ထူးဆန်းစွာ ပျောက်ဆုံးနေပြီး နှစ်ပေါင်း (၁၀၇) နှစ် အကြာမှ ပြန်လည် ရှာဖွေတွေ့ရှိခဲ့တဲ့ Sir Ernest Shackleton ရဲ့ Endurance သင်္ဘော

၁၉၁၅ ခုနှစ် နိုဝင်ဘာလ (၂၁) ရက်နေ့မှာ နစ်မြုပ်သွားခဲ့ပြီး ရှာဖွေမရဘဲ ထူးဆန်းစွာပျောက်ဆုံးနေတဲ့ Sir Ernest Shackleton ရဲ့ Endurance သင်္ဘောကိုတော့ ပြီးခဲ့တဲ့ မတ်လ (၉) ရက်နေ့မှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ပါတယ်။ shwekhitonlinetv.com

Sir Ernest Shackleton ဆိုတာကတော့ အင်္ဂလို-အိုင်ယာလန် စူးစမ်းရှာဖွေသူတစ်ဦးဖြစ်ပြီး ဗြိတိန်ရေတပ်မှာလည်း စစ်မှုထမ်းခဲ့ဖူးတဲ့ ဗိုလ်တစ်ဦးဖြစ်ပါတယ်။ ၁၉၁၅ ခုနှစ်မှာတော့ သူ့ရဲ့ Endurance သင်္ဘောကြီးနဲ့အတူ တောင်ပိုင်းသမုဒ္ဒရာဘက်ကို ရွက်လွှင့်ခဲ့ပါတယ်။ shwekhitonlinetv.com

ဒီလိုနဲ့ Weddell ပင်လယ်အရောက်မှာတော့ ရေခဲကျောက်ဆောင်တစ်ခုနဲ့ဝင်တိုက်မိပြီး သင်္ဘောဟာနစ်မြုပ်ခဲ့တာဖြစ်ပါတယ်။ ကံကောင်းတယ်လို့ဆိုရမှာက ဒီဖြစ်ရပ်မှာ Sir Ernest Shackleton အပါအဝင် သင်္ဘောသားတစ်ဦးမှ သေဆုံးခြင်းမရှိခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

နောက်ပိုင်းမှာတော့ Sir Ernest Shackleton အနေနဲ့ သူ့ရဲ့ Endurance သင်္ဘောကြီးကို နစ်မြုပ်ခဲ့တဲ့နေရာမှာ ပြန်လည်ပြီးရှာဖွေဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ထူးဆန်းစွာနဲ့ပဲ သူ့ရဲ့သင်္ဘောဟာ နစ်မြုပ်ခဲ့တဲ့နေရာမှာ မရှိတော့ဘဲ ပျောက်ဆုံးနေခဲ့ပါတယ်။ သူသေဆုံးခဲ့တဲ့ ၁၉၂၂ ခုနှစ်မတိုင်ခင်အထိ ရှာဖွေမှုအချို့ပြုလုပ်ခဲ့ပေမယ့် သင်္ဘောကြီးကိုတော့ ပြန်မတွေ့ခဲ့ပါဘူး။ shwekhitonlinetv.com

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းမှာတော့ Mensun Bound ဦးဆောင်တဲ့အဖွဲ့ဟာ Sir Ernest Shackleton ကွယ်လွန်ခြင်း နှစ် (၁၀၀) ပြည့်အထိမ်းအမှတ်အနေနဲ့ Endurance22 Expedition လို့အမည်ပေးထားတဲ့ စူးစမ်းရှာဖွေမှုတစ်ရပ်ကို ပြုလုပ်ဖို့အတွက် တောင်အာဖရိကရှိ Cape Town ဆိပ်ကမ်းကနေ ထွက်ခွာလာခဲ့ပါတယ်။ shwekhitonlinetv.com

သူတို့ဟာ Weddell ပင်လယ်နဲ့ တောင်ပိုင်းသမုဒ္ဒရာရဲ့နေရာအတော်များများကို ရှာဖွေထောက်လှမ်းမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ တစ်လအကြာမှာတော့ နှစ်ပေါင်း (၁၀၇) နှစ်တိုင်တိုင် ထူးဆန်းစွာ ပျောက်ဆုံးနေခဲ့တဲ့ Endurance သင်္ဘောကြီးကိုပြန်လည်တွေ့ရှိခဲ့ပါတယ်။ shwekhitonlinetv.com

ဒီစူးစမ်းလေ့လာရေးခရီးစဉ်မှာ ပါဝင်တဲ့ သင်္ဘောကပ္ပတိန်ဖြစ်သူ Frank Worsley ဟာ နစ်မြုပ်ခဲ့တယ်လို့ မှတ်တမ်းတင်ထားတဲ့ တည်နေရာရဲ့ တောင်ဘက် လေးမိုင်အကွာ၊ ရေအနက် (၃,၀၀၈) မီတာမှာ တစ်စုံတစ်ခု ရှိနေကြောင်း ပြီးခဲ့တဲ့ စနေနေ့က ရေဒါမှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

အဲ့ဒီနေရာကို ကြိုးစားရှာဖွေရင်းနဲ့နောက်ဆုံးမှာတော့ နှစ်ပေါင်း (၁၀၀) ကျော်က Endurance သင်္ဘောကြီးကိုပြန်လည်တွေ့ရှိခဲ့ရတာလည်းဖြစ်ပါတယ်။ စူးစမ်းရှာဖွေရေးခရီးစဉ်ရဲ့ ဒါရိုက်တာဖြစ်သူကတော့ နှစ်ပေါင်း (၁၀၀) ကျော်တိုင် ရေထဲမှာမပျက်စီးသေးဘဲတည်ရှိနေတဲ့ Endurance သင်္ဘောကြီးဟာ အလွန်ထူးစမ်းပြီး သူမြင်ဖူးသမျှသစ်သား သင်္ဘောပျက်တွေထဲမှာတော့ အကောင်းဆုံးဖြစ်ကြောင်း BBC သတင်းဌာနနဲ့ အင်တာဗျူးမှာပြောကြားသွားခဲ့ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။