ရုရှားတို့ရဲ့ အစွမ်းထက်ဆုံး စစ်လက်နက် (၁၀) ခု

ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ရုရှားကို စစ်ရေးအရ စိန်ခေါ်နိုင်တဲ့ နိုင်ငံဆိုတာ ကမ္ဘာပေါ်မှာ များများစားစား မရှိပါဘူး။ ဘာကြောင့်လည်းဆိုတော့ နိုင်ငံရဲ့ ဧရိယာနယ်နိမိတ်က ကျယ်ပြန့်သလို စစ်အင်အားကလည်း ကြီးမားတဲ့ ရုရှားနိုင်ငံရဲ့ စစ်လက်နက်တွေဟာ ခေတ်မီလွန်းတာကြောင့် ဖြစ်ပါတယ်။ ဒီနေ့ ဆောင်းပါးမှာတော့ ရုရှားနိုင်ငံရဲ့ အစွမ်းထက်ဆုံး စစ်လက်နက် (၁၀) မျိုးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ Combat Robots

ရုရှားတို့အနေနဲ့ စက်ရုပ် နဲ့ မောင်းသူမဲ့ ဒရုန်းနည်းပညာတွေကို စမ်းသပ်လာခဲ့တာကတော့ နှစ်ကာလ အတော်လေးကြာမြင့်ပြီ လို့ဆိုနိုင်မှာဖြစ်ပါတယ်။ ဒီစမ်းသပ်မှုတွေထဲက အောင်မြင်မှုတစ်ခုကို ဥပမာ ပြရမယ်ဆိုရင်တော့ Uran-9 Combat Robots ကိုပြသရမှာဖြစ်ပါတယ်။ ဒါက မောင်းသူမဲ့ အဝေးထိန်း စက်ရုပ်တင့်ကားတစ်မျိုးဖြစ်ပြီး သူ့မှာ တင့်ကားဖျက် ဒုံးကျည်၊ လေယာဉ်ပစ်ဒုံးကျည်တွေပါဝင်ပါတယ်။ shwekhitonlinetv.com

ဒါတင်မကသေးပါဘူး စက်သေနတ်တစ်လက်နဲ့ (၃၀) မီလီမီတာ အမြောက်တစ်လက်လဲ ပါပါတယ်။ နောက်ပြီး စစ်မြေပြင်မှာ ဒဏ်ရာရနေတဲ့ စစ်သားတွေ၊ ပိတ်မိနေတဲ့စစ်သားတွေကို လည်း သူ့ရဲ့ကိုယ်ထည်ထဲ ထည့်ပြီး သယ်ဆောင်သွားနိုင်တဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်အဖြစ်လဲ အသုံးပြုနိုင်အောင် ဒီဇိုင်းဆွဲထားပါတယ်။ shwekhitonlinetv.com

၉။ SU-30 Family

ရှု-သာတိ ဖမ်မီလီ (Su-30 Family) မှာတော့ Su-27 , Su-30 , Su-34 , Su-35 စတဲ့ တိုက်လေယာဉ် အမျိုးအစားတွေပါဝင်လို့နေပါတယ်။ နာမည်ကျော် စစ်ဘက်ဆိုင်ရာလေယာဉ်တွေထုတ်လုပ်တဲ့ ရှုခွေး (Sukhoi) ကုမ္ပဏီကထုတ်လုပ်ထားတဲ့ ဒီတိုက်လေယာဉ်တွေက ရုရှား လေတပ်ရဲ့ ပင်မကျောရိုးဖြစ်ပြီးတော့ အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ စစ်ဘက်သုံးလေယာဉ်တွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီလေယာဉ်တွေမှာ တာဝေးပစ် ဒုံးကျည်တွေတပ်ဆင်ထားပြီး၊ ဗုံးကြဲဖို့အတွက်လည်း (၁၂) တန်လောက်အထိ အလေးချိန်ကို သယ်ဆောင်နိုင်ပါတယ်။ shwekhitonlinetv.com

၈။ T-14 Armata

တီဖော်တင်းမ် အာမာတာ (T-14 Armata) ကတော့ ၂၀၁၄ ခုနှစ်မှာ အများပြည်သူရှေ့ထုတ်ဖော် ပြသခဲ့တဲ့ ရုရှားတို့ရဲ့ စစ်ဘက်ဆိုင်ရာ သံချပ်ကာတင့်ကားဖြစ်ပါတယ်။ မြေမြုပ်မိုင်းဒဏ်ကိုခံနိုင်ပြီး တင့်ကားရဲ့ ကိုယ်ထည်မှာလည်း အလိုလျောက် အာရုံခံစနစ်တွေ ပါရှိပါတယ်။ shwekhitonlinetv.com

ဒီအာရုံခံစနစ်တွေက ပြင်ပကနေလာရောက် ထိမှန်မယ့် ဒုံးကျည်လိုအရာမျိုးကို အလိုလျောက်တုံ့ပြန်ဖျက်ဆီးပစ်မှာပဲ ဖြစ်ပါတယ်။ နောက်ပြီး တင့်ကားရဲ့ အပြင်ဘက်ကို ထိမှန်ပေါက်ကွဲမှု တစ်စုံတစ်ရာဖြစ်ပေါ်လာခဲ့ရင်လည်း အထဲက လူကိုမထိခိုက်အောင် ဒီဇိုင်းရေးဆွဲ တည်ဆောက်ထားတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၇။ Anti-Satellite Missile

ဒါကတော့ အမေရိကန်တို့ရဲ့ ဂြိုဟ်တုတွေကို ပစ်ချဖို့ အတွက်ဖန်တီးထားတဲ့ ဒုံးကျည်စနစ်ပဲ ဖြစ်ပါတယ်။ အမေရိကန်တို့ရဲ့ ဂြိုဟ်တု ဆက်သွယ်ရေးစနစ်တွေ၊ GPS စနစ်တွေကို ဒီ ဒုံးကျည်တွေနဲ့ ပစ်ချဖျက်ဆီးဖို့ ရည်ရွယ်ပြီး ဖန်တီးထားတာဆိုရင်လည်းမမှားပါဘူး။ ဒီဒုံးကျည်တွေဟာ ကမ္ဘာ့လေထုကို ဖြတ်ကျော်ပြီး ကမ္ဘာဂြိုဟ်ရဲ့ ပတ်ပတ်လည်မှာရှိတဲ့ ပစ်မှတ်တွေကို ကောင်းစွာဖျက်ဆီးနိုင်စွမ်းရှိပါတယ်။ shwekhitonlinetv.com

၆။ SU-57

ရုရှား အခြေစိုက် ရှုခွေး (Sukhoi) ကုမ္ပဏီကနေပဲထုတ်လုပ်ထားတဲ့ ကိုယ်ပျောက်တိုက်လေယာဉ် အမျိုးအစားပဲဖြစ်ပါတယ်။ ရန်သူတိုက်လေယာဉ်တွေကို ပစ်ခတ်ဖြိုခွင်းဖို့ အဓိကဒီဇိုင်းဆွဲထားပြီး မြေပြင်က ပစ်မှတ်တွေကို လည်းကောင်းကောင်းပစ်ခတ်ချေမှုန်း နိုင်စွမ်းရှိပါတယ်။ shwekhitonlinetv.com

သူ့ရဲ့ အဓိကအားသာချက်က ရန်သူရဲ့ ရေဒါတွေမှာ ခြေရာခံလို့မရတဲ့ ကိုယ်ပျောက်စနစ်ပါရှိနေတာဖြစ်ပြီး လောင်စာဆီကုန်ကျမှုသက်သာတဲ့ အင်ဂျင်တွေကို အသုံးပြုထားတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Hypersonic Missiles

ရုရှားတွေကတော့ ဒီဒုံးကျည်ကို ဇာကွန် (Zircon) လို့နာမည်ပေးထားပါတယ်။ အသံထက် (၉) ဆမြန်တဲ့ နှုန်းနဲ့ ပစ်လွှွှတ်နိုင်တဲ့ ဒုံးကျည်တွေဖြစ်တာကြောင့် ခြေရာခံဖို့နဲ့ ဖျက်ဆီးဖို့ အလွန်ခဲယဉ်းတဲ့ ဒုံးကျည်တွေဖြစ်ပါတယ်။ shwekhitonlinetv.com

အမေရိကန်တို့ရဲ့ နူကလီးယား ထိပ်ဖူးတပ်ဒုံးကျည်တွေကို ကြားဖျက်ပြီး ဖျက်ဆီးနိုင်စွမ်းရှိသလို သူတို့ကိုယ်တိုင်လည်း နူကလီးယားသယ်ဆောင်နိုင်တဲ့ ဒုံးကျည်တွေဖြစ်ပါတယ်။ ရုရှားတွေ အနေနဲ့ ဒီဒုံးကျည်တွေကို စစ်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေမှာပါ တပ်ဆင်အသုံးပြုဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Stealth Bomber

ရုရှားဟာ ကမ္ဘာပေါ်မှာ အမေရိကန်ပြီးရင် တာဝေးပစ် ဗျူဟာမြောက်ဗုံးကျဲ လေယာဉ်တွေကိုပိုင်ဆိုင်တဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်ပါတယ်။ ဒီ ဗုံးကျဲလေယာဉ်တွေဟာလည်း ကိုယ်ပျောက်လေယာဉ်အမျိုးအစားတွေဖြစ်ပြီး အကွာအဝေး ၁၀၀၀ ကီလိုမီတာလောက်ကို ပစ်လွှတ်နိုင်တဲ့ KH-32 ဒုံးကျည်လိုမျိုး Supersonic ဒုံးကျည်တွေကို သယ်ဆောင်နိုင်ပါတယ်။ shwekhitonlinetv.com

ဒါ့အပြင် အကွာအဝေး မိုင်ပေါင်း (၇၅၀၀) လောက်ကို ပစ်လွှတ်နိုင်တဲ့ ပဲ့ထိန်းစနစ်ပါရှိပြီး အလေးချိန်တန် (၃၀) လောက်ကိုလည်း သယ်ဆောင်ပျံသန်း နိုင်စွမ်းရှိပါတယ်။ shwekhitonlinetv.com

၃။ ICMBs – Yars

ICMB ဆိုတာကတော့ စစ်အေးခေတ်တုန်းက အသုံးပြုခဲ့တဲ့ Yars (ယားစ်) လို့ ခေါ်တဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေကို အဆင့်မြှင့်တင်ထားတာဖြစ်ပါတယ်။ (၇၅) ပေရှည်တဲ့ ဒုံးကျည်မှာ ယမ်းတန်ချိန် ကီလိုတန်ပမာဏ ရှိတဲ့ ဒုံးကျည်ထိပ်ဖူးတွေ တပ်ဆင်ထားပြီး အကွာအဝေး မိုင်ပေါင်း (၆၈၀၀) ကနေ (၇၅၀၀) အတွင်း ပစ်လွှတ်နိုင်ပါတယ်။ shwekhitonlinetv.com

အသံထက်အဆ (၂၀) လောက်မြန်တဲ့ နှုန်းနဲ့သွားတာဖြစ်လို့ ခြေရာခံဖို့နဲ့ ဖျက်ဆီးဖို့ ခက်ခဲပြီး အင်မတန်ကြောက်စရာကောင်းတဲ့ ဒုံးကျည်အမျိုးအစားဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Yasen-class submarine

အလေးချိန်တန်ပေါင်း (၁၃၈၀၀) ရှိတဲ့ ဧရာမရေငုပ်သင်္ဘောကြီးတွေဖြစ်ပါတယ်။ အဖျက်စွမ်းအားကြီးလွန်းတဲ့ နူကလီးယားခရုဇ် ဒုံးကျည် (၄၀) လောက်ကိုသယ်ဆောင်နိုင်ပြီး တော်ပီဒို ဒုံးကျည်တပ်ဆင်ထားနိုင်တဲ့ ပြွန် (၁၀) ခုလည်း ပါဝင်ပါတယ်။ shwekhitonlinetv.com

ဒါတင်မကသေးပါဘူး ယာဆန်ကလက်စ် (Yasen Class) မှာ သင်္ဘောဖျက်ဒုံးကျည်တွေကိုလည်း တပ်ဆင်ထားပါတယ်။ အဲ့ဒီ ဒုံးကျည်တွေကိုထိန်းချုပ် ပစ်လွှတ်နိုင်တဲ့အကွာအဝေး ကတော့ အကန့်အသတ်မရှိဘူးလို့ သိရပါတယ်။ shwekhitonlinetv.com

၁။ S-500

S-500 ဆိုတာက မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ်တစ်မျိုးဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ကတည်းက စတင်စမ်းသပ်ခဲ့တာဖြစ်ပြီး လက်ရှိ ၂၀၂၁ ခုနှစ်မှာတော့ အသုံးချဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။ ယခင် S-400 ဒုံးကျည်စနစ်ကို ပြန်လည်ပြင်ဆင်ပြီး အဆင့်မြှင့်တင်ထားတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

တိုက်ချင်းပစ်၊ ဒုံးခွင်း တဲ့နေရာတွေမှာ အသုံးပြုနိုင်ပြီး မြန်နှုန်းက ၁ စက္ကန့်ကို (၃) မိုင်နှုန်းနဲ့ ပစ်လွှတ်နိုင်တဲ့ ဖျက်အားပြင်း ဒုံးကျည်တွေလည်းဖြစ်ပါတယ်။ အသံထက်မြန်နှုန်း (၅) ဆ အထက်မှာရှိတဲ့ Hypersonic ဒုံးကျည်တွေနဲ့ လေယာဉ်တွေကို ဖျက်ဆီးဖို့ ရည်ရွယ်ဖန်တီးထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

အခုလို အချိန်ပေးပြီးဖတ်ရှုခဲ့တဲ့အတွက် ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါတယ်နော် …။ Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ shwekhitonlinetv.com