ကမ္ဘာ့အကြီးဆုံး ဧရာမငါးလိပ်ကျောက်ကြီးကို ဖမ်းမိခဲ့ခြင်း အကြောင်း

ပြီးခဲ့တဲ့ ဇွန်လ (၁၃) ရက်နေ့က မ္ဘောဒီးယားငါးဖမ်းသမားတစ်ဦးဖမ်းမိခဲ့တဲ့ ဧရာမငါးလိပ်ကျောက် (Giant Stingray) ကြီးဟာ ကမ္ဘာ့အကြီးဆုံးရေချိုငါးကြီးဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေကအတည်ပြု ပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com

ဒီ ငါးလိပ်ကျောက်ကြီးကိုတော့ ကမ္ဘောဒီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Stung Treng ဒေသအနီးက မဲခေါင်မြစ်ထဲမှာဖမ်းမိခဲ့တာဖြစ်ပြီး အရှည် (၁၃) ပေ၊ အလေးချိန် ကီလိုဂရမ် (၃၀၀) လောက်ရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၂၀၀၅ ခုနှစ်တုန်းကလည်း ထိုင်နိုင်ငံပိုင်နက်အတွင်းက မဲခေါင်မြစ်ထဲမှာ ကြီးမားတဲ့ ငါးခူကြီးတစ်ကောင်ကို ဖမ်းမိခဲ့ဖူးပါတယ်။ ဒီငါးခူကြီးဟာ အလေးချိန် (၂၉၃) ကီလိုဂရမ်ရှိပြီး ကမ္ဘာ့အကြီးဆုံးရေချိုငါးအဖြစ် မှတ်တမ်းဝင်ထားတာပါ။ shwekhitonlinetv.com

ဒါပေမယ့် အခုဖမ်းမိတဲ့ ငါးလိပ်ကျောက်ကြီးကတော့ ဒီစံချိန်ကိုကျော်ဖြတ်ပြီး ဖမ်းမိသမျှရေချိုငါးတွေထဲမှာ ကမ္ဘာ့အကြီးဆုံးရေချိုငါးအဖြစ်မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ ဒီငါကြီးကိုတော့ သူ့ရဲ့ ဝိုင်းစက်တဲ့ပုံသဏ္ဍာန်ကြောင့် ကမ္ဘောဒီးယားဘာသာနဲ့ Boramy (Full Moon) လို့ အမည်ပေးခဲ့ကြပါတယ်။ shwekhitonlinetv.com

မဲခေါင်မြစ်ဟာ တရုတ်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်း၊ လာအိုနှင့် မြန်မာ နိုင်ငံတို့ကို ဖြတ်သန်းစီးဆင်းနေတဲ့ မြစ်ဖြစ်ပြီး ဇီဝမျိုးကွဲစုံလင်စွာ ရှင်သန်ကျက်စားနေတဲ့မြစ်တစ်မြစ်လည်းဖြစ်ပါတယ်။ shwekhitonlinetv.com

အခုလက်ရှိအနေအထားအရ ငါးအလွန်အကျွံဖမ်းမှုတွေနဲ့ ရေကာတာတည်ဆောက်ရေး လုပ်ငန်းပရောဂျက်တွေကြောင့် ဒီလိုရှားပါးတဲ့ မျိုးစိတ်တွေအနေနဲ့ မျိုးသုဉ်းမယ့်အရေးနဲ့ ရင်ဆိုင်နေရပြီး စိုးရိမ်စရာအခြေအနေကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။