လူတိုင်း သိထားသင့်တဲ့ ရှေးဟောင်းကမ္ဘာ့အံ့ဖွယ် (၇)ပါး

ရှေးဟောင်းကမ္ဘာ့အံ့ဖွယ် (၇) ခုဆိုတာကတော့ ဒီဘက်ခေတ်နှောင်းလူတွေအနေနဲ့ မူလပကတိအတိုင်း မြင်တွေ့ဖို့မဖြစ်နိုင်တော့တဲ့အရာတွေပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိအချိန်မှာ ဒီအရာတွေထဲက တစ်ခုသာမူလအတိုင်းတည်ရှိနေသေးပြီး ကျန်တဲ့အရာတွေကတော့ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားခဲ့ရပြီဖြစ်ပါတယ်။ ဒါကြောင့် ရှေးခေတ်ကမ္ဘာ့အံ့ဖွယ် (၇) ခုကိုရွှေခေတ်ပရိသတ်တွေ တွေ့မြင်လေ့လာနိုင်ဖို့အတွက် ရေးသားဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com

၁။ ဘေဘီလုံမှ ဥယျာဉ်ပျံ

ဘေဘီလုံမှ ဥယျာဉ်ပျံ (Hanging Gardens of Babylon) လို့လူသိများတဲ့ ဥယျာဉ်ကြီးကတော့ ယနေ့ခေတ် အီရတ်နိင်ငံရဲ့ နေရာမှာတည်ရှိခဲ့တာဖြစ်ပါတယ်။ ဒီဥယျာဉ်ကြီးကို မက်ဆိုပိုတေးမီးယားဒေသရဲ့ ဘုရင်ဖြစ်တဲ့ နီဘူချက်ဒ်နက်ဇာ (၂) (Nebuchadnezzar II) ကဘီစီ (၆၀၀) ဝန်းကျင်လောက်မှာ တည်ဆောက်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ မြို့ရိုးတွေနဲ့နံရံတွေသာကျန်ရှိတော့တဲ့ ဒီဥယျာဉ်ကြီးဟာ တစ်ချိန်က အံ့သြဖွယ်ကောင်းလောက်အောင်လှပခဲ့ပြီး ထူးဆန်းတဲ့ပန်းမန်တွေ၊ မွှေးကြိုင်တဲ့သစ်သီးတွေ၊ လှပပြီးစွဲမက်ဖွယ်ကောင်းတဲ့ ရေတံခွန်တွေနဲ့ ပြည့်နှက်နေခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေ့ဖူးတဲ့ ဂရိသမိုင်းပညာရှင် Strabo နဲ့ Diodorus Siculus တို့ရဲ့မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ shwekhitonlinetv.com

၂။ ဂီဇာမှ ပိရမစ်မဟာကြီး

ဂီဇာမှပိရမစ်မဟာကြီး (Great Pyramid of Giza) ကတော့ ရှေးဟောင်းကမ္ဘာ့အံ့ဖွယ်တွေထဲမှာ ယနေ့တိုင်တည်ရှိနေတဲ့ တစ်ခုတည်းသော အရာဖြစ်ပါတယ်။ ဒီပိရမစ်ကြီးဟာ စတုတ္ထဖာရိုဘုရင် Khufu (Cheops) ရဲ့သင်္ချိုင်းအဖြစ် ဘီစီ (၂၅၆၀) ကတည်းကတည်ရှိခဲ့တာဖြစ်လို့ သက်တမ်းအားဖြင့် နှစ်ပေါင်း (၄၀၀၀) ကျော်ပြီပဲဖြစ်ပါတယ်။ နိုင်းမြစ်ရဲ့အနောက်ဖက်ကမ်းမှာရှိတဲ့ ဒီ ပိရမစ်ကြီးကို ကျောက်တုံးပေါင်း (၂.၃) သန်းနဲ့တည်ဆောက်ခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ဇုစ် နတ်ဘုရားရုပ်တု

ဂရိလူမျိုးတွေရဲ့ ဒဏ္ဍာရီတွေထဲက အစွမ်းကြီးမားလှတဲ့နတ်ဘုရားတစ်ပါးဖြစ်တဲ့ ဇုစ် (Zeus) ကိုဂုဏ်ပြုတဲ့အနေနဲ့ ဒီရုပ်တုကြီးကတော့ ဘီစီ (၄၃၅) လောက်ကတည်ဆောက်ခဲ့တာလို့သိရပါတယ်။ ဂရိနိုင်ငံ အိုလံပီယာအရပ်မှာရှိပြီး ပေ (၄၀) နီးပါးမြင့်မားတဲ့ ဇုစ် နတ်ဘုရားရုပ်တု (Statue of Zeus at Olympia) ကိုတော့ အဖိုးတန်ရွှေတွေ၊ ဆင်စွယ်တွေ နဲ့ ထုလုပ်ထားတာလို့သိရပါတယ်။ နောက်ပိုင်းမှာဒီရုပ်ထုကို ရန်သူဘုရင်တွေက ကွန်စတန်တီနိုပယ် (Constantinople) ကိုသယ်ဆောင်သွားပြီး မီးရှို့ ဖျက်ဆီးခဲ့တယ်လို့မှတ်တမ်းတွေရှိသလို ငလျင်ဒဏ်ကြောင့်ပျက်စီးသွားတယ်လို့လည်း တစ်ချို့မှတ်တမ်းတွေမှာဖော်ပြထားကြပါတယ်။ shwekhitonlinetv.com

၄။ အာတီးမစ်ဘုရားကျောင်း

အာတီးမစ်ဘုရားကျောင်း (Temple of Artemis at Ephesus) ကတော့ ဘီစီ (၃၅၆) လောက်ကတည်ဆောက်ခဲ့တဲ့ဆောက်အဦးတစ်ခုဖြစ်ပါတယ်။ ယခု တူရကီနိုင်ငံ အနောက်ဘက်က ရှေးဟောင်းမြို့တစ်မြို့ဖြစ်တဲ့ Ephesus မှာရှိခဲ့တဲ့ ဒီအဆောက်အဦးကိုတော့ အမဲလိုက်ဝါသနာပါတဲ့ နတ်ဘုရားမ အာတီးမစ် (Artemis) ကိုဂုဏ်ပြုတဲ့အနေနဲ့ ဂရိတို့က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဆောက်လုပ်ပြီးမကြာခင်မှာပဲ မီးလောင်သွားတာကြောင့် ပြန်လည်တည်ဆောက်ခဲ့ရပါတယ်။ ပြန်လည်တည်ဆောက်ခဲ့တဲ့အဆောက်အဦးဟာ အရှည် (၃၇၇) ပေ အကျယ် (၂၀၀) ပေ ရှိပြီးထူးခြားတဲ့ ခေတ်သစ်ဗိသုကာလက်ရာဖြစ်လို့ သမိုင်းပညာရှင်တွေက ရှေးခေတ်ကမ္ဘာ့ အံ့ဘွယ် တစ်ခုအဖြစ်သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ အေဒီ (၂၆၂) မှာတော့ဒီဆောက်အဦး ကိုမြောက်ပိုင်းဒေသက ဂေါ့တ် (Goths) လူမျိုးတွေကဖျက်ဆီးပစ်ခဲ့ပါတယ်။ ဒီအဆောက်အဦးဟာလည်း အစောဆုံး၊ အထူးခြားဆုံးခေတ်သစ်ဗိသုကာ လက်ရာဖြစ်တာကြောင့်ကမ္ဘာ့အံ့ဖွယ်အဖြစ်သတ်မှတ်ထားကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ မာဘယ်ကျောက်တုံး ဂူဗိမာန်

မာဘယ်ကျောက်တုံး ဂူဗိမာန် (Mausoleum of Halicarnassus) က ဘီစီ (၃၅၃) မှာကွယ်လွန်သွားခဲ့တဲ့ဘုရင် မော်ဆိုလပ်စ် (Mausolus) အတွက်လွမ်းဆွတ်ခြင်း အမှတ်တရအနေနဲ့ ဘုရင်မ အာတီမီဆီးယား (Artemisia) ကတည်ဆောက်ပေးခဲ့တဲ့ ဂူဗိမာန်ဖြစ်ပါတယ်။ အဆောက်အဦးတစ်ခုလုံးကို အဖြူရောင်မာဘယ်ကျောက်တုံးတွေနဲ့ဆောက်လုပ်ခဲ့တာဖြစ်ပြီး ကျောက်ဆစ်၊ ပန်းပုခေတ်ဦးလက်ရာလည်းဖြစ်တာကြောင့် ရှေးခေတ်ကမ္ဘာ့ အံ့ဖွယ်တစ်ခုအဖြစ်သတ်မှတ်ခဲ့ပါတယ်။ အဆောက်အဦးရဲ့ အပေါ်ပိုင်းဟာ ငလျှင်ကြောင့်ပျက်စီးသွားခဲ့ရပြီး တချို့ကိုတော့ အခြားအဆောက်အဦးဆောက်လုပ်ဖို့သယ်ဆောင်သွားကြတာကြောင့် ဒီကနေ့အချိန်မှာတော့ အဆောက်အဦးရဲ့ အုတ်မြစ်ကျောက်သားအပိုင်းအစတချို့သာကျန်ရှိတော့ပါတယ်။ shwekhitonlinetv.com

၆။ ကြေးသွန်း ဟီးလီးယပ်ရုပ်တု

ဂရိတွေဟာ ဘီစီ (၂၈၀) လောက်မှာ နေနတ်ဘုရားဖြစ်တဲ့ ဟီးလီးယပ်ရဲ့ ပုံတူကြေးသွန်းရုပ်တုကြီး (Colossus of Rhodes) ကို ၎င်းတို့အပိုင် ရိုးဒက်(Rhodes) ကျွန်းရဲ့ဆိပ်ကမ်းအဝင်အဝမှာတည်ဆောက်ခဲ့ကြပါတယ်။ ဒီကြေးရုပ်တုကြီးဟာ အမြင့်ပေ (၁၁၀) လောက်ရှိပြီး ကြေးတစ်မျိုးတည်းနဲ့သွန်းလုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ ဘီစီ (၂၂၄) မှာတော့ ငလျှင်ဘေးကြောင့်ပျက်စီးသွားခဲ့ရပါတယ်။ ဒါပေမယ့် ဒီရုပ်တုဟာ ကမ္ဘာ့အစောဆုံး ကြေးသွန်းလက်ရာဖြစ်တာကြောင့် သမိုင်းပညာရှင်တွေက ရှေးခေတ်ကမ္ဘာ့အံ့ဘွယ်တစ်ခုအဖြစ်သတ်မှတ်ထားကြပါတယ်။ shwekhitonlinetv.com

၇။ အလက်ဇန်းဒရီးယား၏ မီးပြတိုက်

ဘီစီ (၂၈၀) အချိန်ကအီဂျစ်ဘုရင် ထော်လမီ (၂) (Ptolemy II) ဟာ အီဂျစ်နိင်ငံပင်လယ်ဆိပ်ကမ်းမြို့ အလက်ဇန်းဒရီးယား (Alexandria) အနီးက ကျွန်းတကျွန်းပေါ်မှာမီးပြတိုက်တစ်ခုကိုတည်ဆောက်ခဲ့ပါတယ်။ Pharos of Alexandria လို့အမည်ပေးထားတဲ့ ဒီမီးပြတိုက်ဟာအမြင့်ပေ (၄၄၀) အထိရှိပြီး ပင်လယ်ထဲမှသင်္ဘောများ မြင်နိုင်ဖို့အတွက် မီးပြတိုက်ရဲ့အမြင့်ဆုံးနေရာကို မီးအမြဲရှို့ထားပါတယ်။ အေဒီ (၉၅၅) ခုနှစ်မှာတော့ ဒီမီးပြတိုက်ဟာမုန်တိုင်းနဲ့ငလျင်ဒဏ်တွေကြောင့် အသုံးပြုလို့မရအောင် ပျက်စီးသွားခဲ့ရပါတယ်။ ကျန်ရှိနေတဲ့အဆောက်အဦးဟာလည်း အေဒီ (၁၄) ရာစုအရောက်မှာ ငလျှင်ဒဏ်ကြောင့်ပဲ အလုံးစုံပျက်စီးသွားခဲ့ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။