , Beyonce တို့နဲ့အတူ ဒီစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ သူမဟာ ပို့စ်တစ်ခုအတွက် ဝင်ငွေ ဒေါ်လာ (၅.၅) သိန်းရရှိနေပြီးတော့ Followers (၁၇၂) သန်းရှိသူတစ်ဦးလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဟုတ်ကဲ့ ဒါကတော့ Instagram မှာ ပို့စ်တစ်ခုအတွက် ဝင်ငွေအကောင်းဆုံး Celebrity (၁၀) ဦးစာရင်းပဲဖြစ်ပါတယ်။ ဒီစာရင်းမှာ Shwe Khit ပရိသတ်ကြီး အကြိုက် Celebrity ပါခဲ့ရင်လည်း Comment မှာ ပြောပြပေးခဲ့ပါဦးနော် … shwekhitonlinetv.com

Be the first to comment